Tuesday 6 November 2012

တောင်ကိုရီးယား နျူကလီးယား ဓာတ်ပေါင်းဖို နှစ်ခု ယာယီ ပိတ်ထား၍ နိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား ပြတ်တောက် နိုင်ဖွယ် ရှိ


တောင်ကိုရီးယား နိုင်ငံသည် အရည် အသွေး မမီသော ပစ္စည်းအား ပြန်လည် အစားထိုး မှု များ ပြုလုပ် ရန် နျူက လီးယား ဓာတ်ပေါင်း ဖို နှစ်ခုကို ပိတ်ထား ခဲ့ရကြောင်း ဝန်ကြီး တစ်ဦးက နိုဝင်ဘာလ ၅ ရက် နေ့ တွင် ပြောကြား ခဲ့သည်။ ယင်းကဲ့သို့ ပိတ်ရ ခြင်းကြောင့် နိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား ပြတ်တောက် မှုများ ဖြစ်ပေါ် မည်ဟု အသိပေး ထုတ်ပြန် ထားသည်။

တောင်ကိုရီးယား အနောက် တောင်ပိုင်း ယွန်ဂွမ် နျူကလီးယား ဓာတ်အားပေး စက်ရုံရှိ ဓာတ်ပေါင်း ဖို နှစ်လုံးတွင် တပ်ဆင် ထား သည့် ဖြူး ၅ဝဝဝ၊ အအေးပေး ပန်ကာနှင့် အခြား အထောက် အကူ ပစ္စည်း များ အား အင်ဂျင်နီယာ များက အစားထိုး လဲလှယ်ရန် အတွက် ဓာတ်ပေါင်းဖို နှစ်လုံးကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အစောပိုင်း အထိ ပိတ်ထားမည် ဖြစ်ပြီး လျှပ်စစ် ဓာတ်အား ပို့လွှတ်မှု ပါ ဖြတ်တောက် ထား မည် ဖြစ်သည်။
 ref:မြ၀တီ

No comments:

Post a Comment