Saturday 29 December 2012

“နောက်ထွက်ရှိလာမည့် Samsung Galaxy S4 တွင် S Pen ပါဝင်လာမည် ဖြစ်ကြောင်း သိရ”

“နောက်ထွက်ရှိလာမည့် Samsung Galaxy S4 တွင် S Pen ပါဝင်လာမည် ဖြစ်ကြောင်း သိရ”
------------------------------------------------------

Samsung ရဲ့နောက်ထက် Galaxy S မျိုးဆက်သစ် ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S4 နှင့်ပတ်သက်သော အချက်အလက်များကတော့ အွန်လိုင်းတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လျှက်ရှိပါတယ်။ ယခုနောက်ဆုံးထွက်ရှိလာသော သတင်းများအရ Samsung Galaxy S4 တွင် Samsung Galaxy Note 2 ကဲ့သို့  S Pen ပါဝင်လာမည် ဖြစ်သလို Galaxy S4 ကို April 2013 တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း လည်းသိရပါတယ်။

ထို့ အပြင် ယခင်ထွက်ရှိထားသော သတင်းများအရ Samsung Galaxy S4 တွင် Quad-Core Exynos 5440 Chipset ကိုအသုံးပြုထားမှာ ဖြစ်သလို ၅လက်မအရွယ် 1080p AMOLED Display၊ 13MP ကင်မရာ တို့ လည်းပါဝင်မှာ ဖြစ်တယ်လို့  သိရပါတယ်။ အကယ်၍ ယခုထွက်ရှိလာသော သတင်းများကဲ့သို့  Galaxy S4 တွင် S Pen ပါဝင်လာမည် ဆိုလျှင်တော့ Samsung Galaxy S4 သည် ပြိုင်ဘက်ဖုန်းများထက် Productivity ပိုင်းတွင်တော့ သာလွန်သော ဖုန်းတစ်လုံးဖြစ်လာမည် ဖြစ်ပါတယ်။ သို့ သော် သတိပြုရန် အချက်မှာ ယခုအချက်အလက်များသည် အွန်လိုင်းတွင် ထွက်ပေါ်လာသော သတင်းများကိုသာ အခြေခံထားသောကြောင့် ယခုအချက်အလက်များသည် အတည် ဟုတ်မဟုတ်ဆိုတာကတော့ စောင့်ကြည့်ဖွယ်ရာသာ ရှိပါတယ်။

Source : GSMArena
Samsung ရဲ့နောက်ထက် Galaxy S မျိုးဆက်သစ် ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S4 နှင့်ပတ်သက်သော အချက်အလက်များကတော့ အွန်လိုင်းတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လျှက်ရှိပါတယ်။ ယခုနောက် ဆုံးထွက်ရှိလာသော သတင်းများအရ Samsung Galaxy S4 တွင် Samsung Galaxy Note 2 ကဲ့သို့  S Pen ပါဝင်လာမည် ဖြစ်သလို Galaxy S4 ကို April 2013 တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း လည်းသိရပါတယ်။

ထို့ အပြင် ယခင်ထွက်ရှိထားသော သတင်းများအရ Samsung Galaxy S4 တွင် Quad-Core Exynos 5440 Chipset ကိုအသုံးပြုထားမှာ ဖြစ်သလို ၅လက်မအရွယ် 1080p AMOLED Display၊ 13MP ကင်မရာ တို့ လည်းပါဝင်မှာ ဖြစ်တယ်လို့  သိရပါတယ်။ အကယ်၍ ယခုထွက်ရှိလာသော သတင်းများကဲ့သို့  Galaxy S4 တွင် S Pen ပါဝင်လာမည် ဆိုလျှင်တော့ Samsung Galaxy S4 သည် ပြိုင်ဘက်ဖုန်းများထက် Productivity ပိုင်းတွင်တော့ သာလွန်သော ဖုန်းတစ်လုံးဖြစ်လာမည် ဖြစ်ပါတယ်။ သို့ သော် သတိပြုရန် အချက်မှာ ယခုအချက်အလက်များသည် အွန်လိုင်းတွင် ထွက်ပေါ်လာသော သတင်းများကိုသာ အခြေခံထားသောကြောင့် ယခုအချက်အလက်များသည် အတည်ဟုတ်မဟုတ်ဆိုတာကတော့ စောင့် ကြည့်ဖွယ်ရာသာ ရှိပါတယ်။

Source : GSMArena

No comments:

Post a Comment