Friday 7 September 2012

ငလျင်ဒါဏ်ကြောင်တရုပ်နိုင်ငံတွင် လူ၄၃ဦးသေဆုံး

ယနေ့နံနက် ၁၁နာရီအချိန်ခန့်တွင် တရုပ်နိုင်ငံ အနောက်တောင်ပိုင်း Yunnan နှင့် Guizhouပြည်နယ် အတွင်းတွင် ငလျင်ပြင်းအား ၅.၇ မဂ္ဂနီကျူ့အဆင့်ရှိငလျင်တခုလုပ်ခတ်ခဲ့သောကြောင့် အိမ်ခြေ ၂သောင်းခန့်ပျက်စီးခဲ့ရပြီး လူ၄၃ဦးသေဆုံးခဲ့ရကြောင်း တရုပ်နိုင်ငံပိုင် CCTV မှကြေညာခဲ့သည်။ 

အဆိုပါငလျင်ဖြစ်ပွားရာဒေသမှ ဒေသခံတဦးသည် တရုပ်ပြည်သူအသုံးများသောလူမှုဝက်ဆိုဒ်တ ခုဖြစ်သည့် Sina Weibo စာမျက်နှာတွင် "ကျနော်လမ်းပေါ်မှာလမ်းလျောက်နေစဉ် လမ်းမကြီးက ဆွဲခါလှုပ်ရမ်းနေပါတယ်။ လူတွေရဲ့ကြောက်ရွှံစွာအော်သံတွေနဲ့ အဆောက်အဦးတွေ ကနေပြေးထွက်လာကြတယ်။ ကျနော်အရမ်းတုန်လှုပ်ခြောက်ခြားပြီး ငလျင်လှုပ်နေတုန်းပါဘဲ" လို့ သူ၏ငလျင်လှုပ်ခတ်စဉ်ကြုံတွေ့မှုကို ရေးသားခဲ့သည်။ အခြား Sina Weibo လူမှုရေးဝက် ဆိုဒ်သုံးစွဲသူတဦးကလည်း " ကျနော် ကားမောင်းနေစဉ်မှာ လမ်းမကြီးက သွက်သွက်ခါလှုပ်ရမ်းနေပြီး ကျနော်ကားစတီယာကို အတော်ကြိုးစားပြီးထိမ်းခဲ့ရကြောင်း" ရေးသား ခဲ့သည်။

တရုပ်နိုင်ငံ အနောက်တောင်ဖက်ဒေသသည် ငလျင်မကြာခနလှုပ်ခတ်သောဒေသတခုဖြစ်သည်။ အဆိုပါ တရုပ်နိုင်ငံအနောက်တောင်ဖက်ရှိ Shaanxi နှင့် Gansu ပြည်နယ်တွင် ၂၀၀၈ခုနှစ်အတွင်း ငလျင်ပြင်းအား ၈.၀မဂ္ဂနီကျူ့ အဆင့်ရှိငလျင်ကြီးတခုဒါဏ်ကြောင့် လူပေါင်း သိန်းချီသေဆုံးခဲ့ရသည်။

No comments:

Post a Comment