Friday 7 September 2012

LOW PRESSURE TROUGH LINE နှင့် မိုးလေဝသအခြေအနေ

 
စက်တင်ဘာလ ၇ ရက် မြန်မာစံတော်ချိန် နံနက် ၀၀၃၀ နာရီ(6SEP-1800 UTC)တွင် ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ ထုတ်ပြန်သည့် မိုးလေဝသ မြေပုံအရ Low Pressure Trough Line (မြန်မာမိုးဇလမှ   လေဖိအားနည်း မြောင်တန်းဟုခေါ်မည်ထင်ပါသည်)သည် တောင်ဘက်သို့ ရွေ့လျားလာနေသည်ကို တွေ့ရပါသည်။ ပြီးခဲ့သည့် နှစ်များမှ လေ့လာချက်များအရ LPTL(Low Pressure Trough Line) တောင်ဘက်သို့ ဆင်းလာပြီးမကြာမီကာလမှာပင် မုတ်သုံလေ စတင်ဆုတ်ခွာပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းများ ဖြစ်ပေါ်တတ် သည်ကို တွေ့ရှိရပါသည်။
ထိုင်းမိုးလေဝသ မြေပုံအရ တနင်္သာရီတောင်ပိုင်းနှင့် ဆက်စပ်လျှက်ရှိသည့် ကပ္ပလီပင်လယ်ပြင်တွင် LPTL ၏ ကုန်းတွင်း လေဖိအားနည်းဆဲလ် တစ်ခုကို တွေ့ရရှိရပြီး အမြင့်ပေအလိုက် လေစီးကြောင်း ဖြစ်ပေါ်မှု အခြေအနေကို CIMSS Real-time Steering Layers များတွင် လေ့လာကြည့်ရာ အမြင့်ပေ ၂၁၀၀ အောက်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် အခြေအနေကို တွေ့ရပါသည်။

LPTL မှာ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့ကို ဖြတ်သန်းပြီး ဗီယက်နန်နိုင်ငံ အလယ်ပိုင်းအထိ သွယ်တန်းရောက်ရှိနေသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်တွင် အောက်ပါအတိုင်း ကြေငြာထားကြောင်း တွေ့ရပါသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် ရှမ်းပြည်နယ်နှင့် ကယားပြည် နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်ဖြစ်ပါသည်။
 
 
ref:mmweather blog

No comments:

Post a Comment