Wednesday 31 October 2012

ပုဂံညောင်ဦးဒေသတွင် ပြည်တွင်းပြည်ပခရီးသွားအများ အပြားဝင်ရောက် လျက်ရှိရာ ဟိုတယ်အခန်းနှင့် ဧည့်လမ်းညွှန်လိုအပ်ချက်များကြုံတွေ့နေ

 
 
ပြည်တွင်း၊ ပြည်ပ ခရီးသွားအများအပြားဝင်ရောက်လျက်ရှိရာ ပုဂံညောင်ဦးဒေသ တွင် နိုဝင်ဘာလ မှစ တင်၍ ဟိုတယ်အခန်းနှင့် ဧည့်လမ်းညွှန်စီစဉ်ရသည့်အခက်အခဲများ ခရီးသွားလုပ်ငန်းတချို့ကြုံတွေ့နေရပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

''နိုဝင်ဘာလထဲမှာ ဟိုတယ်အခန်းရဖို့ရော၊ ဧည့်လမ်းညွှန်ရဖို့ရောခက်ခဲသွားပြီ'' ဟု ဒေသခံခရီးသွား လုပ်ငန်း ကိုယ်စားလှယ်တစ်ဦးက ပြောပါသည်။

ခရီးသွားလုပ်ငန်းတချို့မှာ ခရီးသည် လက်ခံရရှိမှု အလွန်အမင်း များပြားခြင်းမရှိသေးသည့်တိုင် ဒေသတွင်း ဧည့်လမ်းညွှန်နှင့်အခန်းစီစဉ်ရသည့် အခက်အခဲများဖြစ်လာနိုင်သည့် နိုဝင်ဘာလအတွက် ခရီးစဉ်များ ထပ်မံ လက်ခံခြင်းမပြုလုပ်တော့ဘဲ ချင့်ချိန်ဆောင်ရွက်လျက်ရှိသည်။

''ဒေသတွင်း ဧည့်လမ်းညွှန် Station guide အများစုကလည်း လိုအပ်ချက်အရ Through-out guide တွေ အဖြစ်လိုက်နေရတယ်''ဟု ပုဂံဇုန် ဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ရန်ကုန်ရှိ ခရီးသွားလုပ်ငန်းကုမ္ပဏီတချို့ ပုဂံဇုန် မှ ဧည့်လမ်းညွှန်များ Station guide များကို Through- out guide အဖြစ် ခေါ်ယူအသုံးပြုမှုများ ယခုနှစ်အတွင်း များလာကြောင်း သိရသည်။


ref:EMG

No comments:

Post a Comment