Monday 9 September 2013

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ တိုင်းရင်းသားဆွေးနွေး

Photo: အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD နဲ့ တိုင်းရင်းသားဆွေးနွေး
Monday, September 9, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေးနဲ့ ပတ်သတ်ပြီး
တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုကို အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ပါတီရုံးမှာ စက်တင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့တယ်လို့သိရ
ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ တိုင်း၇င်းသားပါတီ ၁၃ ပါတီကို NLD က ဖိတ်ကြားခဲ့ပေမယ့် မွန်ဒီမိုကရေစီပါတီ ရခိုင်ဒီမိုကရေစီပါတီ ၊ ကယန်း
အမျိုးသားတိုးတက်ရေးပါတီ၊ ချင်းတိုင်းရင်း သားတိုးတက်ရေးပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊တိုင်းရင်းသား 
၆ ပါတီသာ တက်ရောက် ဆွေးနွေးခဲ့ပြီး ကျန်တဲ့ ပါတီတွေ တက်ရောက်ခြင်း မရှိ ဘူးလို့ သိရပါတယ်။

၂၀၀၈ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး နဲ့ပတ်သတ်ပြီး တိုင်ပင်ဆွးနွေးဖို့ ဖိတ်ခေါ်တာ အခုအကြိမ်က ပထမဦးဆုံး အကြိမ် ဖြစ်တယ်လို့သိရပါတယ်။

တိုင်းရင်းသားပါတီများနဲ့ တွေ့ဆုံမှုနဲ့ပတ်သတ်ပြီး NLD ပါတီမှ ဦးဖြိုးဇေယျာ်သော်က အခုလိုပြောပါတယ်။

“အခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုတဲကအချက်နဲ့ လွှတ်တော်ထဲကို၊ 
ရွေးကောက်င်္ပဲကို ၀င်ခဲ့ကြတာ၊ ပါတီကို လည်းပြန်မှတ်ပုံတင်ခဲ့ကြတာပါ။
 ပြင်ဖို့အတွက် ဆိုတဲ့နေရာမှာတော့ ဘာမှ ဝေေ၀၀ါးဝါးဖြစ်စရာ အကြောင်း မ၇ှိဘူး ပေါ့။ ဒါပေမယ့် ဒီနေ့ကတော့ ဘာတွေကို ဘယ်လိုပြင်မလဲဆိုတဲ့ 
ဆွေးနွေးမှုမျိုးတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်
ကတော့ ဘာတွေကိုလိုလားတယ်။ ဘာတွေကိုတောင့်တတယ်။ အဲ့ဒါတွေကို ရှေ့ဆက်ပြီးတော့  ပုံမှန်ဘယ်လိုမျိုးတွေ့ပြီး ကြမလဲ ဒီလောက်ကိုပဲ အဓိကထားပြိးဆွေးနွေးဖြစ်ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မည်ဆို၇င်၊ တိုင်းရင်းသားတွေ
လိုလားတဲ့ ဖယ်ဒရယ် အခြေခံတွေ နဲ့ ကိုက်ညီမှာမဟုတ်ကြောင်း ၊ 
ပြန်လည်ပြင်ဆင်မည့် အစား အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း နဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပစေလိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် က ဦးအေးသာအောင်က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေကော်မတီကို စက်တင်ဘာလ ၆ရက်နေ့က 
ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ၊ ဒီကော်မတီမှာ  ဦးကိုနီ၊ ဦးကျော်ဟိုးစတဲ့ ဥပဒေပညာရှင် ၇ ဦးပါဝင်ဖွဲ့စည်းထား ပါတယ်။

NLD ပါတီအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် ၂ လ အချိန် အတွင်း  စနေနေ့တိုင်း တိုင်းရင်းသားပါတီတွေနဲ့တွေ့ဆုံဆွေးနွေးမှု ကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို နိုဝင်ဘာလ လွှတ်တော်အစည်းအဝေးမှာ တင်သွင်း သွားမှာဖြစ်တယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် ဆုဝေက သတင်းပေးပို့ထားပါတယ်။

ABC
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေးနဲ့ ပတ်သတ်ပြီး တိုင်းရင်းသား ပါတီတွေ နဲ့ တွေ့ဆုံဆွေးနွေးမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးမှာ စက်တင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့ တယ်လို့သိရပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ဖို့ တိုင်း၇င်းသားပါတီ ၁၃ ပါတီကို NLD က ဖိတ်ကြားခဲ့ပေမယ့် မွန်ဒီမိုကရေစီပါတီ ရခိုင်ဒီမိုကရေစီပါတီ ၊ ကယန်းအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းတိုင်းရင်းသား တိုးတက်ရေး ပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား ၆ ပါတီ သာ တက်ရောက် ဆွေးနွေးခဲ့ပြီး ကျန်တဲ့ ပါတီတွေ တက်ရောက်ခြင်း မရှိ ဘူးလို့ သိရပါတယ်။

၂၀၀၈ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး နဲ့ပတ်သတ်ပြီး တိုင်ပင်ဆွးနွေးဖို့ ဖိတ်ခေါ်တာ အခုအကြိမ်က ပထမဦးဆုံး အကြိမ် ဖြစ်တယ်လို့သိရပါတယ်။

တိုင်းရင်းသားပါတီများနဲ့ တွေ့ဆုံမှုနဲ့ပတ်သတ်ပြီး NLD ပါတီမှ ဦးဖြိုးဇေယျာ်သော်က အခုလိုပြောပါတယ်။

“အခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုတဲကအချက်နဲ့ လွှတ်တော်ထဲကို၊ ရွေးကောက်င်္ပဲကို ၀င်ခဲ့ကြတာ၊ ပါတီကို လည်းပြန်မှတ်ပုံတင်ခဲ့ကြတာပါ။ ပြင်ဖို့အတွက်ဆိုတဲ့နေရာမှာတော့ ဘာမှ ဝေေ၀၀ါးဝါးဖြစ်စရာ အကြောင်း မ၇ှိဘူး ပေါ့။ ဒါပေမယ့် ဒီနေ့ကတော့ ဘာတွေကို ဘယ်လိုပြင်မလဲဆိုတဲ့ ဆွေးနွေးမှုမျိုးတော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်ကတော့ ဘာတွေကိုလိုလားတယ်။ ဘာတွေကိုတောင့်တတယ်။ အဲ့ဒါတွေကို ရှေ့ဆက်ပြီးတော့ ပုံမှန်ဘယ်လိုမျိုးတွေ့ပြီး ကြမလဲ ဒီလောက်ကိုပဲ အဓိကထားပြိးဆွေးနွေးဖြစ် ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မည်ဆို၇င်၊ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ် အခြေ ခံတွေ နဲ့ ကိုက်ညီမှာမဟုတ်ကြောင်း ၊ ပြန်လည်ပြင်ဆင်မည့် အစား အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း နဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပစေလိုကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် က ဦးအေးသာအောင် က ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး NLD ပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေကော်မတီကို စက်တင်ဘာလ ၆ရက်နေ့က ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ၊ ဒီကော်မတီမှာ ဦးကိုနီ၊ ဦးကျော်ဟိုး စတဲ့ ဥပဒေပညာရှင် ၇ ဦးပါဝင်ဖွဲ့စည်းထား ပါတယ်။

NLD ပါတီအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် ၂ လ အချိန် အတွင်း စနေနေ့တိုင်း တိုင်းရင်း သားပါတီတွေနဲ့တွေ့ဆုံဆွေးနွေးမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကို နိုဝင်ဘာလ လွှတ်တော်အစည်း အဝေးမှာ တင်သွင်း သွားမှာဖြစ်တယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် ဆုဝေက သတင်းပေး ပို့ထားပါတယ်။

ABC

No comments:

Post a Comment