Wednesday 31 October 2012

မန္တလေးမြို့ ချမ်းပြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် အကွက် ၅၀၇တွင် အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွား


မန္တလေးမြို့တွင် ချမ်းပြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ် အကွက် ၅၀၇တွင် အောက်တိုဘာလ ၃၁ ရက်နေ့(သတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့) ည ၈နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။
အဆိုပါမီးလောင်မှုကြောင့် နံကပ်သွပ်မိုးတစ်ထပ်အိမ်တစ်လုံး မီးလောင်ဆုးရှုံးသွားခဲ့ပြီး မီးလောင်ရာသို့
မန္တလေး  တိုင်းရှိ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်များနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ ၀ိုင်းဝန်းငြိမ်း သတ်ခဲ့မှုကြောင့် ည ၉ နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

]] မီးလောင်တာသိတဲ့အချိန်မှာ မီးတောက်ကတော်တော်ကြီးနေပါပြီ။ လောင်တဲ့အိမ်မှာက လူတွေ မရှိကြ ဘူး။ အတွင်းထဲမှာလောင်တာဖြစ်တဲ့အတွက် မီးသတ်တွေရော၊ ရပ်ကွက်ကလူတွေကပါ ခက်ခက်ခဲ ခဲငြိမ်းသတ်ခဲ့ရပါတယ်။ ဒီနေရာမှာက အိမ်တွေကပ်နေပြီး အချိန်မီသာမငြိမ်းသတ်နိုင်ခဲ့ရင် အခြားအိမ်တွေ ပါကူနိုင်ပြီး အခြေအနေဆိုးသွားနိုင်ပါတယ်}} ဟု ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးကပြောကြားခဲ့သည်။
မီးလောင်မှုကြောင့် သေဆုံးမှု၊ ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ မီးလောင်ရသည့်အကြောင်းအရင်းကိုမူ သက်ဆိုင်ရာမှ စုံးစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
 
ref:FB news
 
 

No comments:

Post a Comment