Monday 9 September 2013

နေပြည်တော် ဈေးကွက်အတွင်း အရည်အသွေးမြင့် ဆိုလာဘုတ်များ ဝင်ရောက်

Photo: နေပြည်တော် ဈေးကွက်အတွင်း အရည်အသွေးမြင့် ဆိုလာဘုတ်များ ဝင်ရောက်

နေပြည်တော် ဈေးကွက်အတွင်းသို့ ယခုတစ်ပတ်အတွင်း နေအလင်းရောင်သုံး တရုတ်နှင့် အိန္ဒိယနိုင်ငံထုတ် နည်းပညာမြင့် ဆိုလာပြားများ ပိုမိုဝင်ရောက်လျက် ရှိရာ မြို့ပေါ်နေ ပြည်သူများထက် လျှပ်စစ်မီး ရရှိရန်ခက်ခဲသော တောင်ပေါ်ဒေသနှင့် ကျေးလက်နေ ပြည်သူများ အထူးစိတ်ဝင်စား အသုံးပြုလာကြကြောင်း ပျဉ်းမနားမြို့ မင်္ဂလာ(၈) လမ်းထောင့် ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်မှ ကိုမင်းဇော်ဦးက ပြောကြားသည်။

အဆိုပါ တရုတ်နိုင်ငံလုပ် ဆိုလာပြားများမှာ နေရောင်ခြည် ကောင်းမွန်စွာ ရရှိမှသာ သုံးစွဲမှု အဆင်ပြေနိုင်ပြီး အိန္ဒိယမှ ဝင်ရောက်လာသော နည်းပညာမြင့် ဆိုလာပြားများသည် အလင်းရောင် ရရှိရုံဖြင့် သုံးစွဲမှု အဆင်ပြေနိုင်မည်ဖြစ် သည်။ နေ့ဘက် အလင်းရောင်ကို အသုံးပြု၍ ဆိုလာပြားနှင့် အင်ဗာတာတို့မှ တစ်ဆင့် ဘက်ထရီအိုး အတွင်း  လျှပ်စစ်အား သိုလှောင်ထားရှိကာ ညဘက်တွင် အင်ဗာတာမှတစ်ဆင့်   မိမိအသုံးပြုလိုရာ လျှပ်စစ် ပစ္စည်းများ အသုံးပြုနိုင်သည်။

ယခုလက်ရှိ ဆိုလာဘုတ် အသေးဆုံး ၂ဝ ဝပ်မှ အကြီးဆုံး ၃ဝဝ ဝပ်အထိ ဝင်ရောက်လျက် ရှိသည်။ မိမိအသုံးပြုသော လျှပ်စစ်ပစ္စည်းပေါ် မူတည်၍ ဆိုလာဘုတ်၊ အင်ဗာတာနှင့် ဘက်ထရီတို့ ကွဲပြားနိုင်သည်။ ဆိုလာဘုတ် ၂ဝ ဝပ် တစ်ပြားလျှင် ငွေကျပ် ၁ သောင်းခွဲမှ ၃ဝဝ ဝပ် တစ်ပြားလျှင် ငွေကျပ် ၁ သိန်း ၈ သောင်း ဝန်းကျင်အထိ ပေးရသည်။ ဘုတ် ၁၃ဝဝပ်၊ ဘက်ထရီ ၁ဝဝ အမ်ဘီယာ၊ ၃ဝဝဝပ် အင်ဗာတာတို့ ပေါင်းစပ် အသုံးပြုပါက မီးပူထိုးနိုင်သည် အထိ စွမ်းဆောင်နိုင်ပြီး စုစုပေါင်း ငွေကျပ် ၂ သိန်းဝန်းကျင်သာ ကုန်ကျ၍ အာမခံသက်တမ်း၂၅ နှစ်ပါရှိသည့် အတွက် တောင်ပေါ်ဒေသနှင့် ကျေးလက်နေ ပြည်သူများ စိတ်ဝင်တစား လေ့လာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ 

http://www.myawady.net.mm/allnews/local/item/24770-2013-09-09-09-13-23
နေပြည်တော် ဈေးကွက်အတွင်းသို့ ယခုတစ်ပတ်အတွင်း နေအလင်းရောင်သုံး တရုတ်နှင့် အိန္ဒိယနိုင်ငံ ထုတ် နည်းပညာမြင့် ဆိုလာပြားများ ပိုမို ဝင်ရောက်လျက် ရှိရာ မြို့ပေါ်နေ ပြည်သူများထက် လျှပ်စစ်မီး ရရှိရန်ခက်ခဲသော တောင်ပေါ်ဒေသနှင့် ကျေးလက်နေ ပြည်သူများ အထူးစိတ်ဝင်စား အသုံးပြု လာကြကြောင်း ပျဉ်းမနားမြို့ မင်္ဂလာ(၈) လမ်းထောင့် ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်မှ ကိုမင်းဇော်ဦး က ပြောကြားသည်။
အဆိုပါ တရုတ်နိုင်ငံလုပ် ဆိုလာပြားများမှာ နေရောင်ခြည် ကောင်းမွန်စွာ ရရှိမှသာ သုံးစွဲမှု အဆင်ပြေနိုင် ပြီး အိန္ဒိယမှ ဝင်ရောက်လာသော နည်းပညာမြင့် ဆိုလာပြားများသည် အလင်းရောင် ရရှိရုံဖြင့် သုံးစွဲမှု အဆင်ပြေနိုင်မည်ဖြစ် သည်။ နေ့ဘက်အလင်းရောင်ကို အသုံးပြု၍ ဆိုလာပြားနှင့် အင်ဗာတာ တို့မှ တစ်ဆင့် ဘက်ထရီအိုးအတွင်း လျှပ်စစ်အား သိုလှောင်ထားရှိကာ ညဘက်တွင် အင်ဗာတာမှတစ်ဆင့် မိမိအသုံးပြုလိုရာ လျှပ်စစ် ပစ္စည်းများ အသုံးပြုနိုင်သည်။

ယခုလက်ရှိ ဆိုလာဘုတ် အသေးဆုံး ၂ဝ ဝပ်မှ အကြီးဆုံး ၃ဝဝ ဝပ်အထိ ဝင်ရောက်လျက် ရှိသည်။ မိမိ အသုံးပြုသော လျှပ်စစ်ပစ္စည်းပေါ် မူတည်၍ ဆိုလာဘုတ်၊ အင်ဗာတာနှင့် ဘက်ထရီတို့ ကွဲပြားနိုင်သည်။ ဆိုလာဘုတ် ၂ဝ ဝပ် တစ်ပြားလျှင် ငွေကျပ် ၁ သောင်းခွဲမှ ၃ဝဝ ဝပ် တစ်ပြားလျှင် ငွေကျပ် ၁ သိန်း ၈ သောင်း ဝန်းကျင်အထိ ပေးရသည်။ ဘုတ် ၁၃ဝဝပ်၊ ဘက်ထရီ ၁ဝဝ အမ်ဘီယာ၊ ၃ဝဝဝပ် အင်ဗာတာတို့ ပေါင်းစပ် အသုံးပြုပါက မီးပူထိုးနိုင်သည် အထိ စွမ်းဆောင်နိုင်ပြီး စုစုပေါင်း ငွေကျပ် ၂ သိန်းဝန်းကျင်သာ ကုန်ကျ၍ အာမခံသက်တမ်း၂၅ နှစ်ပါရှိသည့် အတွက် တောင်ပေါ်ဒေ သနှင့် ကျေး လက်နေ ပြည် သူ များ စိတ်ဝင်တစား လေ့လာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment