Friday 7 September 2012

နန်းတော်၊ ကျုံးမြို့ရိုးနှင့် ခံတပ်များကို သမိုင်းဝင်ဥယျာဉ်များ အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိ



မန္တလေးမြို့၊ ရွှေဘိုမြို့၊ ပဲခူးမြို့နှင့် အင်းဝ မြို့ဟောင်းရှိ နန်းတော်များ၊ ကျုံးနှင့် နန်းမြို့ရိုးများ၊ သမိုင်းဝင်ခံတပ်များကို ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အဆင် ပြေချောမွေ့စွာ လေ့လာနိုင်ရေးအတွက် သမိုင်းဝင်ဥယျာဉ် (Historical Park) များအဖြစ် အဆင့်မြှင့်သွားမည် ဖြစ်ပြီး ပြင်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်း လုပ်ဆောင်သွားနိုင်ရန် လုပ်ငန်း တင်ဒါ ဖိတ်ခေါ်ထားကြောင်းသိရသည်။
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက်ဦးစီးဌာန ကြီးကြပ်မှု လက် အောက်ရှိ မန္တလေးမြို့ နန်းတွင်းမှ မြနန်း စံကျော်ရွှေနန်းတော်၊ နန်းမြို့ရိုးနှင့် ကျုံး၊ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာနန်း တော်၊ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ နန်းတော် နှင့် အင်းဝမြို့ဟောင်းရှိ သပြေတန်းခံ တပ်၊ အစေခံခံတပ်နှင့် ဆင်ကျုံး ခံတပ်တို့ ကို Historical Park များအဖြစ် အဆင့် မြှင့်ကာ ၀န်ဆောင်မှု လုပ်ငန်းများကို ဌာနနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။


အထက်ပါနေရာများတွင် ၀န်ဆောင် မှုလုပ်ငန်းများအဖြစ် အနှေးယာဉ်သွား လမ်းများ၊ လူသွားလမ်းများ ဖောက်လုပ် ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ မြေယာ ပြုပြင်ခြင်း၊ Information Centre, Rest Camp လုံခြုံရေးနှင့် သန့်ရှင်းရေး၊ သန့်စင် ခန်းများ ဆောက်လုပ်ခြင်းတို့ ပါဝင် သည်။

ထို့ပြင် ဆိုင်းဘုတ်၊ မြေပုံလမ်းညွှန် များ ပြုလုပ်ထားရှိခြင်းနှင့် မီး၊ အသံ board များဖြင့်အဆင့်မီခင်းကျင်းပြသ ခြင်း၊ စားသောက်ဆိုင်၊ Snack Shop၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ ဖွင့်လှစ်ခြင်း၊ ဧည့်သည်များလှည့်လည် ကြည့်ရှုနိုင်ရန် Guide နှင့် Audio Guide ၀န်ဆောင်မှုပေးခြင်း၊ ရိုးရာယာဉ်၊ ဘက်ထရီသုံးယာဉ်နှင့် အနှေးယာဉ် အမျိုးမျိုး ငှားရမ်းဝန်ဆောင်မှုပေးခြင်း၊ ၀န်ဆောင်မှုလုပ်ငန်း များ အတွက် အခ ကြေးငွေကောက်ခံခြင်းနှင့် ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်း ခြင်းတို့ ပါဝင်သည်။

"လုပ်ငန်းအဆင့်တွေများလို့ ဌာနနဲ့ တင်ဒါတင်တဲ့ လုပ်ငန်းရှင်တွေ ညှိနှိုင်း လုပ်ဆောင်သွားရမှာပါ။ ၀န်ဆောင်မှု ပေးရာမှာ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံတွေကို မထိခိုက်ဖို့၊ မြင် ကွင်းပသာဒဖြစ်ဖို့လည်း စဉ်းစားသွားရ ပါမယ်။ မီးအသုံးပြုကြရမယ့် စားသောက် ဆိုင်တွေဆိုလည်း နေရာကို သေချာ ရွေးချယ်ရတာမျိုး၊ သွားလာရေးအတွက် လည်း သဘာဝပတ်ဝန်းကျင်နဲ့ ညီညွတ် မယ့် ယာဉ်ကိုရွေးချယ်ရတာမျိုးပေါ့။ လုပ်ငန်းရှင်တွေရဲ့ တင်ပြလာတဲ့ စိတ်ကူး စိတ်သန်းကိုကြည့်ပြီး ရွေးချယ်ညှိနှိုင်း သွားကြမှာ ပါ"ဟု ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (မန္တလေး ဌာနခွဲ)မှ တာဝန် ရှိသူတစ်ဦးက ယခုလ ၄ ရက် နေ့က ပြောသည်။

တင်ဒါပုံစံများကို နေပြည်တော်ရှိ ရုံး အမှတ်(၃၅)တွင် အောက်တိုဘာလ ၂၀ ရက်အထိဝယ်ယူနိုင်ပြီး အောက်တိုဘာ လ ၂၅ ရက်နေ့ တွင် တင်သွင်းရမည်ဖြစ် သည်။
 
ref:myanmartimes

No comments:

Post a Comment