Wednesday 31 October 2012

 မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းမှ အကျိုးတူစနစ်ဖြင့် ပူးပေါင်းလုပ်ကိုင်ရန် ဗီယက်နမ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီနှစ်ခုအနက်တစ်ခုကို ရွေးချယ်မည်

AddThis Social Bookmark Button
thn-31-10-8
ဆင်မလိုက်ရှိမြန်မာ့သင်္ဘောကျင်းလုပ်ငန်းခွင်တစ်နေရာ

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ   JV စနစ်ဖြင့် ပူးပေါင်းလုပ်ကိုင်ရန်  ဗီယက်နမ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကုမ္ပ ဏီနှစ်ခုအနက် တစ်ခုအားရွေးချယ်၍ ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
 အဆိုပါကုမ္ပဏီနှစ်ခုမှာ ဂျပန် နိုင်ငံမှ   Tomosada Corporation S.A ကုမ္ပဏီနှင့် ဗီယက်နမ်နိုင် ငံမှလျောက် ထားသည့်ကုမ္ပဏီမှာ မြန်မာနိုင်ငံ အခြေစိုက် မြင့်မိုရ်ဦး ကုမ္ပဏီဖြစ်သည်။''အဆိုပြုလွှာကို ကုမ္ပဏီအဖွဲ့အစည်း ၂၇ ခုက လာပြီးဝယ်ယူခဲ့ပေမယ့် Proposal  လာပြန်တင်တဲ့ ကုမ္ပ ဏီကတော့ ဒီနှစ်ခု ပဲရှိပါတယ်။ ဒီကုမ္ပဏီနှစ်ခုထဲကပဲ လုပ်ငန်းလုပ်ဖို့ရွေးချယ်သွားမှာပါ'' ဟု မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးဦးကြည်စိုးက ပြောပါသည်။

ယင်းကုမ္ပဏီနှစ်ခုထဲမှ တစ်ခုအားရွေးချယ်ပြီး ၂၀၁၃ ခုနှစ်ဘဏ္ဍာ ရေးနှစ်မှစတင်ကာ သင်္ဘောကျင်း လုပ်ငန်းများအား ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းပိုင်မြေ ၉၁ ဧကပေါ်ရှိ သင်္ဘောကျင်းလုပ်ငန်းများအား ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်မှစတင်ကာ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်သွား မည်ဖြစ်သည်။

မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် မြေဧက ၁၁၉ ဒသမ ၂၄၆ ဧကပေါ် တွင် ရေယာဉ် တည်ဆောက်ေ ရး၊ ရေယာဉ်ပြင်ဆင်ရေးနှင့် အထွေထွေသံ ထည်တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

၂၀၁၃ ဘဏ္ဍာရေးနှစ်မှစတင်ကာ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်သွားမည့် သင်္ဘောကျင်း လုပ်ငန်း မှာ လျှောက် လမ်းသုံးသင်္ဘောကျင်း မြေနေရာဖြစ်သည့် မြေဧက ၉၁ ဧက သာဖြစ်ပြီး၊ ကျန်မြေဧက ၂၈ ဒသမ ၂၃၅ ပေါ်ရှိ တန်ချိန် ၁၂၀၀၀ ရှိ ရေလုံသင်္ဘောကျင်းလုပ်ငန်းကိုမူ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းမှသာ လုပ်ကိုင်သွားမည်ဟု သိရသည်။

ယင်းသို့လုပ်ကိုင်ရခြင်းမှာ အနာဂတ်တွင် ပုဂ္ဂလိကနှင့် ပူးပေါင်း လုပ်ကိုင်သွားမည့် သင်္ဘောကျင်း လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်မည်ဆိုပါက မြေနေရာထပ်မံရှာဖွေရန် မလိုဘဲလုပ်ငန်းတိုးချဲ့ နိုင် မည်ဖြစ် သည်ဟု သိရသည်။

''အောက်တိုဘာလ ၁၂ ရက် နေ့မှာ ဖက်စပ်ကုမ္ပဏီလုပ်ကိုင်ဖို့ အဆို ပြုလွှာခေါ်ယူတဲ့ရက်ပြည့်သွားပါပြီ။ ဒုတိယအဆင့်အနေနဲ့ အဆိုပြုလွှာ စိစစ်ရွေးချယ်ရေးအဖွဲ့နဲ့ စိစစ်ရွေးချယ်ပြီး လာမယ့် ဘဏ္ဍာရေးနှစ် စတာနဲ့ ဖက်စပ်ကုမ္ပဏီထူထောင်ပြီး လုပ်ကိုင်သွားမှာပါ''ဟု မြန်မာ့သင်္ဘောကျင်း လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးက ဆိုပါသည်။

ယင်းသို့ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်မည်ဆိုခြင်းမှာ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ Update ဖြစ်ရန် လိုအပ်မှုနှင့် ဈေးကွက်လိုအပ်ချက်ရှိနေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

ref:EMG

No comments:

Post a Comment