Saturday 29 December 2012

ပင်လယ်ပြင် ကင်းလှည့် သင်္ဘော တောင်တရုတ် ပင်လယ် အတွင်းသို့ ပထမဆုံး အကြိမ် တရုတ် စေလွှတ်


ပင်လယ်ပြင် ကင်းလှည့် သင်္ဘော တောင်တရုတ် ပင်လယ် အတွင်းသို့ ပထမဆုံး အကြိမ် တရုတ် စေလွှတ်

တရုတ်နိုင်ငံသည် Haixum 21 အမည်ရှိ ရဟတ်ယာဉ်ကွင်း ပါရှိသော ပင်လယ်ပြင်သွား ကင်းလှည့် သင်္ဘော တစ်စင်းကို ပထမဆုံး အကြိမ် တောင်တရုတ် ပင်လယ် အတွင်းသို့ ဒီဇင်ဘာ ၂၇ ရက်က စေလွှတ် ခဲ့ကြောင်း သိရသည်။

Haxium 21 သဘောင်္ကို ဟိုင်နန် ပင်လယ် ရေကြောင်း သွားလာရေး ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ဌာနက ထိန်းချုပ် သွားမည် ဖြစ်သည်။ 

အဆိုပါ သင်္ဘော သည် ပင်လယ်ရေကြောင်း သွားလာရေး ဆိုင်ရာ လုံခြုံမှု၊ ရေကြောင်း သွားလာရေး ဆိုင်ရာ မတော်တဆ ဖြစ်ရပ်များ စုံစမ်း စစ်ဆေးမှု၊ လေထု ညစ်ညမ်းမှု ဆိုင်ရာ စုံစမ်း စစ်ဆေးခြင်း၊ နိုင်ငံတကာ ဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် အညီ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန ပင်လယ် ရေကြောင်း သွားလာမှု ဆိုင်ရာ ဗျူရို အဖွဲ့မှ ဒုတိယ အကြီးအကဲ ဟောင်ဟီ က ပြောကြားခဲ့သည်။

http://www.myawady.com.mm/allnews/global/item/3078-2012-12-29-10-18-33


တရုတ်နိုင်ငံသည် Haixum 21 အမည်ရှိ ရဟတ်ယာဉ်ကွင်းပါရှိသော ပင်လယ်ပြင်သွားကင်းလှည့် သင်္ဘော တစ်စင်းကို ပထမဆုံးအကြိမ် တောင်တရုတ် ပင်လယ်အတွင်းသို့ ဒီဇင်ဘာ ၂၇ ရက်က စေလွှတ်ခဲ့ကြောင်း သိရသည်။


Haxium 21 သဘောင်္ကို ဟိုင်နန် ပင်လယ် ရေကြောင်း သွားလာရေးဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ဌာနက ထိန်းချုပ်သွားမည် ဖြစ်သည်။


အဆိုပါသင်္ဘောသည် ပင်လယ်ရေကြောင်း သွားလာရေးဆိုင်ရာလုံခြုံမှု၊ ရေကြောင်း သွားလာရေးဆိုင်ရာ မတော်တဆ ဖြစ်ရပ်များစုံစမ်းစစ်ဆေးမှု၊ လေထုညစ်ညမ်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း၊ နိုင်ငံတကာဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပင်လယ် ရေကြောင်း သွားလာမှုဆိုင်ရာ ဗျူရို အဖွဲ့မှ ဒုတိယအကြီးအကဲ ဟောင်ဟီက ပြောကြားခဲ့သည်။


No comments:

Post a Comment