Wednesday 31 October 2012

ဒီဇင်ဘာ ဆုံတွေ့မှုအတွက် သဘောတူညီမှုရ

ဒီဇင်ဘာ ဆုံတွေ့မှုအတွက် သဘောတူညီမှုရ
Wednesday, 31 October 2012

ကေအိုင်အိုမှတောင်းဆိုသော နိုင်ငံရေးအရဆက်လက်ဆွေးနွေးရန်ကိစ္စအား ဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေး
အဖွဲ့မှလက်ခံဆောင်ရွက်သွားတော့မည်ဟု တရုတ်နိုင်ငံ ရွှေလီ၌ကျင်းပသော
 ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲသစ်နှင့်ကေအိုင်အို (ဗဟို)၏ ပထမအကြိမ် တွေ့ဆုံမှုတွင် သဘောတူညီချက်ရရှိခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒီဇင်ဘာလတွင် ဆက်လက်တွေ့ဆုံရန်တောင်းဆို
ထားခြင်းကို ကေအိုင်အိုအဖွဲ့အနေဖြင့် ဗဟိုသို့တင်ပြကာ ပြန်လည်
အကြောင်းကြားမည်ဟု သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရသည်။ 

ကချင်လွတ်မြောက်ရေးအဖွဲ(KIO)နှင့် ဦးအောင်မင်း ဦးဆောင်သော
 ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ တွေ့ဆုံ
ဆွေးနွေးမှုတွင် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ရန် သဘောတူညီချက်များ ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲအား အောက်တိုဘာလ (၃၀) ရက်နေ့မှ (၃၁) ရက်နေ့ထိ ဆွေးနွေးသွားမည်ဖြစ်သော်လည်း ကေအိုင်အို (ဗဟို)မှ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်အချို့ လာရောက်နိုင်ခြင်း မရှိသောကြောင့်
 နှစ်ဖက်ထပ်မံတွေ့ဆုံရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ၀န်ကြီးဦးအောင်မင်း၊ သစ်တောရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊  ရှမ်းပြည်နယ်ဝန်ကြီး ဦးစ၀်အောင်မြတ်၊ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ အရှေ့မြောက်တိုင်း စစ်ငှာနချုပ်တိုင်းမှုး၊ မြောကိပိုင်းတိုင်း
စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်မူးချုပ် ထွန်းထွန်းနောင်၊ ဗိုလ်မူးချုပ်အောင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး ဦးဇော်ဝင်းနှင့် အဖွဲ့ဝင် ၁၂ယောက်ခန့် တို့တက်ရောက်ခဲ့ကာ ကေအိုင်အိုဗဟိုမှ ဒုတိယစစ်ဦးစီးချုပ် ဦးဆွမ်လွတ်ဂွမ်၊ ဦးဂျီးနောင်၊ ဦးဇော်ရော၊ ဦးလဖိုင်လ အပါအ၀င် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ခဲ့ကြသည်။ 

နှစ်ဘက်ကြား အလွတ်သဘော တွေ့ဆုံမှုများ မကြာခဏ ပြုလုပ်ခဲ့သော်
လည်း ကချင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ဖြစ်ပွားမှုမှာရပ်တန့်မသွားဘဲ ပိုမိုပြင်းထန်လာလျှက်ရှိနေခြင်းးဖြစ်သည်။ 

ပြီးခဲ့သည့် ဇွန် လမှ စတင်ခဲ့သည့် ၎င်း ပြည်တွင်းစစ်သည် ယခုတိုင် လက်ဆက်ဖြစ်ပွားနေဆဲဖြစ်သည်။ 

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သစ်နှင့် ကေအိုင်အို
ဗဟိုတို့သည် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့၊ ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသနှင့် လွယ်ဂျယ်ဒေသများတွင် အလွတ်သဘောတွေ့ဆုံခဲ့ပြီး ယခင် ဦးအောင်သောင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တရုတ်နိုင်ငံရွှေလီမြို့တွင် သုံးကြိမ်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
 

အောက်တိုဘာ(၃၀)ရက်နေ့တွင် တွေ့ဆုံခဲ့သည့်  အဆိုပါ ဆွေးနွေးပွဲအား
နှစ်ရက်တာ ကျင်းပရန် သတ်မှတ်ထားသော်လည်းကေအိုင်အိုအဖွဲ့မှ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်အချို့ လာရောက်ခြင်းမရှိနိုင်သောကြောင့် တပ်ပိုင်းဆိုင်ရာကိစ္စများ  ဆွေးနွေးခြင်း မပြုတေနိုင်သဖြင့် အထက်ပါ
 နိုင်ငံရေးအရ ဆွေးနွေးရန်နှင့်ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် သဘောတူညီချက်များသာ ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။

Myit Makha Mediagroup
 
ကေအိုင်အိုမှတောင်းဆိုသော နိုင်ငံရေးအရဆက်လက်ဆွေးနွေးရန်ကိစ္စအား ဦးအောင်မင်းခေါင်းေ ဆာင်ေ သာပည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှလက်ခံဆောင်ရွက်သွားတော့မည်ဟုတရုတ်နိုင်ငံ   ရွှေလီ   ၌ကျင်းပသောပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲသစ်နှင့်ကေအိုင်အို (ဗဟို)၏ ပထမ အကြိမ် တွေ့ဆုံမှုတွင် သဘောတူညီချက်ရရှိခဲ့သည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒီဇင်ဘာလတွင် ဆက်လက်တွေ့ဆုံရန်တောင်းဆို ထားခြင်းကို ကေအိုင်အို အဖွဲ့အနေဖြင့် ဗဟိုသို့တင်ပြကာ ပြန်လည် အကြောင်းကြားမည်ဟု သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရ သည်။

ကချင်လွတ်မြောက်ရေးအဖွဲ(KIO)နှင့်ဦးအောင်မင်းဦးဆောင်သောပြည်ထောင်စုအဆင့်ငြိမ်းချမ်းေ ရး ဖော်ေ ဆာင်ရေး အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးမှုတွင် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ရန် သဘောတူညီချက်များ ရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲအား အောက်တိုဘာလ (၃၀) ရက်နေ့မှ (၃၁) ရက်နေ့ထိ ဆွေးနွေးသွား မည်ဖြစ်သော် လည်း ကေအိုင်အို (ဗဟို)မှ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်အချို့ လာရောက်နိုင်ခြင်း မရှိသောကြောင့်
နှစ်ဖက် ထပ်မံတွေ့ဆုံရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ၀န်ကြီးဦးအောင်မင်း၊ သစ်တောရေးရာ ၀န်ကြီးဋ္ဌာ န ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ရှမ်းပြည်နယ်ဝန်ကြီး ဦးစ၀်အောင်မြတ်၊ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ အရှေ့မြောက်တိုင်းစစ်ငှာနချုပ်တိုင်းမှုး၊ မြောကိပိုင်းတိုင်းစစ်ဋ္ဌာနချုပ်တိုင်း မှူး ဗိုလ်မူးချုပ် ထွန်း ထွန်းနောင်၊ ဗိုလ်မူးချုပ်အောင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး ဦးဇော်ဝင်းနှင့် အဖွဲ့ဝင် ၁၂ယောက်ခန့် တို့တက်ရောက်ခဲ့ကာ ကေအိုင်အိုဗဟိုမှ ဒုတိယစစ်ဦးစီးချုပ် ဦးဆွမ်လွတ်ဂွမ်၊ ဦးဂျီးနောင်၊ ဦးဇော်ရော၊ ဦးလဖိုင်လ အပါအ၀င် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ခဲ့ကြသည်။

နှစ်ဘက်ကြား အလွတ်သဘော တွေ့ဆုံမှုများ မကြာခဏ ပြုလုပ်ခဲ့သော် လည်း ကချင်ပြည်နယ်မြောက် ပိုင်း တွင် စစ်ဖြစ်ပွားမှုမှာရပ်တန့်မသွားဘဲ ပိုမိုပြင်းထန်လာလျှက်ရှိနေခြင်းးဖြစ်သည်။

ပြီးခဲ့သည့် ဇွန် လမှ စတင်ခဲ့သည့် ၎င်း ပြည်တွင်းစစ်သည် ယခုတိုင် လက်ဆက်ဖြစ်ပွားနေဆဲဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သစ်နှင့် ကေအိုင်အို ဗဟိုတို့သည် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့၊ ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသနှင့် လွယ်ဂျယ်ဒေသများတွင် အလွတ်သဘောတွေ့ဆုံခဲ့ပြီး ယခင် ဦးအောင်သောင်းခေါင်းဆောင်သောငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်တရုတ်နိုင်ငံရွှေလီမြို့တွင် သုံးကြိမ် တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။


အောက်တိုဘာ(၃၀)ရက်နေ့တွင် တွေ့ဆုံခဲ့သည့် အဆိုပါ ဆွေးနွေးပွဲအား နှစ်ရက်တာ ကျင်းပရန် သတ်မှတ်ထားသော်လည်းကေအိုင်အိုအဖွဲ့မှ တပ်ပိုင်းဆိုင်ရာခေါင်းဆောင်အချို့ လာရောက်ခြင်းမ ရှိနိုင်ေ သာကြောင့် တပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးခြင်း မပြုတေနိုင်သဖြင့် အထက်ပါ နိုင်ငံရေး အရ ဆွေးနွေး ရန်နှင့်ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် သဘောတူညီချက်များသာ ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။

ref:Myit Makha Mediagroup

No comments:

Post a Comment