ရခိုင်ပြည်နယ်အတွင်း အောက်တိုတိုဘာလ နောက်ဆုံးပတ်တွင်
ဆက်လက်ဖြစ်ပွား ခဲ့သော နောက် ဆက်တွဲ ပြဿနာကြောင်း စစ်တွေမြို့တွင်
သားငါးဈေးကွက်များထိခိုက်ခဲ့ြေ ကာင်းသိရသည်။ ပုံမှန်ဆိုလျှင် သီတင်း ကျွတ်လပြည့်နေ့မတိုင်မီ(၁ )ရက်နေ့မှသာ ငါးဖမ်းစက်လှေများအနားယူပြီး သီတင်း ကျွတ် လပြည့်ေ ကျာ် (၂)ရက်နေ့လောက်တွင်မှသာ ငါးဖမ်းစက်လှေများပြန်လည်လုပ်ငန်းခွင်ဝင်ကြကြောင်းသိ ရ သည်။
သို့သော်လည်း ယခုနှစ် ယင်းအချိန်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊
ပေါက်ေ တာ၊ မြေ ပုံ၊ ကျောက်ဖြူမြို့ တွင် ဆက်လက်ဖြစ်ပွား ခဲ့သော
နောက်ဆက် တွဲပြဿနာ များကြောင်း ငါးဖမ်းစက်လှေ များမှာ
ပင်လယ်ပြင်လုံခြုံမှုမရှိသဖြင့် ပုံမှန်ရက်ထက် သုံးလေးရက်လောက်စောပြီးလုပ်ငန်း ခွင် ပိတ်သိမ်း ခဲ့သောေ ကြာင့် စစ်တွေမြို့အတွင်း ငါးများရှားပါးကာ သားငါးဈေးနှုန်းများမတန်မဆထိုး တက်သွားခဲ့ရ သည်။ သီတင်းကျွတ်လွန်သော်လည်း ပင်လယ်ပြင်လုံခြုံမှုအရေး စိုးရိမ်မှုရှိသောကြောင့် ငါးဖမ်းစက်လှေ အချို့မှာ ယခုအချိန်ထိလုပ်ငန်းခွင်မ၀င်နိုင်ဘဲရှိနေသေးသည်။ အဆိုပါဈေးကွက်ဂယက်ကြောင့် သားငါးကို အဓိက ထားလုပ်ကိုင်နေရသည့် ထမင်းဆိုင်၊ စားသောက်ဆိုင်၊ မုန့်တီမုန့်ဟင်းခါးဆိုင်အချို့မှာ ပိတ်ထား ခဲ့ရပြီး အများစုမှာ လုပ်ငန်းများနှောင့်နှေးခဲ့ရသည်အထိဖြစ်ခဲ့ရသည်။ စစ်တွေမြို့၊ မောလိပ် ရပ်ကွက် အတွင်း ရှိ နာမည်ကြီးရခိုင်မုန့်တီဆိုင်ဆိုလျှင်
ငါးရှားပါပြီး လိုအပ်သည့်ငါး များသဖြင့် ဆိုင်ကို(၁)ပါတ်နီးပါး ခန့်
ပိတ်ထားခဲ့ရပြီး ယနေ့ ၆-၁၁-၂၀၁၂ နေ့တွင်မှသာ
ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။
ယခု အချိန်တွင် ငါးဖမ်းစက်လှေတစ်ချို့မှာ လုပ်ငန်းခွင်
ဝင်နေကြပြီဖြစ်သော်လည်း သားငါးဈေးနှုန်းမှာ မကျ ဆင်းေ သးကြောင်း သိရသည်။
အဆိုပါငါးဖမ်းစက်လှေများမှာလည်း ပင်လယ်ပြင်လုံခြုံရေး စိုးရိမ်မှု များေ ကြာင့် လည်း တစ်စုတစ်ဝေးတည်း ထွက်ခွာပြီး တစ်စီးနှင့်တစ်စီး မျက်မြင်နိုင်လောက်ေ သာအခြေ အနေ တွင်သာ ငါးဖမ်းနေရကြောင်းသိရသည်။
ref:Rakhine Straight Views

No comments:
Post a Comment