Tuesday 6 November 2012

လက်ရှိငွေလဲစင်တာများတွင် ဒေါ်လာ အရောင်းအဝယ် အခက်အခဲရှိဆဲဖြစ်

မြန်မာနိုင်ငံ၌ တရားဝင်ငွေ လဲ စင်တာဖွင့်လှစ်ခွင့်ကို ၂ဝ၁၁ ခုနှစ်မှစတင်လုပ်ကိုင်ခွင့် ရခဲ့ပြီး ပြည်တွင်း ဘဏ် ၁၇ခုသို့ ခွင့်ပြု ခဲ့၍ တစ်နိုင်ငံ လုံး၌ ငွေလဲစင် တာ ၁၃၁ ခု ဖွင့်လှစ်ခဲ့ပြီးဖြစ် သည်။
တရားမဝင်ဒေါ်လာ ရောင်း ဝယ် ရေးဈေးကွက်တွင် ဆောင် ရွက်နေသူများ ပပျောက်ရန် အဆိုပါလုပ်ငန်း လုပ်ဆောင်သူ များကို ငွေလဲစင်တာများအဖြစ် တရားဝင်လုပ်ကိုင်ခွင့် ပြုသွား မည်ဟူသောသတင်းများ ထွက် ပေါ်လာခြင်းအပေါ် ''ကောင်း ပါတယ်။ နိုင်ငံခြားတိုင်းပြည် တွေလိုပေါ့။ တကယ်တော့ Money Changer ကိစ္စမျိုး ကို ဘဏ်တွေကမလုပ်ချင်ပါဘူး။ အကျိုးအမြတ်လည်း ဘာမှသိပ် မရှိဘူး။ ဘဏ်အနေနဲ့ Export Import ကိစ္စတွေ Saving တွေ ပဲ ဆောင်ရွက်ချင်တာပါ''ဟု ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးသန်း လွင်က ဆို သည်။ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ယင်း တို့၏ earning များ ရောင်းချ ရာတွင် လည်းကောင်း၊ ဒေါ်လာ များ အရောင်းအဝယ်လုပ်ရာတွင် လည်းကောင်း ယခု ဖွင့်လှစ် ထား သည့် ငွေလွှဲစင်တာများ၌ ဆောင်ရွက်ရာတွင် ပြင်ပနှင့် ဈေးနှုန်းကွာဟမှုများရှိနေခြင်းများသည် အဟန့်
အတား ဖြစ်စေ ၍ပြင်ပဒေါ်လာအရောင်းအဝယ် လုပ်သူများနှင့်သာ ဆောင်ရွက် နေရကြောင်းသိရသည်။ ယင်း ကဲ့သို့ ဘဏ်များမှ ဖွင့်လှစ်ထား သော Money Charger များ တွင် ဒေါ်လာ အရောင်းအဝယ် ကိစ္စများ အခက်အခဲရှိနေခြင်း နှင့် စပ်လျဉ်း၍ ဦးသန်းလွင် က ''လုပ်ငန်းရှင်တွေ အနေ နဲ့ တစ်ဖက် သက်ပြောလို့မရပါ ဘူး၊ ဘဏ်တွေကလည်း နိုင်ငံ ခြားငွေဝင်လာမှ ပြန်ရောင်းလို့ ရမှာပါ။ ဒေါ်လာ သန်းထောင် ချီပြီး အရောင်းအဝယ် လုပ်ဖို့ မလွယ်သေးဘူး။ အခုဆို ဘဏ် တွေရဲ့ နိုင်ငံခြားနဲ့ ဆက် သွယ် ဆောင်ရွက်မှုတွေကအတော်မြန် ဆန်လာပြီလို့ပြောရမယ်။အား လုံးက အတွေ့အကြုံယူနေရဆဲ ပါ''ဟုသုံးသပ်ပြောကြားသည်။ အမေရိကန်မှSanction ရုပ် သိမ်းလိုက်ပြီ ဆိုသော်လည်း အမေရိ ကန်ရွေးေ ကာက်ပွဲပြီးမှ သာ ငွေကြေးကိစ္စများပိုမိုအဆင် ပြေစွာဆက်သွယ်ဆောင်ရွက်နိုင် မည်ဖြစ် သည် ဟု လည်းသိ ရသည်။
 
ref:thestreetview
 
 

No comments:

Post a Comment