Wednesday 31 October 2012

မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ်နှံထားဟုဆို

ပြည်ပဘဏ်များတွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အနည်းဆုံးဘဏ် စာရင်းငါးခုဖြင့် အမေရိကန်ဒေါ်  လာခြောက်ဘီလီယံအပ်နှံထားကြောင်းဝါရှင်တန်အခြေစိုက်နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများ စောင့်ြ ကည့်ေ န သည့်အဖွဲ့ (BIC)မှ မန်နေဂျာ Jelson Garcia ကပြောကြားသည်။

''စာရင်းဖွင့်ထားတာတော့ အမှန်ပဲ။ ဘယ်လောက်ဆိုတာ တိတိကျကျပြောဖို့ မလွယ်ဘူး။ ဒီထက်တော့ မကနိုင်ဘူး''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းကပြောသည်။

ပြည်ပ၌ ငွေစာရင်းဖွင့်လှစ်ရခြင်းမှာ ပြည်တွင်းမှပို့ကုန်သွင်းကုန်လုပ်ငန်းများ၊အစိုးရ၏ပို့ကုန်သွင်းကုန်လုပ် ငန်း များ လုပ်ကိုင်ရန်အတွက်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းကဆိုသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများပြုလုပ်နေသည့် ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ စသည့်နိုင်ငံ များရှိ ဘဏ်များတွင် ဖွင့်လှစ်ထား ခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားသည်။
 
ref:7daynews

No comments:

Post a Comment