Saturday 29 December 2012

အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်မှုကြောင့် ဥပဒေပညာ သင်ယူသူ များလာပြီး စာရင်းစစ်များပါ ဥပဒေပညာ ပူးတွဲသင်ယူလာ

အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်မှုကြောင့် ဥပဒေပညာ 
သင်ယူသူ များလာပြီး စာရင်းစစ်များပါ ဥပဒေပညာ 
ပူးတွဲသင်ယူလာ
Saturday, December 29, 2012

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်လာမှုနှင့်အတူ ဥပဒေပညာရှင်များ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်လာမှုကြောင့် ဥပဒေပညာ လေ့လာသင်ယူသူ များပြားလာပြီး စာရင်းစစ် (Audit) များပါ ဥပဒေပညာကို ပူးတွဲသင်ယူလာကြကြောင်း ဥပဒေပညာရှင်များ အသိုင်းအ၀ိုင်းမှ ပြောကြားချက်အရ သိရသည်။

“ဥပဒေသင်တန်းတွေကို တက်ရောက်လာတဲ့သူတွေ ပိုပြီးများလာတယ်။ စီးပွားရေးနယ်ပယ်က လိုအပ်ချက်တွေကြောင့် Audit တွေပါ ဥပဒေသင်တန်းတွေ တက်လာတာကို တွေ့ရတယ်။ ရှေ့နေတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုလာမယ်လို့ထင်တယ်” ဟု  Legal Affairs ဥပဒေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးအယ်လ်ခွန်ရိန်ပန်က ပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်
လာမှုနှင့်အတူ နိုင်ငံခြား ကုမ္ပဏီများက ပြည်တွင်းဥပဒေရေးရာ ကျွမ်းကျင်သူများ လိုအပ်လာမည်ဖြစ်သည်ဟု ဆိုသည်။

“ဥပဒေဘွဲ့ရတွေက စာတွေ့ပဲရှိပြီး လက်တွေ့မရှိတော့ ဥပဒေ
သင်တန်းတွေမှာ ဥပဒေဘွဲ့ရတွေလည်း တက်ရောက်နေတာရှိတယ်။ နယ်ပယ်စုံ အခြားလူငယ်တွေလည်း စိတ်ဝင်စားလာတာရှိတယ်” ဟု တရားလွှတ်တော်ရှေ့နေ၊ စာရေးဆရာ ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

ဥပဒေသင်တန်းကို စိတ်ဝင်စား တက်ရောက်လာကြသူများတွင် အိမ်ခြံမြေလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများလည်း ပါဝင်နေသည်ဟု သိရသည်။ အသက် ၂၀ မှ ၃၀ နှစ်အကြား လူငယ်များက ဥပဒေပညာသင်ယူရန် ပိုမိုစိတ်ဝင်စားလာကြသည်ဟု ဆိုသည်။

“ဥပဒေပညာက လူတိုင်းတတ်သင့်တဲ့ ပညာရပ်ဖြစ်ပါတယ်။ မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူ ဆိုရင်လည်း ဥပဒေပညာက အသုံးချ တန်ဖိုးမြင့်ပါတယ်။ ဒါမှအလုပ်ကို ချောချောမွေ့မွေ့ ကိုင်တွယ်နိုင်မှာဖြစ်ပြီး ဘောင်အတွင်းက အန္တ ရာယ်ကင်းကင်း ရေးသားနိုင်မှာ ဖြစ်ပါတယ်” ဟု ဥပဒေသင်တန်း တက်ရောက်နေသည့် သတင်းထောက်တစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်း လာရောက်
လုပ်ကိုင်သူ များလာသည်နှင့်အမျှ ဥပဒေရေးရာနှင့် ဘဏ္ဍာရေး ၀န်ဆောင်မှုပေးမည့် ကုမ္ပဏီများ လိုအပ်ချက်မြင့်မားလာပြီး နိုင်ငံခြားမှ Legal Frims များ လာရောက်ဖွင့်လှစ်မှုများလည်း ရှိလာခဲ့သည်။

စင်ကာပူနိုင်ငံ၏ Legal Firm တစ်ခုဖြစ်သည့် Rajah & Tann ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် အစီအစဉ် ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် အကြံပေးကုမ္ပဏီကြီး တစ်ခုဖြစ်သည့် နယ်သာလန်နိုင်ငံအခြေစိုက် KMPG ကရန်ကုန်မြို့တွင် ရုံးခန်းလာရောက်ဖွင့်လှစ်ပြီး ဖြစ်သည်။

Eleven Media Groupနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စတင်ဝင်ရောက်လာမှုနှင့်အတူ ဥပဒေ ပညာရှင်များ အလုပ်အကိုင် အခွင့်အလမ်း ကောင်းမွန်လာမှုကြောင့် ဥပဒေ ပညာ လေ့လာသင်ယူသူ များပြားလာပြီး စာရင်းစစ် (Audit) များပါ ဥပဒေပညာကို ပူးတွဲသင်ယူလာကြကြောင်း ဥပဒေပညာရှင်များ အသိုင်းအ၀ိုင်းမှ ပြောကြားချက်အရ သိရသည်။

“ဥပဒေသင်တန်းတွေကို တက်ရောက်လာတဲ့သူတွေ ပိုပြီးများလာတယ်။ စီးပွားရေးနယ်ပယ်က လိုအပ်ချက်တွေကြောင့် Audit တွေပါ ဥပဒေသင်တန်းတွေ တက်လာ တာကို တွေ့ ရတယ်။ ရှေ့နေတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုလာမယ်လို့ထင်တယ်” ဟု Legal Affairs ဥပဒေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးအယ်လ်ခွန်ရိန်ပန်က ပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမှုနှင့်အတူ နိုင်ငံခြား ကုမ္ပဏီ များက ပြည်တွင်းဥပဒေရေးရာ ကျွမ်းကျင်သူများ လိုအပ်လာမည်ဖြစ်သည်ဟု ဆိုသည်။

“ဥပဒေဘွဲ့ရတွေက စာတွေ့ပဲရှိပြီး လက်တွေ့မရှိတော့ ဥပဒေသင်တန်းတွေမှာ ဥပဒေဘွဲ့ရတွေလည်း တက်ရောက်နေတာရှိတယ်။ နယ်ပယ်စုံ အခြားလူငယ်တွေလည်း စိတ်ဝင်စားလာတာရှိတယ်” ဟု တရားလွှတ်တော်ရှေ့နေ၊ စာရေးဆရာ ဦးကျော်ဇေယျက ပြောကြားခဲ့သည်။

ဥပဒေသင်တန်းကို စိတ်ဝင်စား တက်ရောက်လာကြသူများတွင် အိမ်ခြံမြေလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများလည်း ပါဝင်နေသည်ဟု သိရသည်။ အသက် ၂၀ မှ ၃၀ နှစ်အကြား လူငယ်များက ဥပဒေပညာသင်ယူရန် ပိုမိုစိတ်ဝင်စားလာကြသည်ဟု ဆိုသည်။

“ဥပဒေပညာက လူတိုင်းတတ်သင့်တဲ့ ပညာရပ်ဖြစ်ပါတယ်။ မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူ ဆိုရင်လည်း ဥပဒေပညာက အသုံးချတန်ဖိုးမြင့်ပါတယ်။ ဒါမှအလုပ်ကို ချောချောမွေ့မွေ့ ကိုင်တွယ်နိုင် မှာဖြစ်ပြီး ဘောင်အတွင်းက အန္တရာယ်ကင်းကင်း ရေးသားနိုင်မှာ ဖြစ်ပါတယ်” ဟု ဥပဒေသင်တန်း တက်ရောက်နေသည့် သတင်းထောက်တစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူ များလာသည်နှင့်အမျှ ဥပဒေရေးရာနှင့် ဘဏ္ဍာရေး ၀န်ဆောင်မှုပေးမည့် ကုမ္ပဏီများ လိုအပ်ချက်မြင့်မားလာပြီး နိုင်ငံခြားမှ Legal Frims များ လာရောက်ဖွင့်လှစ်မှုများလည်း ရှိလာခဲ့သည်။

စင်ကာပူနိုင်ငံ၏ Legal Firm တစ်ခုဖြစ်သည့် Rajah & Tann ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် အစီအစဉ် ရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် အကြံပေးကုမ္ပဏီကြီး တစ်ခုဖြစ်သည့် နယ်သာလန်နိုင်ငံအခြေစိုက် KMPG ကရန်ကုန်မြို့တွင် ရုံးခန်းလာရောက်ဖွင့်လှစ်ပြီး ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment