Friday 7 September 2012

ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် စစ်တွေသို့ရောက်ရှိ

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် စစ်တွေမြို့သို့ရောက်ရှိသည်။

 ဒေါက်တာမျိုးမြင့်ခေါင်းဆောင်သည့် ကော်မရှင်တွင် အဖွဲ့ဝင်ပေါင်း ၂၇ဦးရှိသည့် အနက် ၁၉ ဦးလိုက်ပါလာပြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့က စစ်တွေလေဆိပ်မှ ကြိုဆိုသည်။

ကော်မရှင်သည် စစ်တွေ၊ကျောက်တော်၊မြောက်ဦး၊ရသေ့တောင်၊မောင်တော၊ပေါက်တော ၊တောင်ကုတ်၊ရမ်းဗြဲနှင့်ကျောက်နီမော် တို့တွင် စုံစမ်းစစ်ဆေးမှုများကို စက်တင်ဘာ ၇ ရက်မှ ၁၆ ရက်နေ့ထိဆောင်ရွက်သွားမည်ဖြစ်သည်။

RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအ၀င် လေးဦးတို့ စက်တင်ဘာ ၉ရက်နေ့တွင် စစ်တွေ သို့ ဆက်လက် ရောက်ရှိကာ လက်ရှိ အဖွဲ့နှင့်ပူးပေါင်းဆောက်ရွက်သွားမည်ဖြစ်ပြီး ကျန်ကော်မရှင်အဖွဲ့ဝင်များမှာ လာရောက်နိုင်တော့ မည်မဟုတ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင်းပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် သြဂုတ်လ ၁၇ ရက်နေ့က ဖွဲ့စည်းတာဝန်အပ်နှင်းထားပြီး၊ ငြိမ်းချမ်းရေးအတွက် ရေတိုရေရှည် လုပ်ဆောင်ရမည့်နည်းလမ်းများ၊ကိုးကွယ်သည့်ဘာသာမတူညီသော လူမျိုးစုများအကြား ယှဉ်တွဲနေ ထိုင်ေ ရး   နှင့် ဆောင်ရွက်သင့်သည်များကို ရက် ၃၀ အတွင်းသမ္မတထံသို့ပြန်လည်တင်ပြရမည်ဖြစ်သည်။

ref:mizzima

No comments:

Post a Comment