Monday 9 September 2013

ဆွစ်ဇာလန်၊ အီတလီနှင့် မွန်တီနီဂရိုးနိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် အလည်အပတ်သွားရောက်

Photo: ဆွစ်ဇာလန်၊ အီတလီနှင့် မွန်တီနီဂရိုးနိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် အလည်အပတ်သွားရောက်

ထိုင်းဝန်ကြီးချုပ် ရင်လပ်သည် ဆွစ်ဇာလန်၊ အီတလီ၊ ဗာတီကန် စီးတီးနှင့်  မွန်တီနီဂရိုး နိုင်ငံများသို့ စက်တင်ဘာ ၈ ရက်မှ ၁၅ ရက်အထိ အလည်အပတ် သွားရောက်ရန် စက် တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှ ထွက်ခွာသွားကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ရင်လပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီးချုပ် ကီတီ ရတ်နာရာနွန်၊ နိုင်ငံခြားရေး ဝန်ကြီး ဆူရာပွန် တိုဗီ ချတ်ချိုင်ကူလ်၊  ပို့ဆောင်ရေး ဝန်ကြီး ချာ့ဒ်ချတ်ဆူတီပန့်၊ စက်မှုဝန်ကြီး ပရာ ဆတ်ဘွန်ချိုင်ဆွတ်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ပီရာပန်ပါလူဆွတ်၊ မီဒီယာနှင့် အခြားသော ပုဂ္ဂလိက လုပ်ငန်းရှင်များ လိုက်ပါသွားကြောင်း သိရသည်။

ရင်လပ်သည် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိစဉ် (၂၄) ကြိမ်မြောက် ကုလသမဂ္ဂ  လူ့အခွင့်အရေး ကောင်စီအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အီတလီ၊ ဗာတီကန် စီးတီးနှင့် မွန်တီနီဂရိုးနိုင်ငံသို့  ဆက်လက် အလည်အပတ် သွားရောက်မည်ဖြစ် သည်။ ရင်လပ်အနေဖြင့် မွန်တီနီဂရိုး နိုင်ငံသို့ အလည်အပတ် သွားရောက်ရန် စီစဉ်မှုသည် အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် ဟောင်းသက်ဆင်၏ အငြင်းပွားဖွယ် အကျိုးစီးပွားနှင့် ပတ်သက် နေသည်ဟု အတိုက်အခံများ၏ စွပ်စွဲပြောကြားနေမှု များအား ၎င်းက ငြင်းဆိုခဲ့ကြောင်း သိရ သည်။

ရင်လပ် အလည်အပတ်သွားရောက်စဉ် ခေတ္တဝန်ကြီးချုပ် တာဝန်အား ဒုတိယ ဝန်ကြီးချုပ် ပရာချာ ပရွန်နော့က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။  

http://www.myawady.net.mm/allnews/global/item/24779-2013-09-09-09-40-47
ထိုင်းဝန်ကြီးချုပ် ရင်လပ်သည် ဆွစ်ဇာလန်၊ အီတလီ၊ ဗာတီကန် စီးတီးနှင့် မွန်တီနီဂရိုး နိုင်ငံများသို့ စက်တင်ဘာ ၈ ရက်မှ ၁၅ ရက်အထိ အလည်အပတ် သွားရောက်ရန် စက် တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံမှ ထွက်ခွာသွားကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ရင်လပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီးချုပ် ကီတီ ရတ်နာရာနွန်၊ နိုင်ငံခြားရေး ဝန်ကြီး ဆူရာပွန် တိုဗီ ချတ်ချိုင်ကူလ်၊ ပို့ဆောင်ရေးဝန်ကြီး ချာ့ဒ်ချတ်ဆူတီပန့်၊ စက်မှုဝန်ကြီး ပရာ ဆတ်ဘွန်ချိုင်ဆွတ်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ပီရာပန်ပါလူဆွတ်၊ မီဒီယာနှင့် အခြားသော ပုဂ္ဂလိက လုပ်ငန်းရှင်များ လိုက်ပါ သွားကြောင်း သိရသည်။

ရင်လပ်သည် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိစဉ် (၂၄) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အီတလီ၊ ဗာတီကန် စီးတီးနှင့် မွန်တီနီဂရိုးနိုင်ငံသို့ ဆက်လက် အလည်အပတ် သွားရောက်မည်ဖြစ်သည်။ ရင်လပ်အနေဖြင့် မွန်တီနီဂရိုး နိုင်ငံသို့ အလည် အပတ် သွားရောက်ရန် စီစဉ်မှုသည် အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် ဟောင်းသက်ဆင်၏ အငြင်းပွားဖွယ် အကျိုး စီးပွားနှင့် ပတ်သက် နေသည်ဟု အတိုက်အခံများ၏ စွပ်စွဲပြောကြားနေမှုများအား ၎င်းက ငြင်းဆို ခဲ့ကြောင်း သိရသည်။

ရင်လပ် အလည်အပတ်သွားရောက်စဉ် ခေတ္တဝန်ကြီးချုပ် တာဝန်အား ဒုတိယ ဝန်ကြီးချုပ် ပရာချာ ပရွန်နော့ က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment