
Facebook
ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများအတွက် mobile platform သည်
အလွန်အရေးပါကြောင်း ကုမ္ပဏီ တွဲဖက်တည်ထောင်သူနှင့်
အမှုဆောင် အရာရှိ ချုပ်ဖြစ် သူ MarkZuckerberg က ကုမ္ပဏီ တတိယ သုံးလပတ်
အစည်းအဝေး တွင် ပြောကြားခဲ့သည်ဟု သိရသည်။ Mobile computing ခေတ်တွင်
Facebook သည်လည်း အလွန် တိုးတက် အောင်မြင်လာပြီး မိုဘိုင်းပစ္စည်းများပေါ်မှ
တစ်ဆင့် Facebook အသုံးပြုသူဦးရေသည် desktop ထက် ပိုမိုများပြားကြောင်း ၎င်းက
ပြောကြားသည်။
မိုဘိုင်းပေါ်တွင်
Facebook အသုံးပြုသူဦးရေနှင့် အကြိမ်အရေအတွက် ပိုမိုများပြားလာပြီး
မိုဘိုင်းအ သုံးပြုသူ ၇၀ ရာခိုင်နှုန်းခန့်က နေ့စဉ် အသုံးပြုလျက်ရှိသည်။
Facebook ၏ အဓိက တာဝန်မှာ မိုဘိုင်း စနစ်ဖြင့် ကမ္ဘာကြီးကို
ပိုမိုကျယ်ပြန့်စွာ ဆက်သွယ်နိုင်စေရန် ဖြစ်ကြောင်း Zuckerberg က
ပြောကြားခဲ့ သည်။ မိုဘိုင်းစနစ်အသုံးပြု၍ ကုမ္ပဏီ၏ ဝင်ငွေတိုးပွားအောင်
ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီကြော်ငြာ အမြတ်ငွေ စုစုပေါင်း၏ ၁၄ ရာခိုင်နှုန်း
(အမေရိကန်ဒေါ်လာ သန်း ၁၄၀ ခန့်) မှာ မိုဘိုင်းကြော်ငြာများမှ
ရရှိခြင်းဖြစ်ကြောင်း Wall Street သတင်းဌာနသို့ ပြောကြားခဲ့သည်။
လစဉ် Facebook အသုံးပြုသူဦးရေ 1.01
ဘီလီယံရှိပြီး ၎င်းအရေအတွက်သည် ကမ္ဘာ့လူဦးရေ၏ ၇ ပုံ ၁ ပုံခန့်ရှိ ကာ
စက်တင်ဘာလကုန် အထိ စမတ်ဖုန်းများမှတစ်ဆင့် Facebook အသုံးပြုသူဦးရေ ၆၀၄
သန်း ရှိသည်။ Facebook ကုမ္ပဏီ၏ အဓိက မိုဘိုင်းကြော်ငြာထုတ်ကုန်မှာ
Sponsored story များဖြစ်ပြီး ၎င်းကြော်ငြာများကို News Feed များတွင်
ထည့်သွင်းဖော်ပြလေ့ ရှိသည်။ Sponsored story များသည် ကုမ္ပဏီအတွက် နေ့စဉ်
အမြတ်ငွေ ၃ သန်းကို ပုံမှန် ရှာဖွေပေးနေကြောင်း Facebook ၏ chief operating
officer (COO) ဖြစ်သူ Sheryl Sandberg က ပြောကြားခဲ့သည်။ iOS နှင့်
Android platform များကို အမြဲ မမှီခိုသင့်ကြောင်း သုတေသီများက လေ့လာ
ပြောကြားခဲ့သော်လည်း Zuckerberg ကမူ Facebook အနေဖြင့် ၎င်း platform များကို
သီးသန့် platform တစ်ခုအနေဖြင့် ယှဉ်ပြိုင်မည်မဟုတ်ကြောင်းနှင့်
အဓိကအနေဖြင့် အဆိုပါ platform များမှတစ်ဆင့် Facebook အသုံးပြုမှု
မြင့်တက်ရေးကိုသာ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်
ပြောကြားခဲ့သည်။
No comments:
Post a Comment