Wednesday 31 October 2012

ဗီယက်နမ်တွင် ဆွန်တင် မုန်တိုင်း တိုက်ခတ် သုံးဦး သေဆုံး နှစ်ဦး ပျောက်ဆုံး လျက်ရှိ

 
ဗီယက်နမ် မြောက်ပိုင်း နင်ဘင်း ပြည်နယ်တွင် အောက်တိုဘာ ၂၈ ရက်က အင်အားပြင်း တိုက်ဖွန်း မုန်တိုင်း  ''ဆွန်တင်'' တိုက်ခတ်ခဲ့ရာ သုံးဦး သေဆုံးပြီး အခြားနှစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း ဗီယက်နမ် နိုင်ငံပိုင် သတင်းဌာန တစ်ခုဖြစ်သည့် VNA သတင်း ဌာန က အောက်တို ဘာ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

မုန်တိုင်း တိုက်ခတ်မှုကြောင့် သစ်ပင် အကိုင်းများ ကျိုးကျခဲ့ပြီး လမ်းမ ပေါ်ရှိ အပျက် အစီးများကို မြို့သူ မြို့သား များက ရှင်းလင်း လျက် ရှိကြောင်း သိရသည်။
 
ref:မြ၀တီ

No comments:

Post a Comment