Monday 9 September 2013

အိန္ဒိယနှင့် ပြင်သစ်Shakti-2013 ပူးတွဲစစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်

Photo: အိန္ဒိယနှင့် ပြင်သစ်Shakti-2013 ပူးတွဲစစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်

အိန္ဒိယနှင့်ပြင်သစ် နှစ်နိုင်ငံ စစ်ဘက်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် ကြိုးပမ်း အားထုတ်မှုအဖြစ် Shakti-2013 အမည်ရှိ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်ခန်း တစ်ရပ်ကို စက်တင်ဘာ ၉ ရက်မှ ၂ဝ ရက်ထိ ပြင်သစ်နိုင်ငံ French Alps ဒေသရှိ Grenoble မြို့တွင်   ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် နှစ်နိုင်ငံအကြား ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန်အတွက် ဒုတိယအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးလေ့ကျင့်ခန်း အတွင်း အိန္ဒိယနိုင်ငံ Jaipur အခြေစိုက် အနောက် တောင်ပိုင်းကွပ်ကဲမှု ဌာနချုပ်၊ Kumaon တပ်ရင်းကြီးမှ အမှတ် (၅) တပ်ရင်းနှင့် ပြင်သစ်စစ်ဘက်မှ အမှတ်(၂၇) တောင်ပေါ် စစ်ဆင်ရေး တပ်မဟာရှိ တပ်ဖွဲ့များ အပါအဝင် နှစ်နိုင်ငံမှ တပ်ဖွဲ့ဝင်ပေါင်း ၆ဝ ခန့် ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းစစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံအကြား ကုလသမဂ္ဂပဋိညာဉ် စာတမ်းအရ ကမ္ဘာလုံး ဆိုင်ရာ အကြမ်းဖက် နှိမ်နင်းရေးများကို အလေးထား ဆောင်ရွက်သွား မည် ဖြစ်ပြီး  မြင့်မား သော တောင်ပေါ်ဒေသများတွင် တပ်စုအဆင့် တန်ပြန်သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင် ရေးများ ပူးတွဲလေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းစစ်ရေး လေ့ကျင့်ခန်းကို နှစ်နိုင်ငံ စစ်ဘက်များအကြား လုပ်ထုံး လုပ်နည်းဆိုင်ရာ အသိပညာများ တိုးတက်စေရန်၊ ကဏ္ဍစုံမှ ခြိမ်းခြောက်လာနိုင်မှုကို အကောင်းဆုံး တုံ့ပြန်နိုင် စေရန်နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်များ တိုးမြှင့်ရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ 

http://www.myawady.net.mm/allnews/global/item/24780-2013-09-09-09-42-19
အိန္ဒိယနှင့်ပြင်သစ် နှစ်နိုင်ငံ စစ်ဘက်များအကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် ကြိုးပမ်း အားထုတ်မှု အဖြစ် Shakti-2013 အမည်ရှိ နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်ခန်း တစ်ရပ်ကို စက်တင်ဘာ ၉ ရက်မှ ၂ဝ ရက်ထိ ပြင်သစ်နိုင်ငံ French Alps ဒေသရှိ Grenoble မြို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်ခန်းသည် နှစ်နိုင်ငံအကြား ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန်အတွက် ဒုတိယအကြိမ် ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး စစ်ရေးလေ့ကျင့်ခန်းအတွင်း အိန္ဒိယနိုင်ငံ Jaipur အခြေစိုက် အနောက် တောင်ပိုင်းကွပ်ကဲမှု ဌာနချုပ်၊ Kumaon တပ်ရင်းကြီးမှ အမှတ် (၅) တပ်ရင်းနှင့် ပြင်သစ်စစ်ဘက်မှ အမှတ်(၂၇) တောင်ပေါ် စစ်ဆင်ရေး တပ်မဟာရှိ တပ်ဖွဲ့များ အပါ အဝင် နှစ်နိုင်ငံမှ တပ်ဖွဲ့ဝင်ပေါင်း ၆ဝ ခန့် ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းစစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံအကြား ကုလသမဂ္ဂပဋိညာဉ် စာတမ်းအရ ကမ္ဘာလုံး ဆိုင်ရာ အကြမ်းဖက် နှိမ်နင်းရေးများကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပြီး မြင့်မား သော တောင်ပေါ်ဒေသ များတွင် တပ်စုအဆင့် တန်ပြန်သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင်ရေးများ ပူးတွဲလေ့ကျင့်သွား မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းစစ်ရေး လေ့ကျင့်ခန်းကို နှစ်နိုင်ငံ စစ်ဘက်များအကြား လုပ်ထုံး လုပ်နည်းဆိုင်ရာ အသိပညာ များ တိုးတက်စေရန်၊ ကဏ္ဍစုံမှ ခြိမ်းခြောက်လာနိုင်မှုကို အကောင်းဆုံး တုံ့ပြန်နိုင် စေရန်နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်များ တိုးမြှင့်ရန် ရည်ရွယ် ပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment