
ယခု ၂၀၁၂ ခုနှစ်အတွင်းတွင် အရေးပေါ် လူနာတင်ယာဉ် ထူထောင် ကူညီခြင်း၊
မျက်စိဝေဒနာရှင် များကို ခွဲစိတ်ကုသ ပေးခြင်း၊ လက်ပံတောင်းတောင် သပိတ်စခန်း
အကြမ်းဖက်ဖြိုခွဲ ခံရမှုကြောင့် မီးလောင် ဒဏ်ရာရရှိသော သံဃာတော်များကို
ဆေးကုသစရိတ် လှူဒါန်းခြင်းစသည့် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး စသည့်
လူမှုရေးလုပ်ငန်း များအပြင် ကလေးငယ်များ အတွက် ယဉ်ကျေး လိမ္မာသင်တန်းများ၊
အင်္ဂလိပ်စာ အခြေခံ သင်တန်းများ၊ လူငယ်များ အတွက် ကွန်ပျူတာ သင်တန်း၊
အင်္ဂလိပ်စာ (ရေး၊ ဖတ်၊ ပြော) သင်တန်းများ၊ စီမံခန့်ခွဲခြင်းနှင့်
ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ခြင်း ဆိုင်ရာ သင်တန်း၊ အလုပ်အကိုင်
ရှာဖွေရေး အတွက် စာရင်းကိုင် သင် တန်း၊ ဟိုတယ် ဝန်ဆောင်မှု သင်တန်း၊
ဒီဇိုင်နာသင်တန်း များကိုပါ ဖွင့်လှစ် ပေးလျက်ရှိရာ နိုင်ငံ
ဖွံ့ဖြိုးတိုးတက်ရေး အလို့ငှာ အဓိက အရေးပါသည့် ပညာရေးကဏ္ဍနှင့် နိုင်ငံ၏
အနာဂတ် ကလေးသူငယ်နှင့် လူငယ်များ၏ ဘဝအာမခံချက် ရရှိရေး အသက်မွေးဝမ်း
ကျောင်း အတတ်ပညာ တို့ကိုလည်း အခမဲ့သင်ကြား ပေးနိုင်ရန် ပံ့ပိုးကူညီ
နေသူဖြစ်ခြင်း ကြောင့် ယခုကဲ့သို့ ရွေးချယ်ရခြင်း ဖြစ်ပါသည်။
No comments:
Post a Comment