Wednesday 31 October 2012

“၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်မှာ ကတ်အဟောင်းတွေကို လာလဲသည်ဖြစ်စေ၊ မလဲသည်ဖြစ်စေ မူလ ATM ကတ် အားလုံးကို အသုံးပြုလို့မရအောင် ဘဏ်တွေက ပိတ်လိုက်မှာ ဖြစ်ပါတယ်”

မြန်မာငွေပေးချေမှုအဖွဲ့ကော်မတီ အတွင်းရေးမှူး ဦးရဲမင်းဦးနှင့် တွေ့ဆုံခြင်း
 
စက်တင်ဘာ ၁၄ ရက်တွင် ငွေပေးချေမှု စနစ်တစ်ခု စတင်သည်။ Myanmar Payment Union-MPU အဖွဲ့ဝင် ဘဏ် ၁၇ ခုထဲမှ ၈ ဘဏ်တွင် MPU ကတ်ကို စတင် မိတ်ဆက် အသုံးပြုခဲ့သည်။ ထိုကတ်မှာ  ဘဏ် တွင် ငွေစာ ရင်းဖွင့်ပြီး ငွေကြို ပေးရသော Debit Card စနစ်ဖြစ်ပြီး အဖွဲ့ဝင် ဘဏ်များ၏ ATM စက်များနှင့် ထိုကတ် လက် ခံသော ဆိုင်များတွင် အသုံးပြုနိုင်သည်။ ထိုကတ်စနစ်မှာ ငွေသား အသုံးပြုမှု လျှော့ချ၍ နိုင်ငံတကာ ကဲ့သို့ ကတ် ကို ပိုမို အသုံးပြုလာရန်ရည်ရွယ်သည်။ မြန် မာေ ငွ ပေးချေမှုအဖွဲ့ အတွင်းရေးမှူး၊ AGD ဘဏ် အုပ်ချုပ်မှု ဒါရိုက် တာ ဦးရဲမင်း ဦးနှင့် တွေ့ဆုံ မေးမြန်း ထားသည်များမှ ကောက်နုတ် ဖော်ပြ လိုက်ပါသည်။


စက်တင်ဘာ ၂၃ရက်အထိ MPU ကတ် ဘယ်နှဦး လုပ်ထားပါပြီလဲ။ ATM ကတ် ရှိထားသူတွေထဲက လဲတဲ့သူ ဘယ်နှဦး ရှိပါသလဲ။
ဘဏ်တွေက ထုတ်ပေးထားတဲ့ ATM ကတ် အရေအတွက်ဟာ ရှစ်သောင်းခန့် ရှိပါတယ်။ လက်ရှိ ဘဏ်တွေ က  အဲဒီ ကတ်များကို MPU ကတ်များ နဲ့  ပြန်လည် လဲလှယ်ဖို့ အတွက် အချိန် သုံးလခန့် ယူပါ မယ်။ ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်မှာ ကတ်အဟောင်း တွေကို လာလဲသည် ဖြစ်စေ၊ မလဲ သည် ဖြစ်စေ မူလ ATM ကတ် အားလုံးကို  အသုံးပြုလို့ မရအောင် ဘဏ်တွေက ပိတ်လိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်  ဒီဇင် ဘာလ ကုန်ရင် တော့ ကတ်အဟောင်း လာလဲသူကိုပဲ  ရှစ်သောင်းခန့် ရှိမှာ ဖြစ်ပါတယ်။ ဒီလိုပဲ အခုမှ MPU ကတ် တန်းထုတ် ပေးမယ့်  ဘဏ်တွေ ကလည်း လက်ရှိ ပေး ပို့လာတဲ့ စာရင်းအရ သုံးသောင်း ရှိပါတယ်။ ဒါကြောင့်  ဒီဇင်ဘာလ ကုန်ရင် ကတ်အသစ် အသုံးပြုသူ စုစုပေါင်း တစ်သိန်း တစ်သောင်း ခန့် ရှိလာ မှာ ဖြစ်ပါတယ်။
MPU ကတ် သုံးစွဲတဲ့ သူတွေက ဘယ်လို လူမျိုးတွေပါလဲ။ ဒီဝန်ဆောင်မှုက ဘယ်လူ တန်းစားကို အဓိက ပစ်မှတ် ထားပါသလဲ။
ကတ်သုံးစွဲမှုကို လူတန်းစားအားလုံးအတွက်ရည်ရွယ် ထားပါတယ်။ ဒါကြောင့် ပမာဏ ကြီးမားေ သာ ငွေေ ပး ချေမှုများ သာမကဘဲ နေ့စဉ် သုံးစွဲနေ တဲ့ ငွေပေး ချေမှုများ အထိ ဆောင်ရွက် နိုင်အောင် စီမံထား ပါတယ်။ နောင်ဆိုရင်ဘတ်စ်စကားတွေ၊ရထားတွေ၊ သင်္ဘောတွေပါ ပေးချေနိုင်အောင် ဆက် လက် ဆောင် ရွက်မှာ ဖြစ်ပါ တယ်။
ဘဏ်အတွေ့ အကြုံ မရှိသူတွေ အတွက် ကတ်စလုပ်ရင် ဘာတွေ လိုတယ်ဆိုတာ ရှင်းပြပါ။
MPU ကတ် စလုပ်ဖို့ ဆိုရင် ငွေစာရင်း တစ်ခု အရင် ဖွင့်ရပါမယ်။ အလုပ် ဒါမှမဟုတ် အိမ်နဲ့နီးတဲ့ MPU အဖွဲ့ဝင် ဘဏ်တစ်ခုခုကို သွားပြီး MPU ကတ် လျှောက်ထားဖို့ အတွက် ငွေစာရင်း ဖွင့်ချင်လို့ပါ ဆိုရင် ရပါ တယ်။ ကျန်တာတော့  ဘဏ်က လိုအပ်တဲ့ စာရွက် စာတမ်းတွေ ဖြည့်ပြီး ကတ်ပြား ရရှိ မယ့် နေ့ ကို  ပြန်ချိန်းပါ လိမ့်မယ်။ တချို့ဘဏ်တွေ ကလည်း ချက်ချင်း ထုတ်ပေးတဲ့ စနစ်နဲ့ တထိုင်တည်း ပြီးအောင် ဆောင်ရွက် ပေးပါ လိမ့် မယ်။
ကတ်ပျောက်ရင် ဘယ်လို လုပ်ရပါမလဲ။ သုံးစွဲသူတွေ သိသင့်တဲ့ အချက်တွေ ပြောပြ ပေးပါဦး။
ကတ်ပျောက်ရင် ကိုယ့်ဘဏ်ကို အမြန်ဆုံး ဆက်သွယ်ရမှာ ဖြစ်ပါတယ်။ ဆက်သွယ်တာနဲ့ ဘဏ်က အဲဒီ့ ကတ်ကို  သုံးစွဲလို့ မရအောင် ပိတ်လိုက် မှာ ဖြစ်ပါတယ်။ သုံးစွဲတဲ့လူ သိသင့်တဲ့ အချက်တွေက အများကြီးပါ။ ငွေစာရင်း ဖွင့်လှစ်ခြင်း မှာတော့ ကျပ်တစ်သောင်း အနည်းဆုံး စဖွင့်ရ မှာ ဖြစ် ပါတယ်။ အများ ဆုံး ကတော့ ကန့်သတ်ချက် မရှိပါဘူး။ ဒါကို ဘဏ်က ကတ်လာ ထုတ်တဲ့ အချိန်မှာ လမ်းညွှန် စာရွက်ပေးပြီး ရှင်းပြပါ လိမ့်မယ်။  တစ်ဘဏ်နဲ့ တစ်ဘဏ် တချို့ အချက်အလက် တွေက နည်းနည်း ကွာ နိုင်ပါတယ်။ သုံးစွဲတဲ့ လူတွေ မသိမဖြစ်  သိရမှာကတော့ ကိုယ့်ရဲ့ PIN  Number (ဂဏန်းခြောက် လုံးပါသော လုံခြုံရေးနံပါတ်) ကို သူများ တွေ မသိစေဖို့ ပါပဲ။ သိသွားခဲ့ရင် ကိုယ့်ကတ်ကို ယူပြီး  ငွေ ထုတ်နိုင် လို့ပါ။ ကတ်ပျောက် ရင်တော့ စိုးရိမ်စရာ မရှိပါဘူး။ ကတ်ကောက်ရတဲ့ လူက PIN Number မသိတဲ့ အတွက် ငွေထုတ်လို့ မရပါဘူး။ ကျွန်တော်တို့ ဘဏ်မှာ ကြုံဖူးတာ တစ်ခုကတော့ ကတ်ပျောက် တယ်။ ဒါပေမဲ့ ကတ်ပိုင်ရှင်က သတိ မေ့တတ်လို့ ကတ်ပေါ်မှာ သူ့ PIN Number ကို မင်နဲ့ ရေးထားတယ်။ ဒီအတွက် ကတ်ကောက် ရသူက ငွေထုတ် သွားတာ ကြုံရပါတယ်။ ဘဏ်က  လာထုတ်သူရဲ့ ဓာတ်ပုံနဲ့ သက်ဆိုင်ရာကို အကြောင်းကြား ခဲ့ရပါတယ်။ ဒါကြောင် ကိုယ့် PIN Number လုံခြုံရေးကိုတော့ သုံးစွဲသူ တိုင်းက သတိပြုသင့် ပါတယ်။
MPU ကို လက်ရှိ ဘဏ်ရှစ်ခုမှာပဲ ဝန်ဆောင်မှု ပေးနေတော့ ကျန်ဘဏ်ကိုးခုက ဘယ်တော့ ဝန်ဆောင် မှု ပေးမှာလဲ။
MPU  အဖွဲ့ဝင်ဘဏ်များ အားလုံးဟာ ၂၀၁၃ အတွင်းမှာ ချိတ်ဆက် အသုံးပြု နိုင်ကြမှာ ဖြစ်ပါတယ်။ လက်ရှိ MPU  ကတ် အသုံးပြု နေတဲ့ နေရာ ဆိုတာမှာ နှစ်ပိုင်း ရှိပါတယ်။ ATM စက်များနဲ့ ငွေပေးချေမှု လက်ခံသော အရောင်း ဆိုင်များပါ။ ATM  စက်များကတော့ ၂၀၀ ကျော် ရှိပါတယ်။ ဆက်လက်ပြီးလည်း ဘဏ်တွေက တိုးချဲ့ နေပါတယ်။ ကျွန်တော်တို့ ဘဏ် (အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်) ဆိုရင် ဘဏ်ခွဲ ဖွင့်ထားတဲ့ မြို့တိုင်း မှာ MPU ကတ်ကို လက်ခံတဲ့ ATM စက်များ တပ်ဆင်ပြီး ဖြစ်ပါတယ်။ အရောင်း ဆိုင်များ ကတော့ လက်ရှိ ရန်ကုန်မှာ စနေ ပါပြီ။ နေပြည်တော်နဲ့ မန္တလေးကိုလည်း စနိုင်အောင် ကြိုးစားေ န ပါ တယ်။ ဒီနေရာမှာ တော့ အရောင်းဆိုင်တွေ ဘက်က  လက်ခံချင်မှ ဖြစ်တာမို့ ဘဏ်တွေဘက်က ဆွဲဆောင် မှု မျိုးစုံနဲ့ စတင်ကြိုး စားနေကြ ပါတယ်။
ဒီဝန်ဆောင်မှု အောင်မြင်ဖို့ အတွက် အဓိက စိန်ခေါ်မှုက ဘာတွေပါလဲ။
ဆက်သွယ်ရေး ဝန်ဆောင်မှုပါ။ ကတ်အသုံးပြုသူ တွေက ATM  စက်တစ်ခုမှာ ငွေသွား ထုတ် တယ်။ ငွေ ထုတ် မရဘူး။ စက်ချထားတဲ့ ဘဏ်ကို အပြစ်တင် ပါတယ်။ ဒီလိုပဲ ကတ်ထုတ် ပေးလိုက်တဲ့ ဘဏ်ကို လည်း အပြစ် တင်ပါတယ်။ ဒါပေမဲ့ စက်ရှိနေတဲ့ နေရာကနေ ဘဏ်ကို ဘာနဲ့ ဆက်သွယ် ထားတယ် ဆိုတာကို စဉ်းစားမိ တဲ့လူ နည်းပါတယ်။  အခုချိန်မှာ ကျွန်တော်တို့  ATM  ၉၀ ရာခိုင်နှုန်း ကျော်ဟာ iPStar နဲ့  ချိတ်ဆက် ထားတာ ဖြစ်ပါတယ်။ မိုးအုံ့ရင် iPStar က သုံးလို့မကောင်းပါဘူး။ ဒါကို တတ်သိနားလည်သူတွေက ဘဏ်တွေ ကို အပြစ်တင် ပါတယ်။ တစ်ကမ္ဘာလုံး PSTN တို့၊ Data Card (3G Network) တို့ သုံးနေတဲ့ အချိန်မှာ  မြန်မာ ဘဏ်တွေဟာ iPStar လို stable မဖြစ်တဲ့ ဂြိုဟ်တု ဆက်ကြောင်းကို သုံးရလားလို့ ပြောကြပါတယ်။ ကျွန်တော် တို့မှာ ရွေးစရာ မရှိပါ။ မြန်မာ နိုင်ငံမှာ ဝယ်လို့ ရတဲ့ အထဲက သုံးခွင့်ရတဲ့ သုံးလို့ရတဲ့ စနစ်ကိုသာ သုံးရခြင်း ဖြစ်ပါတယ်။ ပိုကောင်းတဲ့ စနစ်တွေ ရှိမှန်း သိပါတယ်။ သုံးခွင့်ရဖို့ သုံးလို့ရတဲ့ စနစ်ကိုသာ သုံးရခြင်း ဖြစ်ပါ တယ်။ သုံးခွင့်ရဖို့  အချိန် တစ်ခု စောင့်ရ ဦးမှာပါ။ ဥပမာပြောရရင် စတားဘတ် ကော်ဖီ ဘယ်လောက်ကောင်း တယ်ပြောပြော စတား ဘတ် ကော်ဖီ ဆိုင် မရှိရင် ကျွန်တော်တို့ သောက်လို့ မရပါဘူး။ ကျွန်တော်တို့ အဓိက ရင်ဆိုင်ရမှာ ဘယ်ဆက်သွယ်ရေး မီဒီယာကို အသုံးပြုခွင့် ရမလဲ ဆိုတာရယ် အဲ့ဒီ ဆက် သွယ်ရေး မီဒီယာက ဘယ်အချိန် ဖြစ်ဖြစ်  တည်ငြိမ်ပြီး connection ကျတာ၊  network busy ဖြစ်တာ မရှိဖို့ လိုပါတယ်။ ဒါကို ကျော် လွှားနိုင်ဖို့ အတွက် မြန် မာနိုင်ငံရဲ့ ISP အားလုံးနှင့် ကျွန်တော်တို့  ညှိနှိုင်းလျက် ရှိပါတယ်။
MPU ကတ်ကနေ အကြွေးဝယ် ကတ်စနစ် (Credit  Card) အထိ ဝန်ဆောင်မှု တိုးချဲ့ဖို့ အချိန် ဘယ်လောက် ယူ ရမယ်လို့ ထင်ပါသလဲ။
အကြွေးဝယ်ကတ် စနစ်ကို တိုးချဲ့ဖို့ဆိုတာက မြန်မာ နိုင်ငံတော် ဗဟိုဘဏ်နဲ့ပဲ ဆိုင်ပါတယ်။ ဒီနေ့ခွင့်ပြုရင် ဒီနေ့ ဘဏ်တွေက ဆောင်ရွက်ကြမှာ ပါပဲ။
JCB ( Japanese Credit Bureau)၊ CUP(China  Union Pay) တို့ ပူးပေါင်း ဆောင်ရွက်မယ့် အစီအစဉ်  အသေးစိတ်ကို ရှင်းပြပေးပါ။
ပထမ အဆင့် အနေနဲ့ CUP၊ JCB စတဲ့ နိုင်ငံတကာကတ် အသုံးပြုသူတွေ မြန်မာနိုင်ငံရဲ့ ATM တွေ အားလုံး မှာ  ငွေထုတ် နိုင်ပါမယ်။ အဲဒီ့နောက် မှာတော့ MPU နဲ့ ချိတ်ဆက်ထား တဲ့ ဈေးဆိုင်တွေ မှာ ဈေး ဝယ် လို့ ရပါမယ်။ ဒုတိယ အဆင့်မှာ MPU နဲ့ ၎င်းကုမ္ပဏီများ ပူးပေါင်းပြီး မြန်မာ နိုင်ငံသား များ နိုင်ငံတ ကာတွင် သုံးစွဲနိုင်ရန် အတွက် MPU-CUP  Card၊ MPU-JCB Card တွေ ဆက်လက် ထုတ်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာသုံး ကတ်တွေဖြစ်တဲ့ Master၊ Visa တို့နဲ့ရော အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါသလား။
Master၊ Visa ကျတော့ ပုံစံတစ်မျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှုထဲမှာ ပါတဲ့ ဘဏ်တွေနဲ့ သူတို့က အလုပ်လုပ်လို့ မရပါဘူး။ ဒီအတွက် သူတို့က လုပ်ငန်းပုံစံ တစ်မျိုးကို အဆိုပြု လာပါတယ်။ (၁)  စီးပွားရေး ပိတ်ဆို့ခံရသူ မပါဝင်သော ဘဏ် (ဥပမာ- MOB နှင့် CB)၊ (၂) စီး ပွားရေး ပိတ်ဆို့ခံ ထားရသော ဘဏ်၏ စီမံခန့်ခွဲမှုတွင် ၎င်းပုဂ္ဂိုလ်များ ပါဝင်ပတ်သက်မှု နည်းသည်ဟု သူတို့ ယူဆ ရသော ဘဏ် (ဥပမာ- ကမ္ဘောဇ ဘဏ်)  တို့ကို သူတို့ရဲ့ Partner များအဖြစ် ရွေးချယ် ပါတယ်။ ဒီဘဏ်သုံး ခုရဲ့ ATM တွေမှာ ငွေထုတ်လို့ ရဖို့ သူတို့ စလုပ် ပါမယ်။ ပြီးမှ MPU Network နဲ့ ချိတ်ပြီး MPU POS ချထားတဲ့ ဆိုင်တွေမှာ ငွေပေး ချေလို့ ရအောင် သူတို့  ဆက်လုပ်မှာ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေး ပိတ်ဆို့မှု မရှိတော့တဲ့ တစ်နေ့မှာတော့ MPU အဖွဲ့ဝင်ဘဏ် အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက် မှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ကို သူတို့ လာတွေ့တဲ့ အချိန်မှာ သူတို့ ပြောပြတာတွေ ဖြစ်ပါတယ်။
ဘဏ်လုပ်ထုံး လုပ်နည်းတွေ လျှော့ပေါ့ ပေးလာတာ၊ နိုင်ငံခြားငွေ စာရင်း ဖွင့်ခွင့်ပြုတာ၊ MPU ဝန်ဆောင်မှု စပေးလာတာ စတာတွေေ ကြာင့်  မြန်မာ့ ဘဏ် လုပ်ငန်း ဖွံ့ဖြိုး လာပြီလို့ ပြောနိုင် ပါလား။ ၂၀၀၃ ဘဏ်တွေ  မပြိုလဲခင်က အခြေအနေနဲ့ နှိုင်းယှဉ်ရင် ဘယ်လိုနေမလဲ။
မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းဟာ စတင်ဖွံ့ဖြိုး ဖို့အတွက်  တာစူနေပါပြီ။ အားလုံးကလည်း ကြိုးစားနေကြ ပါ တယ်။  လုပ်ထုံး လုပ်နည်းတွေ မှာ ခေတ် နဲ့ မလျော်တော့ တာလေးတွေ၊ အရင်က စိုးရိမ်လို့ တားမြစ် ထား တာလေးတွေကို တဆင့်ချင်း ပဲဖြစ်ဖြစ်၊ အားလုံးပဲဖြစ်ဖြစ် ဖြေလျော့မှုတွေ ဆက် လက် လုပ်ဆောင်ပေး ရင် ဒီထက် ပိုပီး မြန်မြန်ဆန်ဆန် တိုးတက်လာမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်က ကျတော့ လည်း ငွေတော့ လည်း ငွေေ ရး ကြေးေ ရး ကဏ္ဍ ဖြစ်နေတဲ့ အတွက် ရုတ်တရက် ဖွင့်ပေး လိုက်ခြင်းရဲ့ ဆိုးကျိုးတွေ ကိုလည်း ချိန်ဆ နေတယ်လို့ ယူဆပါတယ်။ MPU  ကြောင့် မြန်မာ့ ဘဏ် လုပ်ငန်း တစ်ခုလုံး ဖွံ့ဖြိုးတိုး တက် လာပြီလို့ မပြော နိုင်ပါဘူး။  မြန်မာ့ဘဏ် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပံ့ပိုးပေ မယ့် ဆောင် ရွက်ရမယ့် ကိစ္စများစွာ ထဲက MPU ဟာ တစ်ခု ဖြစ်ပါတယ်။ ၂၀၀၃ ဘဏ်များ ပြိုလဲခဲ့ခြင်း မတိုင်ခင်နဲ့ နှိုင်းယှဉ်ရင် အခုက အများကြီး ပိုသာ ပါတယ်။ ဘဏ်ခွဲ အရေအတွက်၊ ဘဏ် အသုံးပြုသူ အရေအတွက်၊ ဘဏ်များတွင် သုံးစွဲနေသော ငွေကြေး ပမာဏ၊ ဘဏ်လုပ်ငန်း အတွင်းမှ လူ့စွမ်း အား အရင်း အမြစ်များ စသဖြင့် အများကြီး တိုးတက် နေပါပြီ။
အစိုးရသစ် တက်လာပြီး ပြောင်းလဲမှုများစွာ ပြုလုပ်ပေမယ့် စီးပွားရေး အခြေအနေက မကောင်းဘူးလို့  လုပ်ငန်းရှင် တော်တော်များများ ပြောကြ ပါတယ်။ ဘဏ်လုပ်ငန်းတွေရဲ့ အခြေအနေရော။
အစိုးရအသစ်က အပြောင်းအလဲတွေ  အများကြီး လုပ်နေပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့ရဲ့ အဓိက ကျွမ်း ကျင် မှုက နိုင်ငံရေးနဲ့ စီမံ အုပ်ချုပ်မှုပါ။ ဒါ့ကြောင့် နိုင်ငံရေးပိုင်း အများကြီး ပွင့်လင်း တိုးတက် လာတယ်။ စီမံ အုပ်ချုပ်မှုပိုင်း  အရင်နဲ့စာရင် အများကြီး လွယ်ကူ ချောမွေ့ လာတယ်။ စီးပွားရေး အခြေအနေ မကောင်း ဘူး ဆိုတာမှာ အစိုးရပိုင်းက သတိထားမှု များနေတယ်လို့တော့ မြင်ပါတယ်။ အမှားအယွင်း နည်းနိုင် သမျှ နည်း အောင် ဂရုစိုက်နေတဲ့အတွက် ထင်သာမြင်သာကြီး တိုးတက်လာတာ မမြင်ရ သေး တာပါ။ ပြောင်းလဲမှုတွေ တော့ လုပ်နေပါတယ်။ ဒါပေမယ့်  အချိန်ယူ လေ့လာ နေရတာတွေ သိမယ်ထင် တဲ့ ကျွမ်းကျင်သူ တွေနဲ့ တိုင်ပင် ရတာ တွေကြောင့်  ချက်ချင်း မမြင်သာ သေးတာလို့  မြင်ပါတယ်။  အကြံပေး တွေနဲ့  တိုင်ပင်တယ် ဆိုပေမယ့် အကြံပေးတွေ ပြောသမျှကိုလည်း အစိုးရ ဆိုတာမျိုးက  ထလုပ် လို့ရတာ မဟုတ်ဘူးလေ။ အကြံပေး တွေက  သူ့ကိုယ်ကျိုး အတွက် အကြံပေး တာ လား၊ နိုင်ငံအတွက် ပေးနေတာလား စသဖြင့် အစိုးရက ပြန်လည် ချင့်ချိန် ရသေးတာကိုး။ ဒီတော့ မြန် မာနိုင်ငံ က စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာမှာတော့ အမှန်ပဲ။  အချိန် တစ်ခုတော့ ယူလိမ့် ဦးမယ် လို့ မြင်ပါတယ်။ ဘဏ်တွေကတော့ လက်ရှိ ဆုတ်ယုတ်မှုမရှိ၊ တိုးတက် နေတာမို့  အစိုးရ သ စ်ပြောင်းပြီး နောက်ပိုင်း တောက်လျှောက် တိုးတက် နေတယ်လို့ပဲ မြင်ပါတယ်။ တိုးတက် နှုန်းကတော့ ဘဏ်တွေ မျှော်လင့် သလောက် မရောက်သေးပါဘူး။ တချို့သော ၂၀၀၃ နောက်ပိုင်း တားဆီး ထား မှုတွေ  ဖြေလျှော့ လိုက်ရင်တော့ ဘဏ်တွေ ဒီထက်ပိုပြီး တိုးတက် လာမယ်လို့ မြင်ပါတယ်။ (ဥပမာ- အကြွေးဝယ် ကတ်စနစ် သုံးစွဲခွင့် ပြုခြင်း၊ ဘဏ်ခွဲဖွင့်ခွင့်ကို အခုထက် လွတ်လပ် စွာ နေရာ ရွေးချယ် မှုပြုခြင်း၊ ချေးငွေကို ငွေရေးကြေးရေး  ဥပဒေပါ အတိုင်း ဆောင်ရွက်ခွင့် ပြုခြင်း) ဘာများ ဖြည့် စွက် ပြောချင် ပါသလဲ။
MPU ကို မီဒီယာတွေက စိတ်ဝင်တစား ရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ် ချက်က  လူတိုင်း ဘဏ် သုံးစွဲရေးပါ။ လူတိုင်း ဘဏ်သုံးနိုင်တဲ့ အခြေအနေ တစ်ခုကို ရောက်တာဟာ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုကို ယှဉ်ထိုးနှိုင်းယှဉ်နိုင်တဲ့ အခြေအနေ တစ်ခု လည်း ဖြစ်ပါတယ်။ ဒီအတွက် ဘဏ်များအားလုံး စုပေါင်းဖွဲ့စည်းထားတဲ့ MPU အနေနဲ့ လုံခြုံမှု၊ စိတ်ချရမှု၊ အသုံးပြုရ လွယ်ကူမှု တွေနဲ့ အ တူ ကောင်း မွန်သည် ထက် ပိုကောင်းမွန် လာအောင် အမြဲတမ်း ကြိုးစား နေပါတယ်လို့ ပြောချင်ပါတယ်။

ref:ရတနာပုံ

No comments:

Post a Comment