Tuesday 6 November 2012

ဌာနဆိုင်ရာမြေများပေါ်မှ ကျူးကျော်များအား မြို့ပြင်တွင် နေရာပြန်ချထားပေးမည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ပြော

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း ဌာနဆိုင်ရာမြေများပေါ်ရှိ ကျူးကျော်တဲများအား မြို့ပြင် တွင် အကွက်ရိုက်ကာ နေရာပြန်ချထားပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေကြောင်း တာမွေမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းကပြောသည်။
ရန်ကုန်မြို့တွင်းရှိ ကိုကိုးကျွန်းမှအပ ကျန်မြို့နယ် (၄၄) မြို့နယ်တိုင်း၌ ကျူးကျော်ပမာဏမှာ မြို့နေ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ဆယ့်နှစ်သိန်းခန့်ရှိကြောင်း ၄င်းကပြောသည်။

"စည်ပင်မြေ၊ အိုးအိမ်မြေ၊ ပလပ်မြေ၊ မီးရထားပိုင်မြေ၊ စားကျက်မြေနှင့် တပ်မြေဧရိယာ အတွင်းမှာ ရှိတဲ့ မြေပေါ်မှာနေတာ နှစ်ပေါင်းဘယ်လောက်ကြာကြာ သူတို့မှာ မြေချပါမစ်၊ ဂရန်မရှိရင်၊ ဘိုးဘွား ပိုင်မြေေ ပါ် မှာ နေတာမဟုတ်ရင် အကုန်ကျူးကျော်တွေပဲ"ဟု ဦးအေးသိန်းကပြောသည်။

စည်ပင်သာယာပိုင်မြေပေါ်တွင်ပင် လမ်းပိတ်ကာ ကျူးကျော်ဆိုင်ခန်းများ ဆောက်လုပ်၍ လူနေထိုင်ခြင်းကို စည်ပင်က ခွင့်ပြုကာ အခွန်ကောက်ယူနေခြင်းမှာ စည်ပင်ကိုယ်တိုင် မိမိမြေကို ပြန်လည် ကျူးကျော်ေ နခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

"ကျွန်တော်တို့ လယ်မြေတွေကို အိုးအိမ်နဲ့ ဌာနဆိုင်ရာတွေက လျော်ကြေးမပေးဘဲသိမ်းတယ်။ ဘာမှမ လုပ်ဘဲ ဒီအတိုင်းထားတယ်။ ကျွန်တော်တို့က စပါးဝင်စိုက်တော့ ကျူးကျော်တွေဆိုပြီး တရားစွဲတာ ခံရ တယ် "ဟု ရွှေပြည်သာမြို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။

အထက်ပါကဲ့သို့သော ပြဿနာများအား မဖြေရှင်းနိုင်သေးမီတွင် ရန်ကုန်မြို့နေ လူဦးရေ ဆယ့်နှစ်သိန်း အ တွက် အိမ်အကွက်ချပေးရန် မြေရှိသောကြောင့် လမ်း၊ ရေ၊ မီးများ စီစဉ်ပေးမည်ဖြစ်၍ ကျူးကျော်များ က ကော်မတီများဖွဲ့ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ အလျင်အမြန်တင်ပြရမည်ဖြစ်ကြောင်း သိရ သည်။ အကယ်၍ ကျူးကျော်ဖြစ်နေလျက် ဖယ်မပေးပါက စည်ပင်၏ ကျူးကျော်ဥပဒေအရ တရားစွဲခံရ မည်ဖြစ်ကြောင်း ဦးအေးသိန်းကပြောသည်။

ref:7Day News Journal

No comments:

Post a Comment