Friday 7 September 2012

နယူးဇီလန် ငလျင်ကြောင့် ပြိုကျခဲ့သည့် အဆောက်အအုံ အတွက် ဒီဇိုင်းနာ အပြစ်ဖို့ခံရ

From- MRTV-4

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၀၁၁ ခုနှစ်က နယူးဇီလန် နိုင်ငံ Christchurch မြို့တွင် ဖြစ်ပွားခဲ့ရသည့် ငလျင်ကြောင့်ပြိုကျခဲ့သည့် အဆောက်အအုံ အတွက် ဒီဇိုင်နာကို အပြစ်တင်ရမည် ဖြစ်သည်ဟု စုံစမ်းရေး လုပ်ငန်းတွင် ပါဝင်သူ ဥပဒေ ပညာရှင်များမှ ပြောကြား သွားခဲ့သည်။
 ယခုလို ငလျင်ကြောင့် ၆ ထပ် အဆောက်အအုံ တစ်ခုဖြစ်သည့်  Canterbury Television အဆောက် အအုံ ပြိုကျခဲ့ရကာ  အဆောက်အအုံထဲ တွင် ရှိနေသူ ၁၈၅ ဦးထဲမှ သုံးပုံနှစ်ပုံမှာ သေဆုံးခဲ့ရပြီး ယင်းအထဲ တွင် ၂၈ ဦးမှာ ဂျပန် လူမျိုးများ ဖြစ်ကြသည်။ Canterbury Earthquake Royal Commission မှ တာဝန်ရှိသူ တစ်ဦးဖြစ် သည့် Stephen Mills ၏ အပြောအရ ယခုလို ပြိုကျမှု ဖြစ်ရခြင်းမှာ ဒီဇိုင်း ထွင် ဆောက်လုပ်ထားသူ၏ မသေချာမှုကြောင့်သာ ဖြစ်ကြောင်း ဗုဒ္ဓဟူး နေ့က ထုတ်ပြန် ပြောကြားခဲ့သည်။

No comments:

Post a Comment