Tuesday 6 November 2012

စာပေစိစစ် နှင့် မှတ်ပုံတင်ဌာနကို မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနအဖြစ် ပြောင်းလဲမည်

ဆင်ဆာမူဝါဒ ကျင့်သုံးခြင်းမရှိတော့သည့် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနကို မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန အဖြစ် ပြောင်းလဲတော့မည်ဟုသိရသည်။
ပြောင်းလဲဖွဲ့စည်းရန် အတွက် ပြီးခဲ့သည့်လက မူအားဖြင့် သဘောတူပြီးဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံ တင် ဌာနမှ ညွှန်ကြားရေးမှုး ဦးမျိုးမြင့်မောင် ကပြောသည်။

ထိုသို့ ဌာနပြောင်းလဲဖွဲ့စည်းမည့်ကိစ္စနှင့် ပတ်သက်၍ အသေးစိတ်မသိရှိရသေးကြောင်း ၎င်း ကပြောသည်။

" သေချာတာ တစ်ခုကတော့ လုပ်ငန်းစဉ် နှစ်ရပ်ရှိမယ်။အရင်တုန်းက စာပေစိစစ်ခြင်း၊ မှတ်ပုံတင်ခြင်း။ အခု ကျတော့ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေ မှတ်ပုံတင်ကိစ္စရပ်တွေ ဒီနှစ်ခုကို ကျွန်တော်တို့ လုပ်မှာပေါ့။" ဟု ဦးမျိုးမြင့်မောင်က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ၁၉၁၄ ခုနှစ် မူပိုင်ခွင့်ဥပဒေရှိရာ ၎င်းဥပဒေကို သိပံ္ပနှင့် နည်းပညာ ၀န်ကြီးဌာန က ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေကြောင်း၊ မူကြမ်းပြီးသွားပါက ပြန်လည်အတည်ပြုမည့် ဥပဒေ ၏ ပြဌာန်းချက် အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်ထံမှ သိရသည်။

စာပေစိစစ်ရေးမှ ယခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ပုံနှိပ်ဖော်ပြမည့် စာမူများအားလုံး ကြိုတင် တင်ပြခွင့်ပြုချုက် ရယူမှုကို ပယ်ဖျက်ခဲ့ပြီး စာပေစိစစ်ရေးမူဝါဒကို ပြောင်းလဲခဲ့သည်။
 
 
ref:popular

No comments:

Post a Comment