Friday 25 April 2014

အာဆီယံထိပ်သီး အစည်းအဝေးများအတွက် ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခွင့် ထိုင်းကုမ္ပဏီရရှိ

နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် ကျင်းပပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများတွင် ကြော်ငြာလုပ်ငန်း လုပ်ကိုင်ခွင့် Sponsor, ship Manage အခြေစိုက် Kantana and JK Consulting Management ကုမ္ပဏီက တရားဝင် လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။
အဆိုပါကုမ္ပဏီသည် ယင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရန် အမေရိကန်ဒေါ်လာ သုံးသန်း ပေးဆောင်ရ မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr Chaiyos က ဆိုသည်။

အာဆီယံထိပ်သီး အစည်းအဝေးများတွင် ကုန်ပစ္စည်း အမှတ်တံဆိပ်များ ကြော်ငြာလိုပါက ယင်းကုမ္ပဏီက သာ တစ်ဦးတည်း တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

အဆိုပါလုပ်ငန်း လုပ်ပိုင်ခွင့်ကို မတ်လဆန်းမှစ၍ တင်ဒါလျှောက်ခွင့်များ တင်သွင်းခွင့် ပေးထားခဲ့ဖြစ်သော် လည်း လျှောက်ထားသူ မည်မျှရှိသည်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုခြင်း မရှိပေ။ “ဒီကုမ္ပဏီကို ရန်ပုံငွေ ရှာပေးနိုင်တဲ့ အခြေအနေ၊ ခိုင်မာမှု ရှိမရှိ၊ အတွေ့ကြုံ ရှိမရှိ သေချာစစ်ဆေးပြီးမှ လက်ခံလိုက်တာပါ” ဟု ၎င်းကဆိုသည်။

ယင်းကုမ္ပဏီသည် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ၏ Sponsorship Management Operator အဖြစ် အဆိုပါ ကုမ္ပဏီကပင် ဆောင်ရွက်ခဲ့သည်။

ယင်းကုမ္ပဏီ တင်ဒါအောင်မြင်ခြင်းနှင့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ကြော်ငြာလုပ်ငန်း လုပ်ကိုင် ခွင့် ပေးအပ်ခြင်း အခမ်းအနားကို ဧပြီလ ၂၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ခြင်း ဖြစ် သည်။

The Voice Weekly

No comments:

Post a Comment