Friday 7 September 2012

မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရလာချိန်တွင် ဖျက်ချခိုင်းသူအား တူရကီအမျိုးသမီး သတ်ဖြတ်

From- Planet
(နာဗင် ယီလ်ဒါရင်မ်နှင့် သူမ သတ်ဖြတ်ခဲ့သည့် နာရက်တင် ဂီဒါ)

တူရကီနိုင်ငံတွင် အမျိုးသမီး တစ်ဦးသည် မိမိကို မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရလာချိန်တွင် ဖျက်ချခိုင်းသူအား သေနတ်ဖြင့် ပစ်သတ်ကာ ခေါင်းဖြတ်ခဲ့ကြောင်း သိရှိရသည်။ အသက်(၂၆)နှစ်ရှိ နာဗင် ယီလ်ဒါရင်မ်သည် ယခုအခါတွင် လူသတ်မှုဖြင့် စွဲချက်တင်ခြင်း ခံထားရပြီ ဖြစ်သည်။ သူမက မုဒိမ်းသမားဟု စွပ်စွဲထားသူကို ပြီးခဲ့သည့် သီတင်းပတ်က တူရကီ အနောက်တောင် ပိုင်းရှိ ကျေးရွာတစ်ခု မှ နေအိမ် တွင် သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
နာဗင်သည် ကလေး(၂)ဦး ရှိနေပြီး သူမသတ်ဖြတ်ခဲ့သူနှင့် ရခဲ့သည်ဟုဆိုသော ကိုယ်ဝန် (၅)လကိုလည်း လွယ်ထားရသည်။ သူမသည် မုဒိမ်းသမားအဖြစ် စွပ်စွဲခဲ့သူ နာရက်တင် ဂီဒါ၏ ခေါင်းကို ဖြတ်ယူလာကာ ယယ်လ်ဗက်ရွာလေး၏ ရွာလယ်မြေကွက်လပ်တွင် စွန့်ပစ်ထားခဲ့သည်။
(နာဗင် ယီလ်ဒါရင်မ်အား ဖမ်းဆီးလာစဉ်)

နာဗင်က သူမကို နာရက်တင်က ကိုယ်ဝန်ဖျက်ချရန် ပြောဆို ခဲ့သော် လည်း (၁၀)ပတ်ထက် ပိုသော ကိုယ်ဝန်ကို ဖျက်ချရန် အန္တရာယ် များကြောင်း သတ်မှတ်ချက်ထက် (၄)ပတ်မျှ ကျော်နေပြီ ဖြစ်ခြင်းေ ကြာင့် သူမက ငြင်းဆိုခဲ့ကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။ သူမ၏ ခင်ပွန်းဖြစ် သူက ရာသီပေါ် အလုပ်တစ်ခုအတွက် နေအိမ်မှ ထွက်ခွာသွား စဉ် နာရက်တင်က သူမအား သေနတ်ပြကာ မုဒိမ်းကျင့် ခဲ့ပြီး အကယ်၍ ယင်းကိစ္စကို ပြန်ပြောပါက အသက်(၂)နှစ်နှင့် (၆)နှစ်ရှိ သူမ၏ ကလေးများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်းလည်း နာဗင်က ဆိုသည်။ နာရက်တင်သည် နာဗင်အား ဩဂုတ်လ (၂၈)ရက်နေ့ထိ မကြာခဏ မုဒိမ်းကျင့်နေခဲ့ပြီးနောက် နာဗင်သည် အပြောင်းအလဲ တစ်ခုကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။
(နာရက်တင် ဂီဒါ၏ ဦးခေါင်းပြတ်အား တွေ့ရစဉ်)

လူသတ်မှု ဖြစ်မည့်နေ့တွင် နာရက်တင်သည် သူမ၏ အိမ်နောက်ဘက် ခြံစည်းရိုးကို ကျော်ဝင်လာပြီး နာဗင်က သေနတ်ဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။ နာရက်တင်သည် ၎င်း၏ သေနတ်ကို သွားယူရန် ကြိုး စားစဉ် နာဗင်က နောက်တစ်ချက် ထပ်ပစ်ခဲ့သည်။ "ဒီတစ်ခါ ကျွန်မ ပစ်လိုက်တာက သူ့လိင်အင်္ဂါကိုပါ။ သူ့အသံ တိတ်သွားတယ်။ ကျွန်မသိလိုက်တယ်လေ။ သူသေသွားပြီ ဆိုတာကို။ အဲဒီနောက်မှာ ကျွန်မ သူ့ခေါင်းကို ဖြတ်လိုက်တယ်"ဟု နာဗင်က ရဲများထံတွင် ထွက်ဆိုခဲ့သည်။ ရဲများ၏ အဆိုအရ နာဗင်သည် နာရက်တင်ကို သေနတ်ဖြင့် (၁၀)ချက်မျှ ပစ်ခတ်ထားပြီး ပေါင်ခြံတစ်ဝိုက်တွင် အချက်ရေ အတော်များကြောင်း သိရှိရသည်။ ထို့အပြင် သေဆုံးနေချိန်တွင်ပင် နာရက်တင်သည် ဝမ်းဗိုက်ကို ဓားဖြင့် အထိုးခံထားရသေးရာ နာဗင်၏ နာကျည်းနေမှုကို သိသာထင်ဟပ်စေခဲ့သည်။
ထို့နောက် နာဗင်သည် မုဒိမ်းသမား၏ ဦးခေါင်းကို ဆံပင်မှ ဆွဲကာ သွေးအလိမ်းလိမ်းဖြင့်ပင်ရွာလယ်ကွင်းပြင် တွင် စွန့်ပစ်ခဲ့သည်။ ထိုအချိန်တွင် သူမကို လူအများက ထိတ်လန့် တကြား စောင့်ကြည့်နေခဲ့ကြသည်။ သူမက ကော်ဖီဆိုင် တစ်ဆိုင်ထဲတွင် တုန်တုန်လှုပ် လှုပ် ငေးကြည့်ေ န သူများအား "ကျွန်မ နောက်ကွယ်ကနေ အတင်းမပြောပါနဲ့။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ မကစားပါနဲ့။ ဟောဒီမှာ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ကစားမိတဲ့လူရဲ့ ခေါင်းပဲ"ဟုဆိုကာ နာရက်တင်၏ ခေါင်း ကို ပြသသွားသေးသည်။ နာရက်တင်၏ ဦးခေါင်းကို မြေကြီးပေါ်တွင် သွေးအလူးလူး ရှိနေပုံက ဒေသခံ DHA သတင်းဌာနက ဖော်ပြခဲ့သည်။
(အခင်းဖြစ်ပွားရာ နေရာတွင် တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်များ)

နာဗင်က သူမ အိပ်စက်နေချိန်များတွင် နာရက်တင်က အခန်းထဲ ခိုးဝင်လာခဲ့သလို သူမ၏ အဝတ်ဗလာနှင့် ပုံများကို ဓာတ်ပုံရိုက်ယူကာ ခြိမ်းခြောက် အနိုင်ကျင့်ခဲ့ကြောင်းလည်း ဆိုသည်။ "တစ်ခုခုဆိုရင် အဲဒီအကြောင်း လူတိုင်းသိအောင် လျှောက်ပြောမယ်လို့ သူက ကျွန်မကို ပြောတယ်လေ"ဟု နာဗင်က ရဲများထံ ထွက်ဆိုခဲ့သည်။ "ကျွန်မသမီးက ဒီနှစ် ကျောင်းစတက်မယ်။ ကျွန်မရဲ့ ရှက်စရာ ကိစ္စကြောင့် ကျွန်မကလေးတွေကို လူတိုင်းက နှိမ်ကြမယ်။ ခုတော့ ဘယ်သူမှ မနှိမ်ရဲတော့ဘူး။ ကျွန်မရဲ့ ဂုဏ်သိက္ခာကို ကျွန်မ ကယ်တင်ခဲ့တာပါ။ ကျွန်မရဲ့ ကလေးတွေဟာ ခုချိန်မှာ ကိုယ့်သိက္ခာကိုယ် အဖတ်ဆည်ခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ကလေးတွေလို့ အသိအမှတ်ပြု ခံရတော့မယ်"ဟုလည်း နာဗင်က ပြောကြားသွားသည်။
(ယယ်လ်ဗက်ကျေးရွာအား တွေ့ရစဉ်)
လက်ရှိတွင် နာဗင်သည် တူရကီ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရပြီး လူသတ်မှုအတွက် စွဲချက်တင်ခံရရန် စောင့်ဆိုင်းနေရသည်။ တူရကီမှ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များကမူ သူမကို သူရဲကောင်း တစ်ဦးနှယ် ချီးကျူးလျှက် ရှိကြသည်။ အသက်(၃၅)နှစ်ရှိ နာရက်တင်သည် နာဗင်နှင့် ဆွေနီးမျိုးစပ် တော်စပ်ပြီး နာဗင့်ခင်ပွန်း၏ အဒေါ်တစ်ဦးကို လက်ထပ်ထားကာ ကလေးနှစ်ဦး ရှိနေကြောင်း သိရသည်။

No comments:

Post a Comment