Tuesday 6 November 2012

နိုင်ငံသားပိုင် ရွှေမြန်မာ လေကြောင်းလိုင်းသစ် လာတော့မည်


မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် လေကြောင်းလိုင်း အသစ်တခု ပေါ်လာမည်ဖြစ်ကြောင်းသိရသည်။ လူ တိုင်း လေယာဉ် စီးနိုင်ရန်အတွက် ရွှေမြန်မာလေကြောင်းလိုင်း အသစ်တခုဟာ လာမယ့် နှစ် ဆန်း ဖေဖော် ၀ါရီလက စတင်ပြီး လူ ၁၈၀ ဆန့်တဲ့ A 320 Air Bus လေယာဉ်တွေ နဲ့ ပြည်တွင်း- ပြည်ပ ကို ပြေးဆွဲပေး မည်ဖြစ်ပါသည်။

A 320 Air Bus လေယာဉ်တစင်းဟာလည်း လာမယ့် ဒီဇင်ဘာလ မှာ မြန်မာနိုင်ငံကို ရောက်လာ မှာဖြစ် ပါသည်။ အ သစ်ပြေးဆွဲမယ့် ရွှေမြန်မာ လေကြောင်းလိုင်းကို အများပိုင် ကုမ္ပဏီအဖြစ် ဖန်တီးသွား မည်ဖြစ်ပြီး ကျပ်သန်းပေါင်း ၁၀၀ ကို အစုရှယ်ယာအဖြစ်သတ်မှတ်ထားကာ အစုရှယ်ယာ တစုလျှင် ကျပ်ငွေ ၁ သောင်းနှုန်းနဲ့ ရောင်းချဖို့ လည်း အစီအစဉ်ရှိပါသည်ဟု အစိုးရ သတင်းစာများ တွင် ဖော်ပြထား ပါသည်။

လေကြောင်းလိုင်းသစ်၏ ဆောင်ပုဒ်မှာ "မြန်မာပြည်သူအတွက် ရွှေမြန်မာ လာပြီဗျို့ လူတိုင်းလေ ယာဉ်စီကြစို့" ဖြစ်ပြီး ဆောင်ပုဒ်နှင့်အညီဖြစ်စေရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

No comments:

Post a Comment