Tuesday 6 November 2012

ဆန္ဒပြ သစ်အချောထည် လုပ်သားအချို့ အရေးပေါ် ဆေးကုသမှုခံယူ

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တောင်ဝင်မိသားစု သစ်အချောထည် စက်ရုံတွင် ညလုံးပေါက် ဆန္ဒပြတောင်း ဆိုသော အလုပ်သမား ၂ဝဝ ကျော်အနက် အလုပ်သမား ၂၆ဦး အား ကျန်းမာရေး အခြေအနေကြောင့် ဆေးရုံတွင် အရေးပေါ် ကုသခဲ့ရကြောင်း အဆိုပါ အလုပ်သမားများ နှင့် Action Labour Right မှ ရွှေပြည်သာ တာဝန်ခံ ဦးကျော်မင်းက ပြောကြားသည်။
အလုပ်လုပ်ခွင့် ရရှိရေးအတွက် ၇ ညနှင့် ၈ ရက်ဆက်တိုက် ဆန္ဒပြတောင်းဆိုနေသော်လည်း ပြေလည်မှု မရရှိသေးသဖြင့် စတင်ကာ အလုပ်သမား ၁ဝဦး ကနိုဝင်ဘာလ ၁ ရက်နေ့တွင် စတင် အစာအငတ်ခံ ဆန္ဒပြနေခဲ့ကြကြောင်း၊ ဆန္ဒပြ တောင်းဆိုမှု ဆယ်ရက်မြောက်နေ့(နိုဝင်ဘာလ ၄) တွင် အလုပ်သမား ၂၅ဦး ကျန်းမာရေး(အထူးသဖြင့် နှလုံး အမောဖောက်) အခြေ အနေကြောင့် ရွေပြည်သာမြို့နယ် ဆေးရုံနှင့် အင်း စိန်ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရပြီး ယနေ့တွင် တစ်ဦး အရေးပေါ် ဆေးရုံတွင် ကုသနေရကြောင်း ဦးကျော်မင်းက ဆိုသည်။

အဆိုပါ အလုပ်သမားများသည် စက်ရုံထဲ ဝင်ရောက်၍ အလုပ်လုပ်ခွင့် ရရှိရေး အပါအဝင် အချက် ငါးချက်ကို တောင်းဆို နေခြင်းဖြစ်ပြီး ဆန္ဒပြ တောင်းဆိုမှု ယင်းကဲ့သို့ ကြာမြင့်လာပြီ ဖြစ်သော်လည်း အလုပ်ရှင်က တွေဆုံညှိနှိုင်းမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိသေးကြောင်း၊ အလုပ်သမား ဝန်ကြီး ဌာနက လည်း တစ်စုံတစ်ရာ လာရောက် ညှိနှိုင်း ဖြေရှင်းပေးမှု မရှိကြောင်း ၎င်းတို့က ဆိုသည်။

"တောင်းဆိုချက်တွေ မရမချင်း အသက်သေရင် သေပေစေ တောင်းဆိုသွားမယ်။ " ဟု နာမ ကျန်း ဖြစ်နေသော အသက် ၃၀ အရွယ် မလဲ့လဲ့ဝင်းက ထုတ်ဖော်သည်။

အဆိုပါ ကိစ္စရပ်နှင့် ပက်သတ်၍ တောင်ဝင်မိသားစု သစ်အချောထည် စက်ရုံမှ စက်ရုံမှူး ဦးညွှန့်သိန်းကမှု အလုပ်သမားများ တောင်းဆိုမှုများကို အလုပ်ရှင်နှင့် အလုပ်သမားများ အောက်တိုဘာလ ၈ရက်နေ့က ညှိနှိုင်းပြီးဖြစ်ကာတောင်းဆိုချက်များကိုလိုက်လျောပြီးဖြစ်သဖြင့်ထပ်မံညှိ နှိုင်းရန်အစီစဉ် မရှိေ ကြာင်း    ဖြေကြားသည်။

အဆိုပါ အလုပ်သမားများ ညလုံးပေါက် တောင်းဆိုမှု ယနေ့တွင် ၁၁ ရက်မြောက်ပြီဖြစ်သည်။
 
ref:thevoiceweekly

No comments:

Post a Comment