Monday 9 September 2013

ဆီးရီးယားအရေးနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ၏ သဘောထား လာမည့် ရက်သတ္တပတ် အကုန်တွင် ချမှတ်မည်

Photo: ဆီးရီးယားအရေးနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ၏ သဘောထား လာမည့် ရက်သတ္တပတ် အကုန်တွင် ချမှတ်မည်

ဆီးရီးယားအစိုးရ၏ ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခဲ့ဖွယ် ရှိမှုအပေါ် ပြင်သစ်နိုင်ငံက   မည်သို့ အရေးယူ ဆောင်ရွက်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို လာမည့် ရက်သတ္တပတ်အကုန်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ ဟော်လန်ဒ်က စက်တင်ဘာလ ၇ ရက်က ထုတ်ဖော် ပြောကြားခဲ့သည်။

အမေရိကန် လွှတ်တော်အနေဖြင့် ဆီးရီးယားနိုင်ငံအပေါ် စစ်ရေးအရ အရေးယူ တိုက်ခိုက်မှု ပြုလုပ်ရေး မဲခွဲဆုံး ဖြတ်မှုကို နောက်အကျဆုံး အနေဖြင့် စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ် သွားဖွယ်ရှိပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဓာတုလက်နက်ဖြင့် အသုံးပြု တိုက်ခိုက် ခဲ့မှုနှင့် ပတ်သက်သည့် အပြီးသတ် စစ်ဆေးတွေ့ရှိချက်များကို လာမည့် ရက်သတ္တပတ် အကုန်တွင် ထုတ်ပြန် ကြေညာသွားဖွယ်ရှိသည်ဟု မျှော်မှန်းထားကြောင်း၊ ထိုသို့ ကြေညာပြီးနောက် တွင် အရေးယူ ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်သွားမည် ဖြစ်ကြောင်း ပြင်သစ် သမ္မတ ဟော်လန်ဒ်က ပြောကြားခဲ့သည်ဟု သိရသည်။ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၂၈ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများကလည်း ဆီးရီးယား အစိုးရအဖွဲ့၏ ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့မှုအပေါ် ပြတ်ပြတ်သားသား  တုံ့ပြန် ဆောင်ရွက်သွားရေးကို ထောက်ခံကြောင်းနှင့် သက်သေအထောက်အထားများ ခိုင်ခိုင်လုံလုံ ရရှိရေးအတွက် သတင်းအရင်းအမြစ်များ စုစည်း လုပ် ဆောင်သွားရန်လည်း သဘောတူညီခဲ့ ကြကြောင်း စက်တင်ဘာ ၇ ရက်က လစ်သူရေးနီးယားနိုင်ငံ၌ ပြုလုပ်သည့် ဆွေးနွေးပွဲ အပြီးတွင် ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။    

http://www.myawady.net.mm/allnews/global/item/24776-2013-09-09-09-35-40
ဆီးရီးယားအစိုးရ၏ ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခဲ့ဖွယ် ရှိမှုအပေါ် ပြင်သစ်နိုင်ငံက မည်သို့ အရေး ယူ ဆောင်ရွက်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို လာမည့် ရက်သတ္တပတ်အကုန်တွင် ထုတ်ပြန်ကြေညာ မည် ဖြစ်ကြောင်း ပြင်သစ် သမ္မတ ဟော်လန်ဒ်က စက်တင်ဘာလ ၇ ရက်က ထုတ်ဖော် ပြောကြားခဲ့သည်။
အမေရိကန် လွှတ်တော်အနေဖြင့် ဆီးရီးယားနိုင်ငံအပေါ် စစ်ရေးအရ အရေးယူ တိုက်ခိုက်မှု ပြုလုပ်ရေး မဲခွဲဆုံး ဖြတ်မှုကို နောက်အကျဆုံး အနေဖြင့် စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ် သွားဖွယ်ရှိပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဓာတုလက်နက်ဖြင့် အသုံးပြု တိုက်ခိုက် ခဲ့မှုနှင့် ပတ်သက်သည့် အပြီးသတ် စစ်ဆေးတွေ့ရှိချက်များကို လာမည့် ရက်သတ္တပတ်အကုန်တွင် ထုတ်ပြန် ကြေညာသွားဖွယ်ရှိသည် ဟု မျှော် မှန်း ထားကြောင်း၊ ထိုသို့ ကြေညာပြီးနောက် တွင် အရေးယူ ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်သွား မည် ဖြစ်ကြောင်း ပြင်သစ် သမ္မတ ဟော်လန်ဒ်က ပြောကြားခဲ့ သည်ဟု သိရသည်။ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် ၂၈ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများကလည်း ဆီးရီးယား အစိုးရအဖွဲ့၏ ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့မှု အပေါ် ပြတ်ပြတ် သားသား တုံ့ပြန် ဆောင်ရွက် သွားရေး ကို ထောက်ခံကြောင်းနှင့် သက်သေအထောက်အထားများ ခိုင်ခိုင်လုံလုံ ရရှိရေးအတွက် သတင်းအရင်းအမြစ်များ စုစည်း လုပ် ဆောင်သွားရန်လည်း သဘောတူညီခဲ့ ကြကြောင်း စက်တင်ဘာ ၇ ရက်က လစ်သူရေးနီးယားနိုင်ငံ ၌ ပြုလုပ် သည့် ဆွေးနွေးပွဲ အပြီးတွင် ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment