Friday 7 September 2012

ပြည်ပမှတရားမ၀င်တင်သွင်းသော ကွမ်းစားဆေးများတွင် ကင်ဆာဖြစ်နိုင်သော ဓာတုပစ္စည်း ၂၈ မျိုးပါဝင်

From- KDN


ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးမှ အထွေထွေနှင့် အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာဇော်သန်းထွန်း က ပြော သည်။ “အရင်တုန်းက မြန်မာနိုင်ငံမှာ ကွမ်းစားတဲ့သူတွေ က ဆေး ရွက်ကြီးတို့၊ ထုံးတို့၊ ရှားစေးတို့နဲ့ပဲ စားပေမယ့် နောက်ပိုင်း ကျတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေက တစ်ဆင့် ကွမ်းစားဆေး အမျိုးမျိုးက မြန်မာနိုင်ငံထဲကို ဝင်လာတယ်။ ဆေးရွက်ကြီး မှာ ပါတဲ့ ဓာတ်က လူကို ကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာ လူအများစုက သိကြပေမယ့် ကွမ်းစားဆေးတွေမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေရဲ့ အန္တရာယ်ကိုတော့ သိတဲ့မြန်မာနိုင်ငံနှင့် အိမ်နီးချင်းဖြစ်သော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ တရားမဝင် တင်သွင်းလာသည့် ကွမ်းစားဆေး များတွင် လူကိုအန္တရာယ် ဖြစ်စေသော အာဆင်းနစ်ဓာတ်နှင့် ကင်ဆာရောဂါ ဖြစ်စေနိုင်သော ဓာတုပစ္စည်း ၂၈ မျိုးခန့် ပါဝင်လျက်ရှိကြောင်း စမ်းသပ်စစ်ဆေး တွေ့ရှိရသည်ဟု အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။ ကွမ်းယာကို မြန်မာနိုင်ငံသားများ အနေဖြင့် ရှေးရိုးအစဉ် အလာအရ စားသုံးလာခဲ့ကြသော်လည်း ကွမ်းယာတွင် ပါဝင်သော ကွမ်းသီး၊ ထုံးနှင့် ကွမ်းစားဆေး များကြောင့် ဖြစ်သော အန္တရာယ်ကို သိရှိသူ နည်းပါးသည့်အပြင် အိမ်နီးချင်းနိုင်ငံများမှ တရားမဝင် ဝင်ရောက်လာသည့် ကွမ်းစားဆေးများကို ဖမ်းဆီးထိန်းချုပ်မှုမှာလည်း အားနည်းလျက်ရှိကြောင်း ၎င်းက ပြောသည်။ ဓာတ်ခွဲစမ်းသပ်မှုများအရ ကွမ်းယာတွင် ပါဝင်သော ကွမ်းသီးတွင် အရီကိုလင်း၊ ပိုင်လိုကာပင်နှင့် မတ်စကရင်း ဟုခေါ်သော အယ်လ်ကာလွိုက် စသည့် ဓာတုပစ္စည်းသုံးမျိုး ပါဝင်သည့်အပြင် ထိုဓာတုပစ္စည်းများသည် စိတ်ကိုပြောင်းလဲစေသည့်အာနိသင်ရှိကြောင်း၊ကွမ်းသီး အား ရေရှည်ဝါးပါက နှလုံးသွေးကြောဆိုင်ရာ ရော ဂါများ ဖြစ်စေလာနိုင်သည့်အပြင် ဘေးထွက်ဆိုးကျိုးများ အနေဖြင့် ရင်တုန်ခြင်း၊ ခန္ဓာကိုယ်ပူနွေးခြင်း၊ လက်ကောက်ဝတ် သွေးကြောများ သွေးခုန်မြန်ခြင်း၊ ချွေး အလွန်ထွက်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ အလားတူ ကွမ်းစားဆေးများကို ဓာတ်ခွဲစမ်း သပ်ချက်အရ ကင်ဆာရောဂါ ဖြစ်စေနိုင်သော ကာစီနိုဂျင်ဓာတ်ပေါင်း ၂၈ မျိုး ပါဝင်နေသည့်အပြင် လူကို အန္တရာယ် ဖြစ်စေနိုင်သော ခရိုမီယမ်၊ နီကယ်လ်နှင့် အာဆင်းနစ်ဓာတ်များ ပါဝင်သည်ကိုတွေ့ရပြီး ကွမ်းစားဆေးများကို စားသုံးသူများ အနေဖြင့် ရေရှည်နှလုံးရောဂါ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ သရက်ရွက်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာနှင့် အစာအိမ်ကင်ဆာများ ဖြစ်ပွားနိုင်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ တင်သွင်းသော ကွမ်းစားဆေး များတွင် ယခင်က အာရဗီနှင့် ဟိန္ဒူဘာသာများဖြင့် ရေးသားထားသည့် ကွမ်းစားဆေးများကို စားသုံးခြင်းဖြင့် ခံတွင်းကင်ဆာနှင့် လည်ချောင်းကင်ဆာများ ဖြစ်ပွားနိုင်သည်ဟူသော သတိပေးစာများ ပါဝင်သော်လည်း ယခုအခါ ကွမ်းစားသူများ ပိုမိုသတိပြုမိစေရန်အတွက် ခံတွင်းကင်ဆာ သရုပ်ဖော်ပုံ များဖြင့်ပါ ကွမ်းစားဆေးဘူးများတွင် ထည့်သွင်းဖော်ပြလာကြောင်း၊ သို့ရာတွင် ကွမ်းစားခြင်းကြောင့် ကင်ဆာဖြစ်ပွားနိုင်သည်ဟု ထည့်သွင်း ကြေညာခြင်း ပြုလုပ်ထားသော်လည်း မြန်မာနိုင်ငံ၌မူ ကွမ်းစား သူဦးရေမှာ နှစ်စဉ်လျော့ကျလာခြင်း မရှိသည့် နည်းတူ ခံတွင်းကင်ဆာ၊ လည်ချောင်း ကင်ဆာနှ င့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားသူ ဦးရေမှာလည်း ပိုမိုများပြားလာကြောင်း၊ သူနည်းတယ်။ ကွမ်းစားဆေးတွေကို ဓာတ်ခွဲစမ်းသပ်တဲ့အခါမှာ အန္တရာယ်ဖြစ်စေတဲ့ ဆေးရွက်ကြီးအပြင် အခြားဓာတ်ပစ္စည်းတွေ အများကြီး ပါဝင်နေကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment