Wednesday 31 October 2012

ဒိန်းမတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၄ ရက်တွင် လာရောက်မည်

ဒိန်းမတ်ဝန်ကြီးချုပ် Ms. Helle Thorning-Schmidt သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၄ ရက်နေ့တွင် လာေ ရာက်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒိန်းမတ်သံရုံး၏ အောက်တိုဘာလ ၃၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒိန်းမတ်ဝန်ကြီးချုပ် Ms. Helle Thorning -Schmidtသည်၎င်း၏မြန်မာနိုင်ငံခရီးစဉ် အတွင်း နေပြည်တော်နှင့် ရန်ကုန်သို့ သွားရောက်မည်ဖြစ်ပြီး ရန်ကုန်တွင် ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း တို့နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်မည်ဖြစ်ကြောင်းနှင့် ဒိန်းမတ်နိုင်ငံ၏ ကိုယ်စားလှယ်ရုံးကို တရားဝင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းသည် နေပြည်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
ref:EMG

No comments:

Post a Comment