Tuesday 6 November 2012

တရားမဝင်ကိုင်ဆောင်ထားသည့်လက်နက်များကို သက်ဆိုင်ရာသို့ သုံးရက်အတွင်းအပ်နှံရမည်ဟု သတင်းထုတ်ပြန်ပြီးနောက် လက်နက်များလာရောက်အပ်နှံမှုများရှိဟုဆို

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသောပဋိပက္ခအခြေအနေများကိုထိမ်းသိမ်းနိုင် ရန် တရားမဝင် ကိုင်ဆောင် ထား သည့် လက်နက် ဥပဒေပါလက်နက် များကို နီးစပ်ရာရဲစခန်းများနှင့် လုံခြုံရေးအဖွဲ့များထံ သုံးရက် အတွင်း အပ်နှံရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း သက်ဆိုင်ရာသို့ လက်နက်များ လာရောက် အပ်နှံ မှုများ ရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ်အဖြစ် လူဦးရေ ၈၉ ဦးသေဆုံးပြီး ၁၃၆ ဦးဒဏ်ရာရရှိကာ လူနေအိမ် ၅၃၅၁ အိမ်မီးလောင်ပျက်စီးဆုံးရှုံး၍ လူဦးရေ ၃၂၂၃၁ ဦးတို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် တစ်ကျော့ပြန် အရေးအခင်းအား ငြိမ်းချမ်းစွာဖြေရှင်း နိုင်ရန်အတွက် ရခိုင်ပြည်နယ်အတွင်း တရားမဝင် ကိုင်ဆောင်ထား သည့် သေနတ်၊ လှံစွပ်၊ ဓားလွယ်၊ ဓားမြှောင်၊ လှံ၊ လေးနှင့်မြား၊ ဂျင်ကလိ၊ လက်နက် အစိတ်အပိုင်းနှင့် လက်နက် ထုတ်လုပ်သော ဆက်စပ်ပစ္စည်းများ အားလုံးကို နီးစပ်ရာရဲစခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထံ အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ နိုဝင်ဘာလ ၃ ရက်နေ့အတွင်း လာရောက် အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း လာရောက်အပ် နှံမှုမရှိပါက ယင်းတရားမဝင်လက်နက် ကိုင်ဆောင်ထားသူများကို ဥပဒေအရထိရောက်စွာ အရေးယူသွားမ ည်ဖြစ်ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့နေ့စွဲဖြင့် နိုင်ငံတော် သမ္မတရုံးကကြေညာခဲ့ကြောင်း သိရသည်။

ယင်းကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်း ရခိုင်ပြည်နယ် အတွင်းရှိတစ်ချို့မြို့ နယ်များတွင် အဆိုပါတရား မဝင်လက်နက် များအား လာရောက်အပ်နှံမှုများရှိကြကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦး က နိုဝင် ဘာလ ၅ ရက်နေ့၊ နံနက်ပိုင်းတွင်ပြောသည်။

''တစ်ချို့ဒေသတွေမှာတော့ လာရောက်အပ်နှံမှုတွေရှိပါတယ်။ ဘယ်ဒေသတွေမှာအပ်ပြီးတော့ လာအပ်တဲ့ လက် နက် အမျိုးအစား အတိအကျစာရင်းကိုတော့ ကျွန်တော်တို့မရရှိသေးပါဘူး။ ဒါပြည်နယ်မှူး ကို မေးရ မယ့် ကိစ္စမို့ ကျွန်တော်ပြည်နယ်မှူး ကိုမေးပေးပါ့မယ်။ မေးပေးအပြီး ကျွန်တော်ပြန် ဆက်သွယ် ပေးပါ့မယ်။ ကျွန်တော်တို့ ခုလောလောဆယ် သိထားတာ ကတော့ မောင်တောတို့၊ ကျောက်တော်တို့ ဘက်မှာ လာအပ် တယ်လို့ သိရပါ တယ်''ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အဆိုပါတာဝန်ရှိသူကပြောသည်။

တရားမဝင်ကိုင်ဆောင်ထားသည့်လက်နက်များကို လက်နက် ဥပဒေပါ အတိုင်း နိုဝင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား လာရောက်အပ်နှံရမည်ဟုကြေညာချက်ထွက်ပေါ်အပြီး ယင်းကြေညာချက် ထုတ်ပြန် လိုက် သည့် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ဗလီတစ်ခုအား သက်ဆိုင်ရာ မှ ရှောင်တခင် ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ရာ တရားမဝင်လက်နက်အမျိုးအစား ၁၁ မျိုးကိုဖမ်းဆီးရမိခဲ့ပြီး ယင်းနှင့် ပတ်သက်သည့်တရားခံများအား သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူစစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။
 
ref: YMG

No comments:

Post a Comment