Saturday 29 December 2012
မြန်မာ့လေကြောင်းသို့ အသစ်ရောက်ရှိနေသော ဘရာဇီးနိုင်ငံထုတ် Embraer 190 လေယာဉ်သည် ယနေ့ ညနေ ၃ နာရီခွဲဝန်းကျင်၌ စမ်းသပ်မောင်းနှင်စဉ် လေယာဉ်၏ဘရိတ်စနစ်ကြောင့် ဘီးအပူချိန်မြင့်တက်ခဲ့ပြီး ဘီးပေါက်ခဲ့ကြောင်း မြန်မာ့လေကြောင်း၏ လေယာဉ်မှူးဦးသန်းထွေးက ပြောသည်။
သို့သော် လေယာဉ်မှာ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ခေတ္တရပ်နားထားခဲ့ရသည်။ လေယာဉ်အား စမ်းသပ်မောင်းနှင်ရာတွင် နိုင်ငံခြားသား လေယာဉ်မှူးများနှင့် မြန်မာ့လေယာဉ်မှူးများ ပူးတွဲ ၍ မောင်းနှင် ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်အဲဝေးမှ ATR (72) လေယာဉ်သည် ညနေ ၄ နာရီခွဲအချိန်က ဟဲဟိုးလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ထွက်ခွာစဉ် ပြေးလမ်း၌ လေယာဉ်ဆီယိုစိမ့်မှုကြောင့် ခရီးစဉ်အား ဖျက်သိမ်းခဲ့ရကြောင်း ရန်ကုန်အဲဝေးမှ သတင်းရရှိသည်။
The Voice
No comments:
Post a Comment