Saturday 29 December 2012

ဂျူဗင်တပ် ဥက္ကဋ္ဌအင်ဒရီယာ အစ်ဂ်နယ်လီက ဒုတိယ နေရာမှလာဇီယိုကို ရှစ်မှတ်ဖြတ်ပြီး စီးရီးအေ၌ အမှတ်ပေး ဇယားထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိနေသော်လည်း မိမိတို့ချန်ပီယံမဖြစ်သေးကြောင်း ဝန်ခံ စကား ပြောကြားလိုက်သည်။ ဂျူဗင်တပ်သည် ပြီးခဲ့သည့် ပွဲစဉ် ၁၈ တွင်ကက်ဂလီယာရီအား ဂိုးပြတ် အနိုင် ရပြီး အမှတ်ပေး ဇယား ထိပ်ဆုံးတွင် အနီးဆုံး ပြိုင်ဘက်အား ရှစ်မှတ် ဖြတ် ထားကာ ဦးဆောင်လျက် ရှိနေ
သည်။ သို့သော်လည်း မိမိတို့ချန်ပီယံ ဖြစ်ပြီဟုမပြောနိုင် သေးကြောင်း ဂျူဗင်တပ်ဥက္ကဋ္ဌ အစ်ဂ်နယ်လီ က ပြောကြားလိုက်သည်။ ''နောက်ထပ်ပွဲ ၂ဝ လောက် ကစားဖို့ ကျန်ပါသေးတယ်၊ ကျွန်တော်တို့ ချန်ပီယံ မဖြစ် သေးပါဘူး''ဟု ပြောကြားလိုက်သည်။ ဂျူဗင်တပ်သည် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်၌ စကော့တလန် ကလပ်ဆဲလ်တစ်နှင့် ထိပ်တိုက် တွေ့ဆုံလျက်ရှိနေသည်။ အစ်ဂ်နယ်လီက မိမိတို့အနေဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲသာမက ပြိုင်ပွဲတိုင်းအနိုင်ရရေး အမြဲတမ်းပင် ရှေးရှုလေ့ရှိကြောင်း၊ အရေးကြီး ဆုံးက ပြည်တွင်းချန်ပီယံ ဖြစ်ရေးပင်ဟုဆိုခဲ့သည်။

No comments:

Post a Comment