Friday 7 September 2012

ခင်ပွန်းသည်ကို နောက်သက်တမ်း တစ်ကြိမ် တိုးပေးရန် မဲဆန္ဒရှင်များသို့ Michelle Obama မှ တောင်းဆို

From- MRTV-4

လက်ရှိ အမေရိကန် သမ္မတ ဖြစ်သူ၏ ဇနီးသည်မှ အမေရိကန်ရှိ ဆန္ဒ မဲပေးသူများကို လာမည့် သမ္မတ သက်တမ်းအတွက် အိုဘားမားကို ဆက်ပြီး မဲပေးကြရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။
 အင်္ဂါနေ့က မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွင် ပြုလုပ်သော ဒီမို ကရက်တစ် အမျိုးသား အဆင့် စည်းရုံးပွဲ မိန့်ခွန်းတွင် ယခုလို ပြောကြား ခဲ့ခြင်း ဖြစ်ကာ သူမနှင့်သူမ၏ ခင်ပွန်းသည်တို့မှာ ငွေကြေး သိပ်ပြီး မပြည့်စုံသော မိသားစုမှ ဆင်းသက် လာခြင်း ဖြစ်ပြီး သူမတို့ နှစ်ဦးလုံးမှာ မနှိုင်းယှဉ်နိုင်သည့် ချစ်ခြင်းတရားနှင့် ကြီးမားသည့် စွန့်လွှတ်မှုများ ကို ပေးဆပ်ခဲ့ရကြောင်းလည်း ပြောကြား သွားခဲ့သည်။ ယခုလို ကြီးပြင်းလာမှုကြောင့် အလည်အလတ် တန်းစား မိသားစုများ၏ ဘဝ အခြေအနေကို နားလည်ပါကြောင်းနှင့် သူမတို့ နှစ်ဦးမှာ ကျောင်းမှ အကြွေးများကို ပေးရင်းဖြင့် အိမ်ယာ ထူထောင်ခဲ့ ကြခြင်း ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။ ထို့အပြင်သမ္မတ အနေဖြင့်လည်း ၎င်း၏ မေတ္တာတရားမှာ ယခင်က ယခုအချိန်အထိ မပြောင်းလဲခဲ့ ပါကြောင်း ကိုလည်း ပြောကြား သွားခဲ့သည်။

No comments:

Post a Comment