Friday 7 September 2012

ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်က ပြန်လည်ဖြေကြားခြင်း

"ယခုအခါ လွှတ်တော်က ဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အဖြစ်မှန် အချက်အလက်များပေါ်တွင် ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် ဝေဖန်သုံးသပ်မှုများ၊ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည့် ဖော်ပြချက်များ၊ ဝေဖန်သုံးသပ်မှုများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ခံစားရသကဲ့သို့ ခံစားခွင့်များ ရရှိနေလို သည့် ပုံစံမျိုးများဖြင့် နိုင်ငံပိုင် သတင်းစာများ၊ သတင်းမီဒီယာများ၊ Internet Website များမှ တစ်ဖက်သပ် ဝေဖန်တိုက်ခိုက်မှုများကို ပြည်ထောင်စုလွှတ်တော်တစ်ရပ်လုံးနှင့် လွှတ်တော် ကိုယ်စားလှယ်များအားလုံးက သိရှိနားလည် သဘောပေါက်လျက်ရှိပါကြောင်း၊ ယင်းကဲ့ သို့ ရေးသားေ ဖ်ာပြနေခြင်းသည် ပြည်သူများနှင့် လွှတ်တော်များအကြား ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ် များအကြား အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက်စေရန် ရည်ရွယ်ချက်ထားပြီး ရေးသားဖော်ပြ တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း၊ လွှတ်တော်များ၏ ကဏ္ဍသည် ဒီမိုကရေစီနိုင်ငံတော်သစ်၏ အဓိက မဏ္ဍိုင်ကြီးတစ်ခု ဖြစ်ပါကြောင်း၊ လွှတ်တော်များ၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် ဆောင်ရွက်နေခြင်းသည် ဒီမိုကရေစီနိုင်ငံတော်သစ်၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းကို လွှတ်တော် ကိုယ်စားလှယ်များ အားလုံးက သဘောထားရှိပါကြောင်း၊ မိမိတို့ လွှတ်တော်များ သည် ပြည်သူသန်း(၆၀)ကို ကိုယ်စားပြုထားသည့် လွှတ်တော်များဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဂုဏ်သိက္ခာကို ကျဆင်းစေရန် နည်းမျိုးစုံဖြင့် တိုက်ခိုက်နေခြင်းသည် ပြည်သူလူထုကို စော်ကားတိုက်ခိုက်နေခြင်း ပင် ဖြစ်သည်ဟု လွှတ်တော်က သဘောထားပါကြောင်း၊ လွှတ်တော်နည်းတူ ပြည်သူများကလည်း နားလည်သဘောပေါက် နေကြပါကြောင်း၊ ထို့ကြောင့် ယင်းကဲ့သို့ လုပ်ဆောင်မှုများအတွက် ပြည်သူများ၏ ဒဏ်ခတ်ခြင်းကို ခံကြရမည်ဖြစ်ကြောင်း" ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေး မှူး ဒေါက်တာစိုးရင်ကပြောကြားသည်။

စက်တင်ဘာ ၆ ရက် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးပွဲတွင
် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန် ၏ "လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် နည်းမျိုးစုံဖြင့် တိုက်ခိုက်နေခြင်းသည် ပြည်သူလူထုကို စော်ကားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိခြင်း ရှိ/မရှိ၊ သိရှိပါက ယင်းကဲ့သို့ ဆောင်ရွက်နေမှုများအပေါ် လွှတ်တော်ကမည်ကဲ့သို့ သဘောထား သည်"ဆိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေး မှူး ဒေါက်တာစိုးရင် က ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment