Tuesday 6 November 2012

"မြန်မာ NGO ကိုယ်စားလှယ် အဖွဲ့ Chizhou မြို့မှ အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံ"



Chizhou၊ နိုဝင်ဘာ ၆ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ဝင်များ ဦးဆောင်သော မြန်မာ NGO ကိုယ်စား လှယ် အဖွဲ့သည် နိုဝင်ဘာ(၆)ရက်နေ့ညနေတွင် Chizhou မြို့သို့ရောက်ရှိခဲ့ကြကာ တရုတ်စံတော်ချိန် ညနေ ၆ နာရီခန့်တွင် ယင်းမြို့၏ မြို့တော်ဝန် မစ္စ Zhao Xinqun အပါအ၀င် အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Chizhou မြို့တွင် လူဦးရေ ၁.၆ သန်းနေထိုင်ကြပြီး၊ ၈၂၇၂ စတုရန်းကီလိုမီတာခန့် အကျယ်အ၀န်း ရှိသည်။ယင်းမြို့သည် "ခရီးသွားများအတွက် အမျိုးသားအဆင့် ထူးခြားထင်ရှားသောမြို့တော်"ဆုနှင့် "အမျိုးသားဥယျာဉ်မြို့တော်"ဆုတို့ကိုရရှိထားသည့် မြို့ဖြစ်ကာ တရုတ်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင် မှု အရှိဆုံးမြို့တစ်ရာအနက် မြို့တစ်မြို့လည်းဖြစ်သည်။ 

Chizhou မြို့ အရှေ့တောင်ဖက်ရှိ Jiuhua တောင်မှာ လှပထင်ရှားပြီး ခရီးသွားများ သွားရောက်လေ့ လာကြရာ အထင်ကရ နေရာတစ်ခုဖြစ်သည်။ မြန်မာ NGO ကိုယ်စားလှယ် အဖွဲ့သည် Chizhou မြို့ရှိ အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်၊ တိရိစ္ဆာန်မွေးမြူရေးကုမ္ပဏီများ၊ ယင်းဒေသ ရှိ ကျေးရွာ အချို့တို့ နှင့် Jiuhua တောင်ဒေသများသို့ သွားရောက်လေ့လာကြရန် အစီအစဉ် ရှိကြောင်းသိ ရသည်။

No comments:

Post a Comment