Tuesday 6 November 2012

လူဇင်ဘတ် လုပ်ငန်းရှင်များ မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား

ဥရောပ နိုင်ငံလေးတခု ဖြစ်သည့် လူဇင်ဘတ် Luxemburg နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များမြန်မာနိုင်ငံ  တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိနေကြာင်း သိရသည်။

ယင်းအတွက် လူဇင်ဘတ်နိုင်ငံ ဝန်ကြီးချုပ် H.E, Mr. Jean Claude Juncker သည် မြန်မာ သမ္မတ ဦးသန်းစိန်နှင့် နိုဝင်ဘာလ ၄ ရက်နေ့တွင် လာအိုနိုင်ငံ မီယင်ကျန်းမြို့ရှိ ဒေါင်ချိန်းဧည့်ဂေဟာ တွင် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ပူးပေါင်းဆောင် ရွက်ေ ရး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် သဘာဝ သယံဇာတများ ပေါကြွယ်ဝမှုအပေါ် အကျိုးရှိ စွာ ဖော် ထုတ်ဆောင် ရွက်နိုင်ရေး၊ လူဇင်ဘတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံသွားရေး၊ နှစ်နိုင်ငံအကြား အခွန်နှစ်ထပ် ကောက်ခံမှု ရှောင်ရှားရေးစာချုပ် လက် မှတ် ရေး ထိုးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မြန်မာနိုင်ငံအပေါ် ယခင်က ရပ်ဆိုင်းထားခဲ့သည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ပြန်လည်ပေးအပ်သွားရေးနှင့် နှစ်နိုင်ငံအကြားကဏ္ဍစုံတွင်ပူးပေါင်းဆောင်ရွက်ရန်တို့ကို လည်းေ ဆွးနွေး ခဲ့ကြောင်း သိရှိရ သည်။

လူဇင်ဘတ်နိုင်ငံမှာ ပြင်သစ်၊ ဂျာမဏီနှင့် ဘယ်ဂျီယမ်နိုင်ငံများအကြားတွင် တည်ရှိပြီး ဥရောပတိုက်တွင်း အသေးဆုံးနိုင်ငံငယ်လေးများထဲမှ တခုဖြစ်သောလည်း စီးပွားရေးအရ တည်ငြိမ်ပြီး ဝင်ငွေမြင့် မားေ သာ ဈေး ကွက်စီးပွားရေး အတန်အသင့်ဖွံ့ဖြိုးတိုးတက်မှုရှိကာ ငွေကြေးဖောင်းပွမှုလည်း နိမ့် သည့် နိုင် ငံဖြစ်သည်။

ref:mizzima

No comments:

Post a Comment