Wednesday 31 October 2012

နယူးယောက်ခ်မြေအောက်ရထားစနစ် နာလန်ထူနိုင်ရန် တစ်ပတ်ကျော်ကြာနိုင်


 
အဂ္ဂမဟာ စူပါမုန်တိုင်းကြီးဖြစ်သည့် ဟာရီကိန်း စန္ဒီ (Hurricane Sandy) နူးယောက်ခ်မြို့ကို ကျော်ဖြတ်၍ နိဂုံးခပတ် အဆုံးသတ် သွားခဲ့သော်လည်း ယခုအခါ မုန်တိုင်း၏ နောက်ဆက်တွဲ အနေဖြင့် နူးယောက်ခ်၏ လမ်းပန်းဆက်သွယ်ရေး မြေအောက်ရထားစနစ် (Subway) ရပ်တန့်သွားခဲ့ရပြီး နူးယောက်ခ်မြို့ကြီး ဒုက္ခိ တ ဖြစ်ခြင်းတည်း ဟူသော အကျိုးဆက်ကို ထားရစ်ခဲ့ပါတယ်။ ဒီလို ရပ်တန့်သွားမှုကို ပြန်လည် ထူေ ထာင်ပြီး နာလည်ထူလာနိုင်ဖို့ ရက်သတ္တပတ် တစ်ပတ်ကျော်ကြာနိုင် သလို ကုန်ကျစရိတ်အားဖြင့် အမေ  ရိ ကန်ဒေါ်လာ လီလျံချီပြီး ကုန် ကျနိုင်ကြောင်း Bloomberg သတင်းဌာနက ခန့်မှန်းထားပါတယ်။

ယမန်နေ့က လေပြင်းတိုက်ခတ် မြစ်ရေတက်မှုတွင် MTA ၏ မြေအောက် ဥမင်လိုဏ်ခေါင်း ၇ ခု ရေ များပြည့်   လျှံသွား ခဲ့ရပြီး၊ နေ့ စဉ် နူးယောက်ခ်သူ/ သား ၈.၇ သန်းကျော်တို့ အ သုံးပြုနေ တဲ့ မြေအောက် ရထားစနစ် ရပ်တန့် သွားခဲ့မှုကြောင့် ၎င်းစနစ်ကို အသုံးပြုပြီး ရုန်းကန်လှုပ်ရှားနေကြရတဲ့ ဆက်စပ်လုပ် ငန်းများ ရပ်တန့်သွားခဲ့ရပါတယ်။ "အချိန်သည် ငွေ၊ ငွေသည် အချိန်" လို့ ဆိုတဲ့အတိုင်း ၎င်းစနစ် နာလန်ထူထောင်နိုင်ဖို့ တစ်ပတ်ကျော် ကြာနိုင် မယ်လို့ ခန့်မှန်းထားပြီး ဘီလျံချီ ကုန်ချနိုင်တာမို့၊ သူ့ကို အမှီသဟဲပြု တဲ့ စီးပွားရေးလုပ်ငန်းများဟာလည်း ရှုံးငွေ တစ်နေ့ကို ဘီလျံနဲ့ ချီပြီး ရှိနိုင်ပြန် ပါတယ်။
 
 
 
 
ref:Shwelone.com (ရွှေလုံး)
 
 
 

No comments:

Post a Comment