Monday 9 September 2013

အစိုးရသစ်အဖွဲ့ လာမယ့် တစ်ပတ်မှာ ကျမ်းကြိမ်ဖို့ရှိ

Photo: အစိုးရသစ်အဖွဲ့ လာမယ့် တစ်ပတ်မှာ ကျမ်းကြိမ်ဖို့ရှိ
Monday, September 9, 2013

သြစတြေးလျနိုင်ငံရဲ့ ၂၈ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ တိုနီအာဘော့တ်က လာမယ့် တစ်ပတ်အတွင်းမှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကြိမ်ဆိုဖို့ရှိပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဝန်ကြီးချုပ် ကယ်ဗင်ရဒ်ကတော့ လေဘာပါတီ ခေါင်းဆောင်အဖြစ်ကနှုတ်ထွက်လိုက်ပြီ
 ဖြစ်ပါတယ်။

အစိုးရအပြောင်းအလဲဖြစ်ပေါ်တဲ့အတွက် ကယ်ဗင်ရဒ်ဦးဆောင်တဲ့ ဝန်ကြီးအဖွဲ့က ဝန်ကြီးရုံးခန်းတွေရှင်းလင်း ထုတ်ပိုးနေပြီး အစိုးရဖြစ်
လာမယ့် တိုနီအာဘော့တ်ဦးဆောင်တဲ့ အဖွဲ့က ရုံးခန်းတွေမှာ နေရာ
ယူဖို့ အသင့်စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် တိုနီအာဘော့်တ်က အားကစားလိုက်စားသူပီပီ ဒီကနေ့ မနက်အစောကြီးမှာ မိတ်ဆွေတွေနဲ့ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခဲ့ပြီး ဒီနောက်မှာတော့ သြစတြေးလျနိုင်ငံရဲ့ ကဏ္ဍပေါင်းစုံ အခြေအနေနဲ့ ပတ်သက်ပြီး လက်အောက်ငယ်သားတွေရဲ့ တင်ပြမှုကို တစ်နေ့ကုန်လုံး နားထောင်မယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ကယ်ဗင်ရဒ်က သူဦးဆောင်တဲ့ လေဘာပါတီ ဥက္ကဌရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။

သူ့ကို ဘယ်သူအစားထိုးမလဲဆိုတာ မသိရသေးပေမယ့် အလုပ်
သမားရေးရာ ဝန်ကြီးဟောင်း Bill Shorten နဲ့ အခြေခံအဆောက်အဦးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဟောင်း Anthony Albanese က ဥက္ကဌနေရာယူလိမ့်မယ်လို့ ထင်ကြေးပေးခံနေရပေမယ့် နှစ်ယောက်စလုံးက ဒီရာထူးကို လက်ခံဖို့ သူ့အနေနဲ့ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

လေဘာပါတီခေါင်းဆောင်ဟောင်း Simon Crean ကတော့ Bill Shorten ကသာ လေဘာပါတီကို ပိုဦးဆောင်နိုင်မယ်လို့ မှတ်ချက်ပေးထားပါတယ်။

ဒီရွေးကောက်ပွဲအတွင်း သြစတြေးလျဌာနေတိုင်းရင်းသား အမျိုးသမီး
တစ်ဦးကလည်း ပထမဆုံးသော ဌာနေတိုင်းရင်းသား အမျိုးသမီး လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

အိုလံပစ်ရွှေတံဆိပ်ဆုရင် အားကစားသမားဟောင်း Nova Paris ဟာ သူမငယ်စဉ်ဘဝက ဆင်းရဲသားတွေနေထိုင်ရာ အစိုးရအိမ်မှာ မိခင်နဲ့အတူ နေထိုင်ကြီးပြင်းလာသူဖြစ်ပြီး ခုလို ပထမဆုံးသော ဌာနေတိုင်းရင်း အမျိုးသမီးလွှတ်တော်အမတ် ဖြစ်လာခွင့်ရှိတဲ့အတွက် မိသားစုဝင်တွေနဲ့ လေဘာပါတီဝင်တို့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်။

သြစတြေးလျနိုင်ငံက ဌာနေတိုင်းရင်းသားတွေဟာ အရင်တုန်းက မဲပေးပိုင်ခွင့်တောင် မရှိကြပေမယ့် နောက်ပိုင်းမှာ အခွင့်အရေးပေးတာ ခံလာရပြီး အာဘောရီဂျင်နာလူမျိုး အမျိုးသားတွေ နိုင်ငံရေးလောကထဲ ဝင်ရောက်နိုင်သူတွေ ရှိလာပေမယ့် အမျိုးသမီးအနေနဲ့ ခုချိန်မှသာ ပထမဦးဆုံး ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။ 

ABC
သြစတြေးလျနိုင်ငံရဲ့ ၂၈ ယောက်မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ တိုနီအာဘော့တ်က လာမယ့် တစ်ပတ်အတွင်းမှာ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကြိမ်ဆိုဖို့ရှိပြီး ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ဝန်ကြီး ချုပ် ကယ်ဗင်ရဒ်ကတော့ လေဘာပါတီ ခေါင်းဆောင်အဖြစ်ကနှုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။
အစိုးရအပြောင်းအလဲဖြစ်ပေါ်တဲ့အတွက် ကယ်ဗင်ရဒ်ဦးဆောင်တဲ့ ဝန်ကြီးအဖွဲ့က ဝန်ကြီးရုံးခန်းတွေ ရှင်း လင်း ထုတ်ပိုးနေပြီး အစိုးရဖြစ် လာမယ့် တိုနီအာဘော့တ်ဦးဆောင်တဲ့ အဖွဲ့က ရုံးခန်းတွေမှာ နေရာယူဖို့ အသင့်စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် တိုနီအာဘော့်တ်က အားကစားလိုက်စားသူပီပီ ဒီကနေ့ မနက်အစောကြီးမှာ မိတ်ဆွေတွေ နဲ့ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခဲ့ပြီး ဒီနောက်မှာတော့ သြစတြေးလျနိုင်ငံရဲ့ ကဏ္ဍပေါင်းစုံ အခြေအနေနဲ့ ပတ်သက်ပြီး လက်အောက်ငယ်သားတွေရဲ့ တင်ပြမှုကို တစ်နေ့ကုန်လုံး နားထောင်မယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ကယ်ဗင်ရဒ်က သူဦးဆောင်တဲ့ လေဘာပါတီ ဥက္ကဌရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။

သူ့ကို ဘယ်သူအစားထိုးမလဲဆိုတာ မသိရသေးပေမယ့် အလုပ်သမားရေးရာ ဝန်ကြီးဟောင်း Bill Shorten နဲ့ အခြေခံအဆောက်အဦးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဟောင်း Anthony Albanese က ဥက္ကဌနေရာ ယူလိမ့်မယ်လို့ ထင်ကြေးပေးခံနေရပေမယ့် နှစ်ယောက်စလုံးက ဒီရာထူးကို လက်ခံဖို့ သူ့အနေနဲ့ မဆုံးဖြတ် ရသေးဘူးလို့ ပြောပါတယ်။

လေဘာပါတီခေါင်းဆောင်ဟောင်း Simon Crean ကတော့ Bill Shorten ကသာ လေဘာပါတီကို ပိုဦးဆောင်နိုင်မယ်လို့ မှတ်ချက်ပေးထားပါတယ်။

ဒီရွေးကောက်ပွဲအတွင်း သြစတြေးလျဌာနေတိုင်းရင်းသား အမျိုးသမီးတစ်ဦးကလည်း ပထမဆုံးသော ဌာနေတိုင်းရင်းသား အမျိုးသမီး လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

အိုလံပစ်ရွှေတံဆိပ်ဆုရင် အားကစားသမားဟောင်း Nova Paris ဟာ သူမငယ်စဉ်ဘဝက ဆင်းရဲ သားတွေနေထိုင်ရာ အစိုးရအိမ်မှာ မိခင်နဲ့အတူ နေထိုင်ကြီးပြင်းလာသူဖြစ်ပြီး ခုလို ပထမဆုံးသော ဌာနေ တိုင်းရင်း အမျိုးသမီးလွှတ်တော်အမတ် ဖြစ်လာခွင့်ရှိတဲ့အတွက် မိသားစုဝင်တွေနဲ့ လေဘာပါတီဝင် တို့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်။

သြစတြေးလျနိုင်ငံက ဌာနေတိုင်းရင်းသားတွေဟာ အရင်တုန်းက မဲပေးပိုင်ခွင့်တောင် မရှိကြပေ မယ့် နောက်ပိုင်းမှာ အခွင့်အရေးပေးတာ ခံလာရပြီး အာဘောရီဂျင်နာလူမျိုး အမျိုး သားတွေ နိုင်ငံရေးလောက ထဲ ဝင်ရောက်နိုင်သူတွေ ရှိလာပေမယ့် အမျိုးသမီးအနေနဲ့ ခုချိန်မှသာ ပထမ ဦးဆုံး ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment