Tuesday 6 November 2012

ဆော်ဒီတွင် ကရိုနိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေကြောင်း အတည်ပြုကြေညာ

Photo: ဆော်ဒီတွင် ကရိုနိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေကြောင်း အတည်ပြုကြေညာ 
Tuesday, November 06, 2012  

ဆော်ဒီအာရေဗျ နိုင်ငံတွင် ကရိုနိုဗိုင်းရပ်စ် ပျံ့ပွားသည့် ဖြစ်စဉ်တစ်ခု ထပ်မံပေါ်ပေါက်လာကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများ အတည်ပြု ပြောဆိုခဲ့သည်။

ဆော်ဒီအစိုးရက လူတစ်ဦးသည် ကရိုနိုဗိုင်းရပ်စ် ကူးစက်ခံရကြောင်း
တွေ့ရှိရသည့်နောက် ရီယာ့ဒ်မြို့တော်ရှိ ဆေးရုံတစ်ခုတွင် ကုသမှု ခံယူနေရကြောင်း ကြေညာခဲ့သည်။ 

ကူးစက်ခြင်း ခံရသူကို ရီယာ့ဒ်မှ ထွက်ခွာခွင့် မပေးသလို ၎င်း၏ ခန္ဓာကိုယ်ရှိ ဗိုင်းရပ်စ်ပိုးကို ဆော်ဒီအာရေဗျ ပြင်ပ နိုင်ငံများမှ ဓာတ်ခွဲခန်းများသို့ ပို့ဆောင် စမ်းသပ်စေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လူနာကို ဗိုင်းရပ်စ်ပိုး ကင်းစင်အောင် ကုသနေဆဲဖြစ်ပြီး ၎င်း၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်းလည်း သိရသည်။ ဆော်ဒီတွင် ကရိုနိုဗိုင်းရပ်စ် ကူးစက်မှုကြောင့် အနည်းဆုံးလူ(၂)ဦး သေဆုံးခဲ့သည့်နောက်
ယင်းကို အလေးထား လေ့လာခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီမှ ဗြိတိန်နိုင်ငံသို့ သွားရောက်သည့် ကာတာနိုင်ငံသား တစ်ဦးမှာလည်း ယင်းဗိုင်းရပ်စ်ကြောင့် အပြင်းအထန် ဖျားနာခဲ့သေးသည်။

ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဖြစ်သူ အက်ဘ်ဒူလာ အယ်လ်ရာဘီက ဟာ့ဂ်ျခရီးသွား ရာသီ မတိုင်မီကတည်းက ဗိုင်းရပ်စ် ကူးစက်မှုကို ကန့်သတ်ထားနိုင်ပြီး ဝတ်ပြု ခရီးသည်များအတွက် ဆိုးရွားသော ခြိမ်းခြောက်မှု မရှိနိုင်ဟု ပြောဆိုထားခဲ့သည်။ 

ထို့အပြင် ကရိုနို ဗိုင်းရပ်စ်ကြောင့် အသေအပျောက် ရှိသည်အထိ အခြေအနေ ဆိုးတတ်သည်မှာ အလွန် ဖြစ်ခဲသော အခြေအနေမျိုးဖြစ်ပြီး လူနာအများစုမှာ ပြန်လည်သက်သာ ပျောက်ကင်းလေ့ရှိကြောင်းလည်း
ဆော်ဒီကျန်းမာရေး အာဏာပိုင်များက ပြောဆိုထားသည်။

Source: Xinhua
Planet Myanmar Network
 ဆော်ဒီအာရေဗျ နိုင်ငံတွင် ကရိုနိုဗိုင်းရပ်စ် ပျံ့ပွားသည့် ဖြစ်စဉ်တစ်ခု ထပ်မံပေါ်ပေါက်လာကြောင်း ကျန်း မာရေးဌာန တာဝန်ရှိသူများ အတည်ပြု ပြောဆိုခဲ့သည်။
ဆော်ဒီအစိုးရက လူတစ်ဦးသည် ကရိုနိုဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိရသည့်နောက် ရီ ယာ့ဒ်မြို့တော် ရှိ ဆေးရုံတစ်ခုတွင် ကုသမှု ခံယူနေရကြောင်း ကြေညာခဲ့သည်။

ကူးစက်ခြင်း ခံရသူကို ရီယာ့ဒ်မှ ထွက်ခွာခွင့် မပေးသလို ၎င်း၏ ခန္ဓာကိုယ်ရှိ ဗိုင်းရပ်စ်ပိုး ကို ဆော်ဒီ အာရေဗျ ပြင်ပ နိုင်ငံများမှ ဓာတ်ခွဲခန်းများသို့ ပို့ဆောင် စမ်းသပ်စေကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

လူနာကို ဗိုင်းရပ်စ်ပိုး ကင်းစင်အောင် ကုသနေဆဲဖြစ်ပြီး ၎င်း၏ ကျန်းမာရေး အခြေ အနေ ကောင်းမွန်ကြောင်းလည်း သိရသည်။ ဆော်ဒီတွင် ကရိုနိုဗိုင်းရပ်စ် ကူးစက်မှုကြောင့် အနည်း ဆုံးလူ (၂) ဦး သေဆုံးခဲ့သည့်နောက် ယင်းကို အလေးထား လေ့လာခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီမှ ဗြိတိန်နိုင်ငံသို့ သွားရောက်သည့် ကာတာနိုင်ငံသား တစ်ဦးမှာလည်း ယင်းဗိုင်းရပ်စ်ကြောင့် အပြင်းအထန် ဖျားနာခဲ့သေး သည်။

ဆော်ဒီ ကျန်းမာရေး ဝန်ကြီးဖြစ်သူ အက်ဘ်ဒူလာ အယ်လ်ရာဘီက ဟာ့ဂ်ျခရီးသွား ရာသီ မတိုင်မီက တည်းက ဗိုင်းရပ်စ် ကူးစက်မှုကို ကန့်သတ်ထားနိုင်ပြီး ဝတ်ပြု ခရီးသည်များအတွက် ဆိုးရွားသော ခြိမ်းခြောက် မှု မရှိနိုင်ဟု ပြောဆိုထားခဲ့သည်။

ထို့အပြင် ကရိုနို ဗိုင်းရပ်စ်ကြောင့် အသေအပျောက် ရှိသည်အထိ အခြေအနေ ဆိုးတတ်သည်မှာ အလွန် ဖြစ်ခဲသော အခြေအနေမျိုးဖြစ်ပြီး လူနာအများစုမှာ ပြန်လည် သက်သာ ပျောက်ကင်းလေ့ ရှိကြောင်းလည်း ဆော်ဒီကျန်းမာရေး အာဏာပိုင်များက ပြောဆိုထားသည်။

Source: Xinhua
Planet Myanmar Network

No comments:

Post a Comment