Saturday 29 December 2012

ယခုနှစ်၌ ရန်ကုန်မြို့တွင် အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံ ၆၇ လုံးရှိပြီး အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသည့် အဆောက်အအုံ ၅၄ လုံးရှိ

ယခုနှစ်၌ ရန်ကုန်မြို့တွင် အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော 
အဆောက်အအုံ ၆၇ လုံးရှိပြီး အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း 
မရှိသည့် အဆောက်အအုံ ၅၄ လုံးရှိ  
Saturday, 29 December 2012

ယခုနှစ်၌ ရန်ကုန် မြို့တွင် အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံစုစုပေါင်း ၆၇ လုံးရှိကြောင်း၊ ယင်းအထဲတွင် ၅၇ လုံးမှာ အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သည့် အဆောက်အအုံ ၆၇ လုံးအနက် အသစ်ပြန်လည်ဆောက်လုပ်ရန် စီစဉ်သည့် အဆောက်အအုံ ၁၃ လုံးသာရှိပြီး ကျန်ရှိသည့် ၅၄ လုံးမှာ ဆောက်လုပ်နိုင်းခြင်း မရှိသေးကြောင်း သိရသည်။

ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသည့် အဆောက်အအုံများမှာ တည်နေရာ မကောင်းခြင်း၊ မြေကျဉ်းမြောင်းခြင်း စသည်တို့ကြောင့်
ပြန်လည်ဆောက်လုပ်လိုသည့် ကန်ထရိုက်မရှိခြင်းတို့ကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု အဆောက်အအုံဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်အတွင်း အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံ
များအနက် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အများဆုံးဖြစ်ပြီး ပုဇွန်တောင်မြို့နယ်တွင် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။ အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသည့် အဆောက်အအုံ
များအနက် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၁၇ လုံးဖြင့် အများဆုံးဖြစ်ပြီး ပုဇွန်တောင်မြို့နယ်တွင် ၈ လုံး၊ ပန်းပဲတန်းနှင့် တာမွေမြို့နယ်တို့တွင်
၆ လုံးတို့ ကျန်ရှိနေသည်ဟု သိရသည်။

ပြန်လည်ဆောက်လုပ်နေသည့် အဆောက်အအုံများကိုလည်း  ကြာချိန်ကို တစ်နှစ်ခွဲခန့် သတ်မှတ်ပေးထားကြောင်းနှင့် အသစ်ပြန်လည်ဆောက်
လုပ်နိုင်ခြင်း မရှိသေးသည့် အဆောက်အအုံများအတွက်လည်း
ဆောက်လုပ်လိုသည့် ကန်ထရိုက်များနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သို့သော် အဆိုပါအဆောက်အအုံအများစုမှ မူလနေထိုင်သူ
များအား အဆောက်အအုံမှ အခြားသို့ ပြောင်းရွှေ့စေခဲ့ပြီးဖြစ်သောကြောင့် 
အမြန်ဆုံး အသစ်ပြန်လည်ဆောက်လုပ်ပေးနိုင်ရန် အရေးကြီးနေသည်။

ရန်ကုန်မြို့တွင် ၁၉၉၄ ခုနှစ်မှ ယခုဒီဇင်ဘာလအထိ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော  အဆာက်အအုံစုစုပေါင်း ၁၆၅၁ လုံးရှိကြောင်း၊ ယင်းအထဲတွင် အသစ်ပြန်လည်ဆောက်လုပ်မှု မပြီးစီးသေးဘဲ ကြန့်ကြာနေသည့် အဆောက်အအုံစုစုပေါင်း ၁၃၀ နီးပါး ကျန်ရှိနေပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၃၅ လုံးဖြင့် အများဆုံးဖြစ်နေကြောင်း၊  အသစ်ပြန်လည်ဆောက်လုပ်မှု မပြီးစီးသေးခြင်းကြောင့် မူလနေထိုင်သူ အများစုမှာ အခြားနေရာတွင် ပြောင်းရွှေ့နေထိုင်ရကြောင်း၊ အများစုမှာ အိမ်ငှားနေထိုင်ရသည့် အခက်အခဲ များရှိနေကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် နှစ်အလိုက်အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့မှု

နှစ်                                 အရေအတွက်

၂၀၀၅                              ၁၈၉

၂၀၀၆                              ၁၂၅

၂၀၀၇                              ၈၂

၂၀၀၈                              ၈၃

၂၀၀၉                              ၉၀

၂၀၁၀                              ၁၇၀

၂၀၁၁                              ၁၈၉

၂၀၁၂                              ၆၇

Eleven Media Group

ယခုနှစ်၌ ရန်ကုန် မြို့တွင် အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံစုစုပေါင်း ၆၇ လုံး ရှိကြောင်း၊ ယင်းအထဲတွင် ၅၇ လုံးမှာ အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သည့် အဆောက်အအုံ ၆၇ လုံးအနက် အသစ်ပြန်လည်ဆောက်လုပ်ရန် စီစဉ်သည့် အဆောက်အအုံ ၁၃ လုံးသာရှိပြီး ကျန်ရှိသည့် ၅၄ လုံးမှာ ဆောက်လုပ်နိုင်းခြင်း မရှိသေးကြောင်း သိရသည်။

ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသည့် အဆောက်အအုံများမှာ တည်နေရာ မကောင်းခြင်း၊ မြေ ကျဉ်းမြောင်းခြင်း စသည်တို့ကြောင့်ပြန်လည်ဆောက်လုပ်လိုသည့် ကန်ထရိုက်မရှိခြင်းတို့ကြောင့် ကြန့်ကြာနေခြင်း ဖြစ်သည်ဟု အဆောက်အအုံဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်အတွင်း အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆောက်အအုံများအနက် မင်္ဂလာတောင် ညွန့်မြို့ နယ်တွင် အများဆုံးဖြစ်ပြီး ပုဇွန်တောင်မြို့နယ်တွင် ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။ အသစ်ပြန် လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသည့် အဆောက်အအုံများအနက် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၁၇ လုံးဖြင့် အများဆုံးဖြစ်ပြီး ပုဇွန်တောင်မြို့နယ်တွင် ၈ လုံး၊ ပန်းပဲတန်းနှင့် တာမွေမြို့နယ်တို့တွင်၆ လုံးတို့ ကျန်ရှိနေသည်ဟု သိရသည်။

ပြန်လည်ဆောက်လုပ်နေသည့် အဆောက်အအုံများကိုလည်း ကြာချိန်ကို တစ်နှစ်ခွဲခန့် သတ်မှတ်ပေး ထားကြောင်းနှင့် အသစ်ပြန်လည်ဆောက်လုပ်နိုင်ခြင်း မရှိသေးသည့် အဆောက်အအုံများအတွက်လည်း ဆောက်လုပ်လိုသည့် ကန်ထရိုက်များနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သို့သော် အဆိုပါ အဆောက်အအုံအများစုမှ မူလနေထိုင်သူများအား အဆောက်အအုံမှ အခြားသို့  ပြောင်းရွှေ့စေ ခဲ့ပြီးဖြစ်သောကြောင့် အမြန်ဆုံး အသစ်ပြန်လည်ဆောက်လုပ်ပေးနိုင်ရန် အရေးကြီးနေသည်။

ရန်ကုန်မြို့တွင် ၁၉၉၄ ခုနှစ်မှ ယခုဒီဇင်ဘာလအထိ အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့သော အဆာက် အအုံ စုစုပေါင်း ၁၆၅၁ လုံးရှိကြောင်း၊ ယင်းအထဲတွင် အသစ်ပြန်လည်ဆောက်လုပ်မှု မပြီးစီးသေးဘဲ ကြန့်ကြာနေ သည့် အဆောက်အအုံစုစုပေါင်း ၁၃၀ နီးပါး ကျန်ရှိနေပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၃၅ လုံးဖြင့် အများဆုံးဖြစ်နေကြောင်း၊ အသစ်ပြန်လည်ဆောက်လုပ်မှု မပြီးစီးသေးခြင်းကြောင့် မူလနေထိုင်သူ အများစုမှာ အခြားနေရာတွင် ပြောင်းရွှေ့နေထိုင်ရကြောင်း၊ အများစုမှာ အိမ်ငှားနေထိုင်ရသည့် အခက်အခဲ များရှိနေကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် နှစ်အလိုက်အန္တရာယ်ရှိအဖြစ် သတ်မှတ်ခဲ့မှု

နှစ် အရေအတွက်

၂၀၀၅ ၁၈၉

၂၀၀၆ ၁၂၅

၂၀၀၇ ၈၂

၂၀၀၈ ၈၃

၂၀၀၉ ၉၀

၂၀၁၀ ၁၇၀

၂၀၁၁ ၁၈၉

၂၀၁၂ ၆၇

Eleven Media Group


No comments:

Post a Comment