Wednesday 31 October 2012

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း၌ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ဆက်သွယ်မည့် မီးရထားလမ်းစီမံကိန်း ပါဝင်




ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန် စီမံကိန်း၌ ရေနက်ဆိပ်ကမ်းနှင့် တရုတ်နိုင် ငံ၊ ယူနန်ပြည်နယ်နှင့် ဆက်သွယ်မည့် မီးရထားလမ်း စီမံကိန်းလည်း ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။ 
ကျောက်ဖြူအထူးစီးပွားရေးဇုန်အားလက်ရှိအချိန်တွင်လျာထားချက်ဦးစားပေး(၁)အနေဖြင့် ကျောက်ဖြူမြို့နယ်၊ ကင်းမြောက်ဒေသ (ဇင်ချောင်းကျေးရွာအုပ်စုနှင့် ကင်းမြောက် ကျေးရွာ အုပ်စု အကြား) တစ်ဆက် တည်း မြေဧရိယာ ၁၅၀၀ မှ ဧက ၂၀၀၀ ခန့် အားလည်းကောင်း၊ ဦးစားပေး (၂) အနေဖြင့် ကျောက်ဖြူခရိုင် ကျောက်ချောင်းတိုက်နယ် အောင်လျပြင်ကျေးရွာအုပ်စုနှင့် ကျောက်နဂါးကျေးရွာအုပ်စုအကြား တစ်ဆက် တည်း မြေဧရိယာ ၃၀၀၀ မှ ဧက ၅၀၀၀ အထိ အားလည်းကောင်း ကွင်းဆင်းလေ့လာ မှုများ ပြုလုပ်၍ လျာထားချက်များထားရှိပြီး စီးပွားရေးဇုန် မြေနေရာများ အပြီးသတ် ရွေးချယ်ပြီးစီးပါက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုအတွက် လိုအပ် သည့်ပစ္စည်း များ တင်သွင်းခြင်းကို ခွင့်ပြုထားပြီးဖြစ်ရာ ယခုအခါ သင်္ဘောသုံးစီး ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

“ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ သယ်ယူခွင့်ကို MIC က ခွင့်ပြုထားပြီးသားပါ။ အခု သင်္ဘောတွေရောက်ေ နပြီ။ သောင်တူးတာ တို့၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေစပြီး သယ်ယူတာပါ” ဟု လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောကြား   ခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး လက်ရှိအချိန်တွင် စီမံကိန်းနယ်မြေ အတိအကျ သတ် မှတ်ခြင်း၊ Gas Turbine များဖြင့် လျှပ်စစ်မီးပေးနိုင်ရန် ခန့်မှန်းကုန်ကျစရိတ်များ တွက်ချက်မှုပြုလုပ်ခြင်း၊ National Master Plan များ ချမှတ်ခြင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဥပဒေပြဋ္ဌာန်းခြင်း တို့ကို ကျောက်ဖြူ  အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် ဂျပန်နိုင်ငံ Nippon Koei Co.,Ltd တို့မှ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရသည်။

“ ကျွန်တော်တို့ မြန်မာ-တရုတ် ပိုက်လိုင်းစီမံကိန်း စောင့်ကြည့်ရေး ကော်မတီအနေနဲ့ အခုရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တာတောင် လျော်ကြေးမရတဲ့တောင်သူတွေ၊ ပိုက်လိုင်းသွယ်တော့လည်း ကိုက်ဘယ်လောက်အတွင်းပဲ လယ်မြေတွေ ပျက်စီးရမယ်ဆိုတာကို သတ်မှတ်ထားတဲ့နေရာထက် ပိုပျက် စီး တာတွေရှိတယ်။ သိရသလောက်ဆိုရင် ဒီရထားလမ်းစီမံကိန်းက ၂၀၁၁ ဧပြီ ကတည်းက MoU ထိုးထား တယ်လို့ သိရတယ်။ ဒီအတွက် တရုတ်က လမ်းကြောင်းတောင် ရှာပြီးပြီလို့လည်း ကြားတယ်။ ဒါပေမယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့က ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ တောင်သူတွေ တွေ့ဆုံပွဲမှာ တရုတ်ဘက်က တာဝန်ရှိသူတွေကတော့ လက်ရှိစီမံ ကိန်းတွေ ကိုတောင် တောင်သူတွေသဘောတူမှ ဆက်လုပ်မယ်ဆိုတာကို အတိအလင်း ပြောထား တာတော့ ရှိပါတယ်” ဟု လည်း စိမ်းရောင်စို (မန္တလေး) မှ ဦးတင်သစ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လတ်တလော အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန် သုံးခု ရှိနေပြီး အဆိုပါဇုန်များမှာ ထားဝယ်၊ သီလ၀ါနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တို့ဖြစ်ကာ ကုလားဂုတ်၊ ဘုတ်ပြင်း စသည့်အထူးစီးပွားရေးဇုန် ပါဝင်သည့် ရေနက်ဆိပ်ကမ်းများကိုလည်း အကောင် ထည်ေ ဖာ် ဆောင် ရွက်နိုင်ရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။ 
 
ref:EMG

No comments:

Post a Comment