Friday 7 September 2012

မျက်မှန်စိမ်းတပ်ခံလိုက်ရပြီလား ၈၈၈၈

အခုတလော
ပြည်တော်ပြန်တွေ
ပြည်ပ အတိုက်အခံတွေ
ပြည်ပ ရောက်နေသူတွေ
ပြည်ပ မီဒီယာတွေ
အတိုက်အခိုက်ခံနေရ
ခွဲခြားဆက်ဆံနေရတာ
မြင်နေကြားနေရတယ်။

အဲဒီထဲကမှ
၈၈တွေ ပါတယ်ဆိုတော့
စိတ်မကောင်းစရာပဲ
ဒါကကြားကောင်းအောင်
ပြောတာပါ။
ခံပြင်းတယ်ဆိုရင်
ပိုမှန်မယ်။

အဲဒီ
တိုက်တဲ့ပါးစပ်တွေ
မျက်မှန်စိမ်းအတပ်ခံလိုက်ရတဲ့
မျက်လုံးတွေ
ပွင့်လာနိုင်ဖို့
အားထုတ်ခဲ့ကြတဲ့
သူတွေထဲမှာ
ဘယ်သူတွေပါလဲ။
အနှစ် ၂၀လောက် နှိပ်စက်ခံရလို့
အတိတ်များမေ့သွားကြလေသလား။

အထူးသဖြင့်
မြန်မာပြည်အရေး
ဘာအရေးမှန်သမျှ
ဘာကြောင့်ပဲဖြစ်ဖြစ်
တိုင်းပြည်ချစ်တဲ့သူတိုင်း
တိုင်းပြည်ကိုလွတ်မြောက်လိုသူတိုင်း
သာမန်အလုပ်သမားကအစ
အားတဲ့စနေ တနင်္ဂနွေလို့နေတွေမှာတောင်
တတ်စွမ်းသမျှ
လုပ်တဲ့သူတွေ ရှိခဲ့တယ်
မစော်ကားကြပါနဲ့ ။
ထောင်ထွက်ရယ်
လက်နက်ကိုင်ရယ်
ပြည်ပ ရောက်ရယ်နဲ့
ပြည်တွင်းမီဒီယာရယ်
ပြည်ပမီဒီယာရယ်
ခင်ဗျားတို့ခွဲနေရင်
ကျွန်သက် ထပ်ရှည်အုန်းမှာ
သေချာတယ်။

မြန်မာပြည်အရေး
နိုင်ငံတကာသိအောင်
ဘယ်သူတွေကလုပ်ခဲ့တယ်
ဘယ်မီဒီယာက လုပ်တယ်လို့
ကက်ကက်လန်ပြောနေစရာမလိုဘူး
မရင့်ကျက်သေးတာ
မပြည့်ဝတာ ပေါ်ရုံပဲ ရှိမယ်။
လူတိုင်း ပြည်ပ ပြည်တွင်း မိဒိယာများ
တတ်စွမ်းသရွေ့ တာဝန်ကျေခဲ့ကြတယ်။

အဲဒီ ၈၈ဆိုသူတွေဟာ
အမှားတွေရှိခဲ့လိမ့်မယ်
ဒါပေမဲ့
သူတို့မှာလည်း သမိုင်းရှိခဲ့တယ်
သူတိုမှားရင် သူတိုသမိုင်းက
ဒဏ်ခတ်လိမ့်မယ်
ခင်ဗျားတို့ ခွဲခြားဆက်ဆံ ဒဏ်ခတ်ခွင့်မရှိဘူး။

အခုအချိန်မှာ
၆၂ထဲက ဖိနှိပ်လာသူတွေကိုတောင်
ခင်ဗျားတို့
လက်ဆွဲနှုတ်ဆက်
အပြုံးပန်းဝေနိုင်သေးတာ
ကျောင်းသားချင်းမှ
ဆော်မယ် နှက်မယ်
ခွဲမယ် ဖြဲမယ် လုပ်တာ
တကယ်ပဲ နိုင်ငံေ၇းရေချိန်နှိမ့်ပါးအောင်
အလုပ်ခံရပြီလား စဉ်းစားစရာဖြစ်ခဲ့တယ်။

တကယ်တော့
အခုချိန်ဟာ
သွေးခွဲစကားပြောဖို့ မလိုဘူး။
၈၈ချင်းတွေဖို့တောင်မှ
တွေ့ ဖို့ မဲခွဲရတယ်ဆိုတော့
ီဒီအတွေးအခေါ်တွေနဲ့
တိုင်းပြည်ဦးဆောင်ဖို့
နိုင်ငံရေးသိဖို့
ကြိုးစားဖို့လိုနေသေးတယ်လို့
ဆိုရလေမလားပဲ။

ဒိလိုဆိုရင်
၈လေးလုံးကို
၁၀သိန်းသဒ္ဓါကြေးပေးတော့
၈၈တွေအားလုံးစုပြိး(တဖွဲ့တည်းမဟုတ်)
မဲခွဲယူခဲ့ ကြလို့လား။

ငြိမ်းချမ်းရေးဖြစ်စဉ်
ခေါင်းစဉ်လှလှလေးတပ်
အသုံးတော်ခံ
ပြဇာတ်ကဖို့ကော
မဲခွဲခဲ့ကြသေးလား။

၈၈ဆိုတာ
လှည်လှေနေအောင်း
မြင်းဇောင်းမကျန်
လူတိုင်းပိုင်ဆိုင်တဲ့ သင်္ကတပါ။
၈၈မျိုးဆက်ဆိုတာလည်း
လူတစုပိုင် ကုမ္ပဏီနံမည်မဟုတ်ပါ။

(၈၈၈၈ကိုပိုင်ဆိုင်တဲ့ ရဲဘော်များ အကိုများ အမများ မျှဝေခံစားနိုင်ရန်)

No comments:

Post a Comment