Wednesday 31 October 2012

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် အီတာလျံ-ထိုင်း အများပိုင်ကုမ္ပဏီကို ထိုင်းအစိုးရမှ ကူညီထားသော်လည်း ငွေကြေးထပ်မံလိုအပ်နေ သတ်မှတ်ပေးချက်အတိုင်း လုပ်မည်ဆိုပါက ဂျပန်အစိုးရမှ ငွေကြေးစိုက်ထုတ် ကူညီမည်ဟု သိရ

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အီတာလျံ-ထိုင်း အများ ပိုင်ကုမ္ပဏီ (Italian-Thai Development Public Company-ITD) အနေဖြင့် ငွေကြေးမလုံလောက်၍ ထိုင်းအစိုးရမှ ၀င်ရောက်ကူညီထားရကြောင်း သတင်းရရှိသည်။
သို့သော် ထိုင်းအစိုးရမှ ၀င်ကူညီပေးထားသည့် ငွေပမာဏမှာ နည်းပါးလွန်းသည့်အတွက် ငွေကြေးထပ်မံ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

ထပ်မံလိုအပ်သည့် ငွေကြေးအား ဂျပန်နိုင်ငံအစိုးရမှ ကူညီမည်ဟု ITD မှ ထုတ်ဖော်ပြောကြားထားပြီး ဂျပန် အစိုးအရအနေဖြင့်လည်း ၎င်းတို့၏ သတ်မှတ်ပေးချက်များအတိုင်း ITD မှ လိုက်နာလုပ် ကိုင်ပေးမည် ဆိုပါက စိုက်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရအနေဖြင့် ITD အစား ITD အပါအ၀င် ကုမ္ပဏီများစွာ ပါဝင်သော ယာယီပူးပေါင်းထားသော အဖွဲ့အစည်း Consortium ကို ဖွဲ့စည်းသွားရန်၊ ယင်းယာယီပူးပေါင်းထား သော အဖွဲ့အစည်း Consortium အပေါ် ကြီးကြပ်ပေးမည့် အစိုးရအပါအ၀င် သုံးဦး သို့မဟုတ် နှစ်ဦးနှစ်ဖက် ပါဝင်သည့် Mechanism ရှိရန် လိုအပ်ကြောင်း ပြောကြားထားသည် ဟု ITD မှ တာဝန်ရှိသူများက ပြောကြားသည်။

ဂျပန်အစိုးရမှ တောင်းဆိုသည့်အတိုင်း လုပ်ပေးနိုင်ပါက ငွေကြေးလိုအပ်နေသည့် ITD သို့ ဂျပန်အစိုးရမှ ဘဏ္ဍာငွေ အကူအညီပေးမည်ဖြစ်သည်ဟု ပြောကြားထားကြောင်း သိရသည်။

ယင်းသို့ ဂျပန်နှင့် ITD အကြား ပြောကြားထားသည်ဟု ဆိုသော်လည်း မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နား လည်မှုရှိရန် လိုအပ်နေသေးပြီး နားလည်မှုရရှိမှသာ ဆက်လက်ဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု သိရ သည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ITD မှ အမေရိကန်ဒ်ါလာ ၈ ဒသမ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း၊ စီးပွားရေးဇုန်အတွင်း ဆိပ်ကမ်း၊ လမ်း၊ လျှပ်စစ်ဓာတ်ပေးစနစ်၊ စက်မှုဇုန်အပါအ၀င် စီမံကိန်းခြောက်ခုကို အကောင်အထည်ဖော်ရန် . . .

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ITD မှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ဘီလျံ ရင်းနှီး မြှုပ်နှံ မည်ဖြစ်ကြောင်း၊ စီးပွားရေးဇုန်အတွင်း ဆိပ်ကမ်း၊ လမ်း၊ လျှပ်စစ်ဓာတ်ပေးစနစ်၊ စက်မှုဇုန်အပါအ၀င် စီမံကိန်းခြောက်ခုကို အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၀၈ ခုနှစ် မေလ ၁၉ ရက်နေ့က စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးများမှ ထားဝယ်ရေ နက်ဆိပ်ကမ်း တည်ဆောက်မည့် အစီအစဉ်နှင့်ပတ်သက်၍ နားလည်မှုစာချွန်လွှာ စတင်ရေး ထိုးခြင်းဖြစ် သည်။

ယင်းနောက် ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ေ ဆာက်ရေး၊ ကားလမ်းဖောက်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ITD အကြား နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်၊ နယ် စပ်ဖြတ်ေ ကျာ်ကားနှင့် ရထားလမ်းဖောက်လုပ်ရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ITD တို့အကြား မူဘောင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ITD မှ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် Developer အဖြစ် တာဝန်ယူထားပြီး အကောင်အထည်ဖော်ရန်အတွက် Dewai Development Co.,Ltd ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက် နေ့တွင် စတင်ဖွဲ့စည်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ITD အနေဖြင့် Developer အနေဖြင့် တာဝန်ယူထားသော်လည်း စတင်လုပ်ကိုင်ပြီး မကြာမီအချိန်၌ပင် ရင်းနှီးငွေကြေး မလုံလောက်သည့် ပြဿနာဖြင့် ရင်ဆိုင်ရပြီး လိုအပ်ငွေအပေါ် ထိုင်းအစိုးရမှ ၀င်ကူ ခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်အခြမ်းမှ ပါဝင်ခဲ့သူ Max Myanmar ကုမ္ပဏီ အနေဖြင့်လည်း အကြောင်းကြောင်းကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားမှုမှ ပြန်လည်နုတ်ထွက်လိုက်ကြောင်း သိရ သည်။ 

ref:EMG

No comments:

Post a Comment