Tuesday 6 November 2012

ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည့်ခေါင်းစဉ်များ


ယနေ့ (နိုဝင်ဘာလ ၆ရက်နေ့) တွင် ပြုလုပ်မည့် အမျိုးသား လွှတ်တော် အစည်းအဝေး တွင် အောက်ပါ အကြောင်းအရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။
၁) မြန်မာနိုင်ငံသား ဥပဒေကို အသစ်ရေးဆွဲ ပြဌာန်းပြီး လက်ရှိ မြန်မာနိုင်ငံသား ဥပဒေ ၁၉၈၂ ပြည်သူ့
လွှတ်တော် ဥပဒေ အမှတ် (၄) အား ပယ်ဖျက်သင့်ကြောင်း အဆိုအား လွှတ်တော် ကိုယ်စား လှယ် (၁၀) ဦးက ဆွေးနွေးခြင်း။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်း ။ အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။

၂) နိုင်ငံတော် အနေဖြင့် နိုင်ငံသားများ၏ မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းများ ပြုလုပ်ရာတွင် တိုင်းရင်း သား မျိုးနွယ်စုများ၏ လူဦးရေ စာရင်း တိကျ မှန်ကန်ရေးနှင့် တိုင်းရင်းသား မျိုးနွယ်စုများ၏ အမည် နာမ ရေးသား ဖြည့်စွက်ရာတွင် မှားယွင်းမှု မရှိစေရေးအတွက် ဒေသခံ တိုင်းရင်းသားများ ပါဝင်သော အဖွဲ့ဖြင့် ပူးပေါင်းလျက် လိုအပ်သော ကြိုတင် ပြင်ဆင် ဖွဲ့စည်းမှုများ ဆောင်ရွက်ပေးရန် အဆို တင် သွင်းခြင်း။

၃) အခြေခံပညာ ဆရာ/ဆရာမများ၏ စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်း ဆွေးနွေးပွဲများ ဖြည့်ဆည်းကူညီ ပံ့ပိုးပေးရန် အဆို တင်သွင်းခြင်း။

အစရှိသည်များကို ဆွေးနွေးကြမည် ဖြစ်သည်။

No comments:

Post a Comment