Saturday 29 December 2012

နောက်ထပ် သားတစ်ယောက် ရဦးမယ့် ရွန်းနီ

မန်ယူ တိုက်စစ်မှူးဝိန်းရွန်နီရဲ့ ဇနီးသည် ကောလင်း ရွန်နီက သူမ လွယ်ထားရတဲ့ ကိုယ်ဝန်ဟာ သားယောက်ျား လေး မွေးမှာဖြစ်ကြောင်းတွစ်တာ စာမျက်နှာ ပေါ်မှာ ဖော်ပြ လိုက်ပါတယ်။ ရွန်နီတို့ ဇနီး မောင်နှံဟာ ကိုင်ဝိန်းရွန်နီလို့ အမည်ရတဲ့ သား ဦးလေး တစ်ယောက် ထွန်းကားပြီးသားပါ။ အခု နောက်
တစ်ယောက်ကလည်း သားပဲ မွေးမှာ ပါတဲ့။ ကောလင်း က ပရိသတ် ၈၉၇,ဝဝဝ ရှိတဲ့ တွစ်တာစာမျက်နှာက တစ်ဆင့် ''ရင်သွေးလေး က ဘာလေး ဖြစ်မလဲလို့ ကျွန်မ တို့ စကင်ဖတ်စစ်ဆေးလိုက်တော့ ယောက်ျားလေး ဖြစ်နေတယ်လေ၊ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်း ပါတယ်'' လို့ ရေးသား ဖော်ပြခဲ့ပါတယ်။
From..မြ၀တီ

No comments:

Post a Comment