နန်းခင်ဇေယျာ ဆုယူအပြီး မြန်မာနိုင်ငံအပြန်ခရီးတွင် ပအိုဝ့်တိုင်းရင်းသူ တစ်ဦးဖြစ်သည့် ပုံရိပ် ကို ပြသနိုင်ခဲ့ပြီး ပအိုဝ့်တိုင်းရင်းသားများတွင် ပညာတတ်နည်းပါးသည့်အတွက် ပညာရေးနှင့် ပတ်သက် သည့်
ပရဟိတလုပ်ငန်းများကို ယင်း တိုင်းရင်းသားများအတွက် ရည်ရွယ်၍
လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ပြိုင်ပွဲအတွက် လိုအပ်သည့် ရေကူးဝတ်စုံ ဝတ်ဆင်ခဲ့ရာတွင် ဝေဖန်မှု အချို့ ထွက်ပေါ် ခဲ့သေးသော်လည်း နန်းခင်ဇေယျာသည် သူ၏ လုပ်ဆောင်မှုဖြင့် နိုင်ငံတကာပြိုင်ပွဲ လမ်းကြောင်း အပါအဝင် သူရှေ့ဆက်ရမည့် လမ်းကြောင်းကိုပါ အောင်အောင်မြင်မြင် ဖောက်လုပ် ပြသနိုင်ခဲ့ပြီး ဖြစ်သည်။
ဘာသာစကား ကျွမ်းကျင်မှုကိုလည်း အားသာချက် အဖြစ် ထုတ်သုံးနိုင်ခဲ့သည့် နန်းခင်ဇေယျာသည် ယခုအချိန်တွင် Red Link ၊Blue Mountain ၊ iMax Brand Ambassador လည်း ဖြစ်နေပြီး ကြော်ငြာရိုက်ကူး မှုများလည်း ပြုလုပ်နေပြီ ဖြစ်သည်။ နာရေးကူညီမှု အသင်းတွင် ကူညီလုပ်အား ပေးမှုများ၊ မရမ်းချောင်ရှိ ပရဟိတဂေဟာသို့ လူမှုအကျိုးပြု လှူဒါန်းမှု များကိုလည်း အဆက်မပြတ် လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။ ယခု The Voice Weekly က နယ်ပယ်အလိုက် ရွေးချယ်သည့် ထင်ရှားသူများ အနက် ၂၄ နှစ် အရွယ်ရှိ နန်းခင်ဇေယျာသည် အသက် အငယ်ဆုံးလည်း ဖြစ်သည်။

No comments:
Post a Comment